Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တပ်မတော်သားတွေကို ဂုဏ်ပြုကြိုဆိုခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း

$
0
0

အလှမယ် ထက်ထက်ထွန်း က အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သား တွေကို မေလ ၁၅ ရက်နေ့ သွားရောက် ကြိုဆိုခဲ့ပြီး အဲဒီလို ဂုဏ်ပြုကြိုဆိုပေးဖို့အတွက် ဖိတ်ကြားခံခဲ့ရကြောင့် သွားရောက်ကြိုဆိုပေးခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

ရှေ့တန်းပြန် တပ်မတော်သားများကို အလှမယ် ထက်ထက်ထွန်း သွားရောက် ကြိုဆိုတဲ့ ပုံများ Facebook မှာ တက်လာချိန်မှာတော့ Facebook အသုံးပြုသူများမှ Comment များမှာ ဝေဖန်မှုများရှိနေတဲ့အတွက် အလှမယ် ထက်ထက်ထွန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

ထက်ထက်ထွန်းက “ညီမ အဲဒီနေ့ မနက် ခရီးက ပြန်ရောက်တော့ ကိုဇော်(အာရုဏ်ဦး) ရဲ့ အမျိုးသမီး အန်တီသီတာက အကူအညီတောင်းတယ်။ မင်းသမီးလေးတေ ွလာကြိုပေးမယ်ဆို အရမ်းဝမ်းသာမှာပဲ ဆိုပြီး အကူအညီတောင်းလို့ ဖုန်းဆက်ပြီး သွားကြိုပေးပါဆိုတာနဲ့ ခရီးကပြန်ရောက်ရောက်ခြင်း နားချင်ပေမယ့် အားနာတာနဲ့ ညီမလည်း သွားကြို ပေးလိုက်တာပါ ။ ထက်နဲ့ ထက်ညီမလေးနဲ့ နှစ်ယောက်ပဲ သွားလိုက်တာပါ။ အခြားသူတွေကို အန်တီသီတာက ဖုန်းဆက်လို့ မရလို့တော့ပြောတယ် ။ မှော်ဘီမြို့နယ်နားမှာပါ။ ထက်သေချာတော့ နေရာမသိဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး ထက်ထက်ထွန်း က “စစ်ဖြစ်တာတော့ မကောင်းဘူးပေါ့နော်။ စစ်ဆိုထဲက သေကြမယ်၊ ကျေကြမယ်။ ပျက်စီး ကြမယ်။ မိဘတွေနဲ့ ကွဲကွာကြမယ်ဆိုတာတော့ သိထားတာပေါ့။ ငယ်ငယ်လေးထဲကတော့ ကိုယ့်အမျိုး ထဲမှာလည်း မရှိဘူး။ ထက် အဲ့လိုမျိုးတော့ မသိဘူးပေါ့နော်။ ဘယ်သူမဆိုတော့ စစ်ကိုမဖြစ်စေချင်ကြဘူး မုန်းပါတယ် ။ အဲ့တော့ အလှမယ် တယောက်အနေနဲ့ နိုင်ငံကိုယ်စားပြုထားတဲ့ သူတယောက်အနေနဲ့ ပြည်တွင်းဆိုတော့ ကိုယ့်ပြည်သူ ပြည်သားတိုင်းရင်းသားတွေအနေနဲ့ ထက် တတ်နိုင်တဲ့ ဘက်ကနေ သွားရောက်ဂုဏ်ပြုတာပါ”လို့ ဆိုပါတယ်။

ဆက်လက်ပြီး လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး “ထက်ကို ဝေဖန်တယ်ဆိုတာလည်း သူတို့ ကြိုက်တာ ရှိမယ်၊ သူတို့ မကြိုက်တာ ရှိမယ်။ စစ်သားတွေက ကောင်းတယ်၊ မကောင်းဘူး ဆိုပြီး အယောက်စီ တိုင်းကို ဝေဖန်လို့ မရပါဘူး ။ ယောကျာ်းတွေ မကောင်းဘူး၊ မိန်းမတွေ မကောင်းဘူး ဝေဖန်လို့ မရသလိုပဲပေါ့” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ထက်ကတော့ ကိုယ့်ခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ သူများခံယူချက်နဲ့ အသက်ရှင်တဲ့ထဲမှာ မပါဘူး။ ကိုယ့်လုပ်ရပ်သည် မည်သူ တဦးတယောက်မှကို မထိခိုက်ဘူးဆို ရဲရဲဝံ့ဝံ့ လုပ်တယ်။ နောင်တလည်း မရဘူး။ အခု ထက် သွားကြိုတာက ကိုယ်မလုပ်နိုင်တဲ့ အရာတခုကို လုပ်နိုင်တဲ့ သူကို ဂုဏ်ပြုပေးရတယ်၊ ချီးမွမ်း ပေးရတယ်။ ဝမ်းသာအားရနဲ့ သွားကြိုပေးတာပါ။ သူတို့အသက်နဲ့ ရင်းပြီး မိသားစုနဲ့ ခွဲခွာပြီး သူများမလုပ်ချင်တာကို လုပ်ပေးတယ်။ အဲ့အတွက် ထက် လေးစားပါတယ်။ သူတို့သည် ကောင်းတဲ့ သူဖြစ်ဖြစ်၊ မကောင်းတဲ့သူဖြစ်ဖြစ် ကိုယ့်နိုင်ငံငြိမ်းချမ်းရေးအတွက် လုပ်နေကြတယ် လို့ ထက်သိထားတယ်။ အဲ့အတွက် ထက်ကိုယ်လုပ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး လုပ်ပေးတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။

ထက်ထက်ထွန်းက Miss Universe Myanmar ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး National Custome ဆုကို ရရှိထားတဲ့ အလှမယ် တယောက်လည်း ဖြစ်ပါတယ်။

The post တပ်မတော်သားတွေကို ဂုဏ်ပြုကြိုဆိုခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)