Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကွယ်လွန်သူအဆိုတော် မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုပြီး လမ်းနာမည် ပေးမည်

$
0
0

ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့တာ ဆယ်စုနှစ်တခုနီးပါးကြာခဲ့ပြီ ဖြစ်ပေမယ့် ကွယ်လွန်သူ ပေါ့ပ်ဘုရင်ကြီးကို ဂုဏ်ပြုနေကြဆဲ ဖြစ်ပါတယ်။

အခုတော့ အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ သူတို့ ညီအကိုတွေပေါင်းပြီး The Jackson Five အဖွဲ့ကို စတင်တည် ထောင်ခဲ့ရာ နေရာဖြစ်တဲ့ အမေရိကန်နိုင်ငံ Detroit မြို့မှာ ရှိတဲ့ လမ်းတခုကို နာမည်ပေးဖို့ ဆောင်ရွက်ခဲ့ကြပြီ ဖြစ်ပါတယ်။

အေပီသတင်းတခုရဲ့ အဆိုအရ Detroit မြို့လယ်က Randolph Street လမ်းပိုင်းတခုကို Michael Jackson Avenue လို့လာမယ့် ဇွန် ၁၅ ရက်မှာ ကျင်းပမယ့် ပွဲတခုအတွင်းမှာ နာမည်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုမျိုး ဂုဏ်ပြုတဲ့ အခမ်းအနားကိုတော့ အဆိုတော် Jackson ရဲ့ ကျန်ရှိတဲ့ ညီအကိုတွေ ဖြစ်တဲ့ Jackie, Tito, Jermaine နဲ့ Marlon တို့က တက်ရောက်မှာ ဖြစ်ပါတယ်။ သူတို့ဟာ လာမယ့်လအတွင်း ကျင်းပမယ့် Detroit ဂီတဖျော်ဖြေပွဲမှာလည်း ဖျော်ဖြေကြဦးမှာ ဖြစ်ပါတယ်။

ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ဂျက်ဆင်တို့ မိသားစုဟာ မူရင်းက အင်ဒီယားနားပြည်နယ်၊ ဂယ်ရီမြို့က ဖြစ်ပေမယ့် အဆိုတော် ဂျက်ဆင် အသက် ၉ နှစ်သားအရွယ် ၁၉၆၈ ခုနှစ်မှာ Motown ကုမ္ပဏီနဲ့ The Jackson Five အဖွဲ့ လက်မှတ် ရေးထိုးခဲ့ပြီး “I Want You Back” နဲ့ “ABC” လိုမျိုးသီချင်းတွေကို ဖန်တီးခဲ့ပါတယ်။

သူ့တဘဝလုံးကို ပြောင်းလဲသွားစေမယ့် “Off the Wall” အယ်လ်ဘမ် အပါအဝင် အစောပိုင်း တကိုယ်တော် ဖန်တီးမှုတွေကို Motown နဲ့ပဲ ဖြန့်ချိခဲ့ပေမယ့် သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေက Sony ကုမ္ပဏီနဲ့ လက်မှတ်ထိုးပြီး နောက်ပိုင်းမှ ဖြစ်ပါတယ်။ Sony ကုမ္ပဏီနဲ့ လက်တွဲပြီး ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်အဖြစ် စံချိန်တင်ထားတဲ့ “Thriller” အယ်လ်ဘမ်ကို ဖြန့်ချိနိုင်ခဲ့ပါတယ်။

Ref:etcanada

The post ကွယ်လွန်သူအဆိုတော် မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုပြီး လမ်းနာမည် ပေးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)