Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖြစ်ရပ်မှန် အကြောင်းတွေကို အခြေခံရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားများ

$
0
0

ဖြစ်ရပ်မှန်တွေကို အခြေခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားအများစုဟာ သာမန်ရုပ်ရှင်တွေထက် ဇာတ်လမ်းပိုင်းမှာ ပိုမိုအားသာသလို ကြည့်ရှုသူအများစုလည်း အကြိုက်တွေ့လေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်ဇာတ်ကားတွေ ကတော့ အောင်မြင်ပြီးသား Horror ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က ထိတ်လန့်စရာ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။

(၁) Changeling (2008)

ရုပ်ရှင်ထဲမှာတော့ အသက် ၁၁ နှစ်အရွယ် Walter Collins ဟာ ပျောက်ဆုံးသွားပြီး မိခင်ဖြစ်သူ Christine ပြောတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ ကောင်လေးတယောက်ကို ရဲတွေက Christine ကို အပ်ကာအမှုကို အဆုံးသတ်လိုက် ကြပေမယ့် ကောင်လေးဟာ သူ့သားမဟုတ်ဘူးဆိုတာကို သေချာသိနေခဲ့ပါတယ်။

သူမသားငယ်လေးကို ထပ်မံ ရှာဖွေပေးဖို့ ရဲဌာနကို တိုက်တွန်းခဲ့ပေမယ့် အရေးတယူမလုပ်တဲ့အပြင် သူမကို ရူးသွပ်သွားပြီ လို့တောင် စွပ်စွဲခဲ့ ကြပါသေးတယ်။ တကယ့်အဖြစ်အပျက်မှာတော့ ဒီအမှုဟာ လော့စ်အိန်ဂျလိစ်မြို့က ကလေးတွေကိုပဲ သတ်တဲ့ ကွင်းဆက်လူသတ်မှုနဲ့ ဆက်စပ်နေပြီး လူသတ်သမားဟာ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ကို ဖြတ်တောက်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို မြေကြီးထဲမြှုပ်နှံခဲ့တာဖြစ်ပါတယ်။ သက်သေတွေကို ပြန်လည်တွေ့ရှိချိန်မှာ Water Collins ဖြစ်ကြောင်း မှုခင်းဆေးပညာရှင်တွေက ပြောဆိုထားပါတယ်။

(၂)Deliver Us From Evil (2014)

NYPD ရဲ့ စုံထောက်အရာရှိ Ralph Sarchie ရဲ့ အပြင်ကဘဝကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပြီး အမှုတခုကို လိုက်နေတုန်းမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ကြုံတွေ့ခဲ့ပြီး ဒီအဖြစ်အပျက်တွေကို Beware The Night ဆိုတဲ့ စာအုပ်တအုပ်အဖြစ် ရေးသားဖြန့်ချိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ မကောင်းဆိုးဝါး ပူးကပ်ခြင်းကို အဓိကထားရိုက်ကူးထားဖြစ်ပြီး Beware The Night ဆိုတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

(၃) The Conjuring (2013)

Horror ရုပ်ရှင်ပရိသတ်တော်တော်များများ အကြိုက်တွေ့ခဲ့ကြတဲ့ ဒီရုပ်ရှင်ဟာ ၁၉၇၀ ခုနှစ်လောက်က Rhode Island မှာရှိတဲ့ အိမ်မှာ ဖြစ်ခဲ့တဲ့ သွေးပျက်ချောက်ချားဖွယ် ဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။

Ref. https://brightside.me

The post ဖြစ်ရပ်မှန် အကြောင်းတွေကို အခြေခံရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ