မြန်မာနိုင်ငံမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung Heon (ဆောင်ဆွန်ဟွန်း) နဲ့ f(x) အဖွဲ့ဝင် Krystal တို့ဟာ မကြာခင်တုန်းက ဆွေးနွေးနေတဲ့ ဒရာမာကား တခုမှာ ပါဝင်မယ်လို့ အတည်ပြုလိုက်ပါပြီ။ မေလ ၁၆ ရက်နေ့မှာ မင်းသား Song ဟာ အဲဒီ ဒရာမာဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေဖြစ်ကြတဲ့ Krystal ၊ Lee Si Eon တို့နဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို တင်ခဲ့ပါတယ်။
မင်းသား Song နဲ့ အဆိုတော် မင်းသမီး Krystal တို့ဟာ အရင်တုန်းက “Hustle” လို့ နာမည်ပေးထားခဲ့ပြီး အခု ‘Round’ လို့ နာမည်ပေးထားတဲ့ မှုခင်းအက်ရှင် ဇာတ်လမ်းတွဲမှာ ပါဝင်ကြမှာလည်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ သူတို့ နှစ်ဦးဟာ ရာဇဝတ်မှုတွေကို လိုက်လံဖြေရှင်းရတဲ့ ပညာရှင်အဖွဲ့တဖွဲ့ အဖြစ် သရုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။
တနေ့တည်းမှာပဲ သတင်းဌာနတခုဖြစ်တဲ့ Sports Chosun က မင်းသား Song ဟာ အဲဒီ ဒရာမာမှာ ပါဝင်မှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ မင်းသားကရော၊ သူ့ရဲ့အေဂျင်စီကပါ အဲဒီသတင်းကို အတည်မပြုသေးပါဘူး။
“Round” ဇာတ်လမ်းတွဲမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူလိမ် ၄ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တခုကို ဇာတ်အိမ် တည်ထားပါတယ်။ မင်းသား Song ကတော့ ဝါရင့်လူလိမ် Kang Ha Ri ဆိုတဲ့နေရာကနေ ပါဝင်မှာဖြစ်ပြီး မိဘတွေရဲ့ စွန့်ပစ်တာကို ခံရပြီးတဲ့နောက် လမ်းပေါ်မှာပဲ နေထိုင်ကြီးပြင်းခဲ့တဲ့ အရည်အချင်းရှိတဲ့ ယာဉ်မောင်းသမား Cha Ah Ryung အဖြစ်ကိုတော့ မင်းသမီး Crystal က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ “Round” ဇာတ်လမ်းတွဲကို OCN ရုပ်သံလိုင်း ကနေ အခုနှစ်ဝက်ကာလမှာ ထုတ်လွှင့်ပြသနိုင်ဖို့ ဆွေးနွေးနေပါတယ်။
Ref:soompi
The post ဒရာမာကားသစ်အတွက် ရိုက်ကူးရေးတွေ စတင်နေပြီဖြစ်တဲ့ ကိုရီးယားမင်းသား Song Seung Heon (ဂျွန်စော) appeared first on ဧရာဝတီ.