Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မကြာခင် လက်ထပ်တော့မယ့် မင်းသမီး Meghan Markle တော်ဝင်ရင်သွေး လွယ်ထားရပြီလား

$
0
0

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး Meghan Markle တို့ရဲ့ လက်ထပ်ပွဲကို မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး တော်ဝင်မင်္ဂလာပွဲဟာ သူတို့နှစ်ဦးအတွက် တခုတည်းသော သတင်းကောင်း မဟုတ်ဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

သတင်းရင်းမြစ်တခုရဲ့ အဆိုအရ Meghan ဟာ ကိုယ်ဝန်ရှိနေနိုင်တယ်လို့် သူ့သူငယ်ချင်းတွေက ထင်မြင်ရာကနေ စလို့ သူတို့စုံတွဲဟာ ပထမဆုံးရ င်သွေးလေးကို လွယ်ထားရပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုကတော့ “Meghan ဟာ အော့အန်နေပါပြီ” လို့ In Touch မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မင်းသမီးဟာ သူလက်ထပ်ပွဲနေ့မှာ အရာအားလုံးအဆင်ပြေစေဖို့ စစ်ဆေးတဲ့အနေနဲ့ မင်္ဂလာဝတ်စုံကိုလည်း ပြန်လည် ပြင်ဆင်ခဲ့သေးတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

သတင်းရင်းမြစ်တခုက “သူ့အသားအရေက ဖျော့နေပါတယ်၊ ပြီးတော့ မင်းသားဟယ်ရီက သူ့ ဗိုက်ကို ဖွဖွလေး ထိနေတာကို သူငယ်ချင်းတွေက တွေ့ခဲ့ရပါတယ်” လို့ ဆိုပါတယ်။ လက်ထပ်ပြီးမှသာ ကလေးယူဖို့ဆိုတဲ့ ရိုးရာ အစဉ်လာ ရှိနေတဲ့အတွက် အခုလိုမျိုး ရင်သွေးလွယ်ထား ရပြီဆိုတဲ့ သတင်းကို သူတို့နှစ်ဦးက ထိန်ချန်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မင်းသားဟယ်ရီဟာ စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်သူဖြစ်ပြီး Meghan ဟာ သူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ သဘောတရားကို ခံစားမိတဲ့အတွက် ပဋိသန္ဓေတားတာကို သူတို့ ရပ်တန့်လိုက်ကြပါတယ်၊ လအနည်းငယ်အကြာ ကတည်းက ကလေးယူဖို့ ကြိုးစားနေခဲ့ကြတယ် ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေခဲ့တာပါ။

အဲဒီကောလာဟလသတင်းတွေသာ အမှန်ဖြစ်လာမယ်ဆိုသည့်တိုင် အဲဒီသတင်းတွေကို လျှို့ဝှက်ချက် အနေနဲ့သာ ထားရှိရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်မထပ်ခင် ကိုယ်ဝန်ရှိသွားတယ်ဆိုတာကို ဘုရင်မကြီးသာ သိသွားရင် Meghan ကို စိတ်ပျက်သွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။ သတင်းရင်းမြစ် တချို့မှာတော့ ဟယ်ရီနဲ့ Meghan တို့ဟာ သူတို့ လက်ထပ်ပွဲထက် ရင်သွေးလွယ်ထားရတာကိုပဲ ပိုစိတ်လှုပ်ရှားနေတယ်လို့ ဆိုထားပါတယ်။

သတို့သမီးလောင်း Meghan ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက မင်းသား ဝီလီယံရဲ့ တတိယမြောက် ရင်သွေးလေးကို မွေးဖွားခဲ့တဲ့ ကြင်ယာ Kate Middleton ထံကနေ အကြံဉာဏ်တောင်းနေတယ်လို့လည်း ဆိုကြပါတယ်။

အတွင်းသတင်းတခုက “Meghan ဟာ ကိုယ်ဝန်လွယ်ထားရတာကြီးမားတဲ့ တာဝန်ကြီးတခုကို ယူထားရသလို ခံစားနေရပါတယ်၊ သူဟာ ဟယ်ရီ၊ ဘုရင်မကြီးနဲ့ တမိသားစုလုံးကို စိတ်မပျက်စေချင်တာကြောင့် ထိတ်လန့်နေတယ်” လို့ ဆိုထားပါတယ်။ တော်ဝင်မင်းသားဟယ်ရီနဲ့ ရုပ်ရှင်မင်းသမီး Meghan ဟာ လာမယ့် မေ ၁၉ ရက်၊ ဝင်ဆာ ရဲတိုက်မှာရှိတဲ့ စိန့်ဂျော့ချ်ဘုရားကျောင်းမှာ ဖိတ်ကြားထားတဲ့ ပရိသတ် ၆၀၀ ရဲ့ ရှေ့မှောက်မှာ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။

Ref:aceshowbiz

The post မကြာခင် လက်ထပ်တော့မယ့် မင်းသမီး Meghan Markle တော်ဝင်ရင်သွေး လွယ်ထားရပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)