Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မျိုးဆက်သစ် အနုပညာရှင်များအတွက် ဖွင့်လှစ်လိုက်တဲ့ နေထူးနိုင်ရဲ့ အနုပညာသင်တန်းကျောင်း

$
0
0

သရုပ်ဆောင် နေထူးနိုင်က အနုပညာကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်ပြီး အနုပညာ သင်တန်းကျောင်း တခု ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ကျောင်းနာမည်ကတော့ Target Art Training Center ပါ။

Target Art Training Center မှာ Action ဇာတ်ကားများ ရိုက်ကူးမယ့် သင်တန်းသား မျိုးဆက်သစ် အနုပညာရှင်များကိုလေ့ကျင့်သင်ကြား မွေးထုတ်ပေးခြင်း ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး တဦးချင်း တယောက်ချင်း လာရောက် လေ့ကျင့်နိုင်တယ်လို့လည်း သိရပါတယ်။ စိတ်ပါဝင်စား လျောက်ထားလိုသူများ အနေနဲ့က မေလ (၅) ရက် နေ့မှ စပြီး “မေ့ရင်ခွင် ဗီဒီယိုထုတ်လုပ်ရေး” ၃၅လမ်း အထက်မှာ လျောက်လွှာယူလို့ရတဲ့ အကြောင်း သိရပါတယ်။

နေထူးနိုင်က အနုပညာလောကမှာ လုပ်ကိုင်နေတာ အနှစ် ၂၀ ကျော်ပြီ ဖြစ်ပြီး အထူးသဖြင့် နယ်ပရိသတ်များ လက်ခံ အားပေးခြင်း ခံရသူ တဦးလည်းဖြစ်ပါတယ်။ မကြာသေးမီ အချိန်က နေထူးနိုင်ကို လှောင်ပြောင် ပြောဆိုထားတဲ့ ဗီဒီယိုဖိုင် တက်လာခဲ့ပြီး ဒါနဲ့ ပတ်သတ်လို့ နေထူးနိုင်က စိတ်မကောင်း ဖြစ်တဲ့ အကြောင်းကိုလည်း သူရဲ့ Facebook အကောင့်မှာ ရေးသား ထားပါသေးတယ်။

လှောင်ပြောခံရမှုအပေါ် နေထူးနိုင်က “အနုပညာအလုပ်ကို ဘယ်လိုနားလည်ကြလဲ မသိဘူးဗျာ။ ကျနော် နားလည်တာ ကတော့ ပင်လယ်ရေပါ။ အငန်ကြိုက်ရင် ဒီအတိုင်းသုံး ၊ အပေါ့ကြိုက်ရင် ကြိုချက်သုံး၊ လိုသလို ကြိုက်တဲ့ပုံစံနဲ့ သုံးလို့ ရပါတယ်။ တဦး တယောက်ကမှ လက်ဝါးကြီးအုပ်ထားလို့ မရပါ။ ဒါကြောင့် မနာလိုမှုကင်းပြီး လိုသလို အသုံးချ နိုင်ကြပါစေ” ဆိုပြီး ပြန်လည်ရေးသား တုန့်ပြန်ထားပါတယ်။

သရုပ်ဆောင် နေထူးနိုင်က ဖိုက်တင်း အသားပေး ဇာတ်ကားများကို အရိုက်များတဲ့ မင်းသားတဦး ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကပဲ သူရိုက်ကူး ပုံဖော် တဲ့ ဇာတ်ကားများကို တချို့သော အွန်လိုင်း အသုံးပြုသူများရဲ့ လှောင်ပြောင်မှုများ ပြုလုပ်ခြင်း ခံနေရတဲ့ မင်းသားတဦးလည်း ဖြစ်ပါတယ်။

The post မျိုးဆက်သစ် အနုပညာရှင်များအတွက် ဖွင့်လှစ်လိုက်တဲ့ နေထူးနိုင်ရဲ့ အနုပညာသင်တန်းကျောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ