Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အကောင့်လာဟက်တဲ့ မြန်မာနိုင်ငံက ဟက်ကာတွေအပေါ် ဂုဏ်ယူမိလိုက်သေးတယ်ဆိုတဲ့ အမွန်း

$
0
0

ယခုရက်ပိုင်း အနုပညာရှင်တော်တော်များများရဲ့ Facebook အကောင့်များနဲ့ Page များ အဟက်ခံထားရသူများ ထဲမှာ အဆိုတော် အမွန်း တယောက်လည်း ပါဝင်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အဆိုတော် အမွန်းက မြန်မာနိုင်ငံက ဟက်ကာ တွေအတွက် ဂုဏ်မယူသင့်ဘဲ ဂုဏ်ယူမိလိုက်သေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အမွန်းရဲ့အကောင့်က ၁၃ရက်နေ့က အဟက်ခံထားရပါတယ်။ အခုလောလောဆယ်က အဲဒါက ခေတ်စား နေသလို ဖြစ်နေတယ်ပေါ့နော်။ အနုပညာရှင်ဆိုရင် နာမည်ရလာတာနဲ့ အဟက်ခံရတယ်ပေါ့နော်။ အမွန်းရဲ့ဖီလင်က နှစ်မျိုးဖြစ်ပါတယ်။ တမျိုးကတော့ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအတွက် ကချင်ပြည်ကိုသွားတဲ့ ဒုက္ခသည်တွေ အတွက် အကူအညီတောင်းချင်တာတွေရှိတယ်။ လုပ်လို့မရတော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ နောက်တမျိုး ကတော့ ငါတို့မြန်မာနိုင်ငံမှာလည်း အရမ်းကိုတော်တဲ့ ပညာရှင်တွေရှိပါလားဆိုပြီး ဂုဏ်မယူသင့်ဘဲ ဂုဏ်ယူမိလိုက်ပါသေးတယ်” လို့ အမွန်းက ပြောပါတယ်။

အမွန်းကတော့ သူမရဲ့ Facebook Page အဟက်ခံထားရတဲ့အတွက် ပြန်ရရှိရန်အတွက် ကြိုးပမ်းနေပြီး ဟက်ထားတဲ့ ရက်ပိုင်းအတွင်းမှာ သူမသွားရောက်ခဲ့တဲ့ ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများနဲ့ ပတ်သက်တဲ့ အကြောင်းအရာ များကို ပရိသတ်များကို ပြောပြခွင့်မရဘဲ အလုပ်ကိစ္စတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

တချို့သော အနုပညာရှင်များကို ဟက်ကာများက ငွေကြေးတောင်းခံမှုများ၊ ခြိမ်းခြောက်မှုများ ရှိနေတဲ့အတွက် အမွန်းကိုရော အဲဒီလိုမျိုးတွေရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ “အမွန်းကိုတော့ မခြိမ်းခြောက်ဘူး။ ဒါမှမဟုတ်သူတို့ ခြိမ်းခြောက်တဲ့နည်းကဘဲ မမှန်တာလား မသိဘူး။ ဘာမှတော့ရောက်မလာဘူး” လို့ ဆိုပါတယ်။

အမွန်းကတော့ ရုံတင်ပြသလျက်ရှိတဲ့ “ဒုဋ္ဌဝတီကိုကျော်၍” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေ သမိုင်းကြောင်းများကို စိတ်ဝင်စားပြီး လေ့လာလျက်ရှိတဲ့ ဆောင်းနန္ဒာဆိုတဲ့ မိန်းကလေး တယောက်နေရာက သရုပ်ဆောင်ထားပြီး ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရရှိထားပါတေယ်။

အမွန်းရဲ့ အချစ်ရေးကို မေးကြည့်တဲ့အခါမှာတော့ “အချစ်ရေးကတော့ ပုံမှန်အတိုင်းပါပဲ။ လက်ရှိချစ်သူနဲ့ ပျော်နေတာ နောက်ထပ် ၂ လဆိုရင် ၃ နှစ် ပြည့်ပါပြီ” လို့ ဆိုပါတယ်။

The post အကောင့်လာဟက်တဲ့ မြန်မာနိုင်ငံက ဟက်ကာတွေအပေါ် ဂုဏ်ယူမိလိုက်သေးတယ်ဆိုတဲ့ အမွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ