Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် Taylor Swift ရဲ့ အိမ်ထဲ ချိုးဖောက်ဝင်ရောက်ခဲ့သူကို ထောင်ဒဏ် ၆ လချမှတ်

$
0
0

ကမ္ဘာကျော်အဆိုတော် Taylor Swift ရဲ့ အိမ်ထဲကို ခိုးဝင်ခဲ့သူတဦးကတော့ ထောင်နန်းစံသွားရပြီ ဖြစ်ပါတယ်။ Mohammed Jaffar ဆိုသူဟာ မေ ၇ ရက်မှာ အဆိုတော် Swift ရဲ့ အိမ်ထဲကို ခိုးဝင်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ အပြစ်ကို ဝန်ခံသွားခဲ့တယ်လို့ Manhattan ခရိုင် ရှေ့နေ့ရုံးက E! မီဒီယာကို ပြောဆိုပါတယ်။

မေလ ၁၆ ရက်နေ့မှာ တရားသူကြီးက ထောင်ဒဏ် ၆ လနဲ့တူ မီချီဂန်ပြည်နယ်မှာ စိတ်ကျန်းမာရေးကုသမှု ခံယူရန် လိုအပ်ချက်နဲ့ ၅ လ ထိန်းသိမ်းထားဖို့ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်၊ မတ်လတုန်းက နယူးယောက်မြို့မှာ အဆိုတော်နောက် တကောက်ကောက်လိုက်ပြီး အိမ်ကို ဖောက်ထွင်းရန် ကြိုးပမ်းမှုနဲ့ အသက် ၂၉ နှစ်အရွယ် အဲဒီအမျိုးသားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တရားရုံး အချက်အလက်တွေအဆိုအရ Jaffar ဟာ “Shake It Off” သီချင်းအဆိုတော် Swift ကို မျက်ချင်းဆိုင် တွေ့ဆုံဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအထိ Jaffar ဟာ အဆိုတော် Swift ရဲ့ စီမံခန့်ခွဲရေး ကုမ္ပဏီကို ခန့်မှန်းချေ ၅၆ ကြိမ်လောက် ဖုန်းခေါ်ခဲ့ပြီး အသံမေးလ်တွေလည်း ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတဦးရဲ့ အပြောအရကတော့ အခုတရားခံဟာ အဆိုတော် Swift ရဲ့ ဒေါ်လာ သန်း ၂၀ တန် Tribeca ခေါင်းမိုးတိုက်ခန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှာ ဝင်ရောက်ခဲ့ပြီး စင်္ကြန်လျှောက်လမ်းမှာလည်း ခေတ္တ နေခဲ့သေးတယ်လို့ သိရပါတယ်။ သူဟာ အဆောက်အဦရဲ့ ခေါင်မိုးပေါ်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး ၄ နာရီလောက် နေခဲ့တယ်လို့ ဆိုပါတယ်။

သီတင်းတပတ်ကြာပြီးတဲ့နောက် Jaffar ဟာ အဲဒီ အဆောက်အဦကို ပြန်လာခဲ့ပြီး အဆိုတော် Swift ရဲ့တံခါးဘဲလ်ကို တနာရီလောက် ခပ်ကြမ်းကြမ်းနှိပ်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမျက်မြင် သက်သေရဲ့ ပြောစကားအရကတော့ သူတို့ဟာ Jaffar ကို သွားတွေ့ခဲ့ပြီး ထွက်သွားဖို့ ပြောခဲ့တယ်လု့ိ သိရပါတယ်။

ဒါပေမယ့် နောက်တနေ့ ညနေမှာ သူပြန်ရောက်လာပြီး အဆိုတော် Taylor Swift ရဲ့ တံခါးဘဲလ်ကို ၄၅ မိနစ်လောက် နှိပ်နေခဲ့ ပြန်ပါတယ်။ အဲဒီနောက်တနေ့မှာ နောက်ဆုံးအကြိမ်သူ ရောက်ရှိလာခဲ့ပါသေးတယ်။ Jaffar ကို ဒုတိယအဆင့် အိမ်ဖောက်ထွင်း မှုနဲ့ ဖမ်းဆီးခဲ့ပြီး တရားရုံးနှစ်ခုက ဒုတိယအဆင့် အိမ်ဖောက်ထွင်းရန် ကြိုးပမ်းမှု၊ တရာရုံးတခုက စတုတ္ထအဆင့် နောက်ယောင်ခံလိုက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သူ့ကို အမေရိကန် ဒေါ်လာ ၂ သောင်းနဲ့ အာမခံပေးခဲ့ပါတယ်။ အဆိုတော် Swift ရဲ့ သူငယ်ချင်းဖြစ်တဲ့ မော်ဒယ် Gigi Hadid ဟာလည်း နယူးယောက်မှာ ရှိတဲ့သူ့အိမ်မှာ နောက်ယောင်ခံလိုက်သူတဦးနဲ့ အခုလိုမျိုး ကြုံခဲ့ရပါသေးတယ်။ Hadid ရဲ့ ကိစ္စမှာ ပါဝင်ခဲ့တဲ့ Marcell Porter ကိုတော့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာပဲ စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်လိုက် ပါတယ်။

Ref:etcanada

The post အဆိုတော် Taylor Swift ရဲ့ အိမ်ထဲ ချိုးဖောက်ဝင်ရောက်ခဲ့သူကို ထောင်ဒဏ် ၆ လချမှတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)