Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိမ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ရင်ဖွင့်ထားတဲ့ အဆိုတော် အိမ့်ချစ်

$
0
0

အဆိုတော် အိမ့်ချစ် က အိမ်သစ်မှာ ပြောင်းလည်းနေထိုင်တော့မှာ ဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက နေထိုင်ခဲ့တဲ့ အိမ်နဲ့ ပတ်သတ်တဲ့ ခံစားချက်များအကြောင်းကို အခုလို ဆိုထားပါတယ်။

“အတိတ်တွေကို သတိရရင်း မျက်ရည်ကျတယ်။ ခုလည်း စာလေးကို ရေးနေတော့လည်း မျက်ရည်ကျနေတုန်းပဲ” ဆိုပြီး အိမ်နဲ့ ပတ်သတ်တဲ့ ခံစားချက်ကို သူရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

အိမ့်ချစ်က “ခြံဘေးက နေရာလွတ်လေးမှာ အမေက မုန့်ဟင်းခါး၊ လက်ဘက်ရည် ရောင်းစားလိုက် အရက်ဆိုင်လေး ဖွင့်လိုက် လူများကို ပစ္စည်းလှောင်ဖို့ ငှားလိုက်နဲ့ ရတဲ့ပိုက်ဆံနဲ့ စားလည်းစား၊ အိမ်လေးလည်းပြင်၊ မပြင်နိုင်လည်း ဒီတိုင်းပဲထား ဝမ်းရေးကခက်၊ ဘဝကကြမ်း အိမ်ချစ်တို့ မိသားစုလေး ငိုခဲ့ရတဲ့ရက်တွေ မနည်းဘူးပေါ့” လို့ ရေးသား ထားပါတယ်။

အဆိုတော် အိမ့်ချစ်ဟာ သူမအသက် ၁၄ နှစ် အရွယ်ကတည်း က မိဘများ အိမ်ထောင်ပြိုကွဲသွားခဲ့ပြီး ဒီနေ့အထိ မိခင်နဲ့အတူတူ ဘဝခရီးကို လျှောက်လှမ်းနေတဲ့ အနုပညာရှင်တဦးပါ။ လက်ရှိအိမ်နဲ့ပတ်သတ်ပြီး “လောကဓံကို ပင်ပင်ပန်းပန်း ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတဲ့အခါ လူသူတွေ မသိတဲ့ မျက်ရည်တွေ၊ ငိုသံတွေ၊ အပျော်တွေ၊ ရယ်သံတွေကို ကုန်စင်အောင်သိခဲ့တဲ့ အိမ်လေးရေ GoodBye ပါ” ဆိုပြီး ရေးသားထားပါတယ်။

အခုပြောင်းရွှေ့နေထိုင်မယ့် အိမ်ကို အိမ့်ချစ်က အမေဖြစ်သူကို “အမေများနေ့” အမှတ်တရ လက်ဆောင်အဖြစ် ပေးတာလို့ ဧရာဝတီရဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။ အိမ်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုခဲ့သလို “ကိုယ်တိုင်ရေး ပုံတူ” ၊ “အချစ်ရေး” စတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တဦး ဖြစ်ပါတယ်။

The post အိမ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ရင်ဖွင့်ထားတဲ့ အဆိုတော် အိမ့်ချစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)