Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝေဠုကျော်က သူရဲ့ နာမည်နဲ့ Facebook အကောင့်တု သုံးနေသူများကို တောင်းပန်

$
0
0

ပရဟိတလုပ်ငန်းများနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ဝေဠုကျော်က သူ့နာမည်နဲ့ ပြုလုပ်ထားတဲ့ Facebook အကာင့်တုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ု ဆိုပါတယ်။

ဝေဠုကျော်က သူ့နာမည်ကိုအသုံးပြုပြီး Facebook အကာင့်တုတွေ Page အတုသုံးစွဲနေသူတွေကို နိုင်ငံရေး ၊ လူမှုရေး၊ ဘာသာရေး၊ပညာရေး စတာတွေကို ဝေဖန်ခြင်း သုံးသပ်ခြင်းများ မပြုလုပ်ကြဖို့ ရေးသား ထားပါတယ်။ ဝေဠုကျော်က ဒုက္ခတွေကိုသာ ကူညီတဲ့ အလုပ်ကိုပဲလုပ်နေကြောင်း ဒီလိုရေးသားကြတာဟာ သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်နေတဲ့အတွက် ရပ်တန့်ပေးဖို့ နဲ့ သူကောင်းအောင်နေပေမယ့် အပြောဆိုခံ ၊ အဆဲခံဘဝကနေ မလွတ်သေးကြောင်း ဆိုထားပါတယ်။

အကောင့်တုများမှ ဆက်လက်ပြီး ဆက်တင်နေမယ်ဆိုရင်တော့ Page နာမည်၊ ဓာတ်ပုံတို့ကို ပြောင်းပေးစေလိုကြောင်း ဝေဠုကျော်က သူရဲ့ Facebook အကောင့်မှာ တောင်းပန်စကား ဆိုထားပါတယ်။

“အခြားသော ဝေဠုကျော် Wai Lu Kyaw နာမည်နှင့် ကျနော်ပုံ သုံးထားသော Page နှင့် Account များမှာလည်း မဖွယ်မရာ တင်ခြင်း ၊ အလှူခံခြင်း ၊ ကျနော့်ကို Like လုပ်ပါအုံး Share လုပ်ပါအုံး ဆိုသည့် ကလေးကလား ဆန်စွာ ပြုလုပ်နေခြင်းများကို ရပ်တန့်ပေးပါရန် နှင့် အခု နာဂ ဒေသသို့ ရောက်နေတဲ အချိန်မှာ ကျနော် Wai Lu Kyaw အကောင့်ကို ဟက်ထားသူမှ ဖုန်းဘေများ တောင်ခံခြင်း၊ အလှူခံခြင်း Chat Box မှ မိန်းခလေးများအား မဖွယ်မယာ ပြောခြင်းများ ပြုလုပ်နေခြင်းများကို ရပ်တန့်ပေးပါရန်” ဆိုပြီး ဆက်လက်ရေးသား ဖော်ပြထားပါတယ်။

ဝေဠုကျော် ဖောင်ဒေးရှင်းက ၂၀၀၉ခုနှစ် စပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ တည်ထောင်ဖြစ်ခဲ့တာဖြစ်ပြီး၂၀၁၆ ခုနှစ်ရဲ့ တနှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊ မီးဘေး၊ ရေဘေး၊ မြေပြိုမှုတွေမှာ အလျင်အမြန်အကူ အညီပေးနိုင်သူအဖြစ် 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိထားပါတယ်။

The post ဝေဠုကျော်က သူရဲ့ နာမည်နဲ့ Facebook အကောင့်တု သုံးနေသူများကို တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)