Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သားလေး ကောင်းသိင်္ခမိုးသူကို ကျောင်းထားလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် မိုးယုစံ

$
0
0

ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာမှ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ မိုးယုစံ တယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာ လှုပ်ရှားမှုတွေမှာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် မိုးယုစံက ချစ်စရာကောင်းတဲ့ သားလေးတယောက်နဲ့ ပျော်စရာ မိသားစု ဘဝလေးကို ရရှိနေသူဖြစ်ပါတယ်။ သားဖြစ်သူ ကောင်းသိင်္ခမိုးသူကလည်း ပရိသတ်အချစ်ကို ရရှိထားတဲ့ သူတယောက် ဖြစ်ပါတယ်။

မိခင်မိုးယုစံက ချစ်စရာသားရဲ့ လှုပ်ရှားမှုတိုင်းကို ကောင်းသိင်္ခမိုးသူ နာမည်နဲ့ Facebook အကောင့်ဖွင့်ကာ တင်ပေး နေတာ တွေ့ရပါတယ်။ အခုလည်း သားကို ကျောင်းထားဖြစ်ပြီဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး မိုးယုစံက “သားလေး အသက် ၈ လ အရွယ် PEOPLE IMPACT ကျောင်းလေးမှာ ကျောင်းစထားလိုက်ပါပြီ။ ဒီကျောင်းက အသက် ၆ လ တည်းက စထားလို့ရတာ သားသားကိုတော့ ၈ လမှ စထားခဲ့တာ” ဆိုပြီး ရေးသားထားပါတယ်။

ကလေးတွေကို အရွယ်လိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိစေရန်နဲ့ မိဘတွေပံ့ပိုးရအောင် ဒီလိုကျောင်းလေးတွေမှာ ထားသင့်ကြောင်း၊ အမြဲဂရုတစိုက်နဲ့ ပြုစုပျိုးနေတဲ့ မိခင်တယာက်ဖြစ်တဲ့ အတွက် သားသမီးကို ပြုစုပျိုးထောင်နေတဲ့ မေမေ တွေကိုလည်း မျှဝေပြောကြားပေးတာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

မိုးယုစံဟာ သားလေးနဲ့ အတူရှိနေပြီး သားလေးပျော်နေတာကြည့်ပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ မိုးယုစံက အနုပညာနဲ့ ဝေးကွာနေပေမယ့် နှင်းဆီအဖွဲ့သားများနဲ့အတူ အငြိမ့်အဖွဲ့မှာတော့ မင်းသမီးတဦးအဖြစ် ပါဝင်ကပြ ဖျော်ဖြေပေးတာကိုတော့ တွေ့ရပါတယ်။

The post သားလေး ကောင်းသိင်္ခမိုးသူကို ကျောင်းထားလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် မိုးယုစံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)