Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မွတ်စလင် စူပါဟီးရိုး “Ms.Marvel” အကြောင်းရုပ်ရှင် ရိုက်ကူးရန် ပြင်ဆင်နေပြီဟုဆို

$
0
0

လာမယ့်နှစ်ထဲမှာ ရုံတင်ပြသဖို့ ပြင်ဆင်နေတဲ့ “Captain Marvel” ရုပ်ရှင်နောက်ပိုင်းမှာတော့ “Ms. Marvel” ရုပ်ရှင် အတွက် Marvel ကုမ္ပဏီက ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

Marvel Studios ဥက္ကဌ Kevin Feige က Captain Marvel ဇာတ်ကောင်ကို အော်စကာဆုရ မင်းသမီး Brie Larson နဲ့ တရားဝင် မိတ်ဆက်ပြီးတဲ့နောက် မူစလင် စူပါဟီးရိုးအတွက် ရုပ်ရှင်တခုထုတ်လုပ်ရေးအတွက် ပြင်ဆင်နေပြီလို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ဥက္ကဌ Kevin က “ကာတွန်းစာအုပ်တွေထဲက အခြားဇာတ်ကောင်တခုဖြစ်ပြီး Captain Marvel ကို ကျောရိုးယူထားတဲ့ မူစလင်ဟီးရိုး Ms. Marvel ကို ဖန်တီးဖို့ လုပ်ဆောင်နေပါပြီ၊ တချိန်က ကမ္ဘာကြီးကို Captain Marvel မိတ်ဆက်ပေးခဲ့သလိုပဲ အစီအစဉ်တွေရှိနေပါပြီ” လို့ BBC ကို ပြောကြားခဲ့ပါတယ်။

ဥက္ကဌ Feige က အသက် ၁၆ နှစ်အရွယ် အသွင်ပြောင်းစွမ်းအားရှင် Kamala Khan ကို အဓိကထားမယ့် အနာဂတ် ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာ မရှိသေးပေမယ့် တကယ်လို့သာ အကျိုးအမြတ်ရမယ် ဆိုရင်တော့ သူ့ကို Ms. Marvel အဖြစ် ငွေရောင် ပိတ်ကားထက် အရောက်တင်ပေး မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ms. Marvel အဖြစ်မြင်တွေ့ရမယ့် Khan ကို Sana Amanat နဲ့ Stephen Wacker တို့နဲ့အတူ စာရေးဆရာ G. Willow Wilson နဲ့ အနုပညာရှင် Adrian Alphona တို့က ဖန်တီး ပေးထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လမှာထွက်ရှိခဲ့တဲ့ “Captain Marvel” ကာတွန်းစာအုပ်မှာ ပထမဆုံး ပါဝင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တကိုယ်တော်စီးရီး စာအုပ်မှာ ပါဝင်ခဲ့တဲ့ ပထမဆုံးမူစလင်စူပါ ဟီးရိုးဇာတ်ကောင်အဖြစ် သမိုင်းမှတ်တမ်း ဝင်ခဲ့ပါတယ်။

နယူးဂျာစီပြည်နယ်မှာမွေးဖွားတဲ့ ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသူ Khan ဟာ သူလေးစားအားကျရတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ Captain Marvel ကို လေးစားအားကျလို့ သူ့အရှိန်အဝါတွေကို ယူထားတယ်လို့ ဆိုပါတယ်။ မင်းသမီး Brie Larson ကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဇာတ်အိမ်တည်ထားတဲ့ Captain Marvel ရုပ်ရှင်ကိုတော့ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

Anna Boden နဲ့ Ryan Fleck တို့ ရိုက်ကူးနေတဲ့ အဲဒီရုပ်ရှင်မှာ Samuel L. Jackson, Jude Law, Ben Mendelsohn, Annette Bening တို့နဲ့အတူ “Humans” စီးရီးမင်းသမီး Gemma Chan တို့ ပါဝင်ထားပါတယ်။ အဲဒီ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် မတ်လမှာ စတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

Ref:aceshowbiz

The post မွတ်စလင် စူပါဟီးရိုး “Ms.Marvel” အကြောင်းရုပ်ရှင် ရိုက်ကူးရန် ပြင်ဆင်နေပြီဟုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link