Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂီတလောကမှာ ပရိသတ်အချစ် အားပေးမှုနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ အဆိုတော်ပိုပို

$
0
0

ယနေ့ မေလ ၁၆ရက်နေ့ဟာ အဆိုတော် ပိုပိုရဲ့အသက်၂၈ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ပိုပိုက မွေးနေ့ကို ဝေါမြို့မှာရှိတဲ့ သူမရဲ့ အဘွားတည်ခဲ့ထားတဲ့ ဘုရားမှာ အုတ်တံတိုင်းများ၊ ကြွေပြားများ ရေစက်ချ လှူဒါန်းခဲ့သလို သံဃာတော်များအား ပရိက္ခရာ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရွာမှာရှိတဲ့ ဒေသခံ ပြည်သူများကိုလည်း ထမင်းကျွေးအလှူ ပြုလုပ်ခဲ့ပါတယ်။

ပိုပိုက တကိုယ်တော် အခွေများဖြစ်တဲ့ “ချစ်ဖူးခဲ့သမျှ” ၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို “Master Pieces” အခွေများ ထွက်ရှိထားပြီး ပရိသတ်ကြိုက်နှစ်သက် အားပေးခြင်းခံထားရတဲ့ အဆိုတော်ပါ။ အဆိုတော် ပိုပိုက တေးစီးရီးထွက်ပြီး ဂီတသက်တမ်း ၄ နှစ်ကျော်နီးပါး ရှိပြီဖြစ်တဲ့ အဆိုတော် တဦးလည်း ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင်မှာတော့ ဂီတနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့တဲ့အတွက် ဂီတပတ်ဝန်းကျင်မှာ ပိုပို ကျင်လည်ခဲ့တဲ့ ဂီတသက်တမ်းကလည်း မနည်းတော့ပါဘူးး။ ကိုယ်ပိုင်သံစဉ် သီချင်းများနဲ့ ပရိသတ်အားပေးမှု ခံခဲ့ရတဲ့ အဆိုတော် ပိုပိုက အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက်များကို ရေးသားရာမှာ အောင်မြင်တဲ့ တေးရေးတေးဆို တဦးလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလဲ ဂျာနယ်တစောင်က ရေးသားထားတဲ့ “အိမ်ထောင်မပြုဖြစ်ရင်လည်း သုတ် အလှူခံပြီး ကလေး ယူချင်ပါတယ်” ဆိုတဲ့ခေါင်းစဉ်ကြောင့် ပုရိသတွေနဲ့ လူအများကြား ပြောစရာ ဂယက်ထခဲ့ပါသေးတယ် ။ ဒီအကြောင်းဟာ ပိုပို အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ပေမယ့် အချိန်တန်ရင် ပြီးဆုံးသွားမှာပါလို့ ပြောခဲ့ပါတယ်။

မိဘမေတ္တာကို မရခဲ့လို့ တောင့်တနေတဲ့ ပိုပိုက ပရိသတ်အချစ်တွေ အားပေးမှုတွေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေတဲ့ အဆိုရှင် တဦး ဖြစ်ပါတယ်။ ပိုပိုက သီချင်းတွေကို အကောင်းဆုံးဖြစ်အောင် သီဆိုုနေတဲ့အပြင် ဒါရိုက်တာ ကျော်နှင်းဆီ ရိုက်ကူးတဲ့ “ဒိုင်ယာရီအသစ် အချစ်က ဆိုက်ကို” ဇာတ်ကားမှာလည်း ထူးခြားနဲ့ အတူ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက မေလထဲမှာထွက်ရှိ ထားပါတယ်။

ပိုပိုက သူရဲ့မွေးနေ့ အစီအစဉ်အဖြစ် မနက်ပိုင်းမှာ ဘုရားသွားပြီး အလှူအတန်းတွေလုပ်ကာ ညနေပိုင်းမှာတော့ အနုပညာရှင် သူငယ်ချင်းတွေနဲ့အတူ Pool Party ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကလည်း မွေးနေ့ကို သူငယ်ချင်းတွေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့မှာ သူမရဲ့ Facebook မှာ သူမကို ချစ်ခင် သူတွေက မွေးနေ့ ဆုတောင်းတွေ တောင်းပေးထားပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အဘွားတည်ခဲ့တဲ့ ဘုရားမှာ မွေးနေ့အလှူ လုပ်မယ့် အဆိုတော် ပိုပို

The post ဂီတလောကမှာ ပရိသတ်အချစ် အားပေးမှုနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ အဆိုတော်ပိုပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ