Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Miss Universe Myanmar 2019 ဝင်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ အလှမယ် အမရာငြိမ်း

$
0
0

Miss Myanmar International 2015 ဆုရှင် အမရာငြိမ်းကတော့ သရုပ်ဆောင်လုပ်ဖို့အတွက် ကမ်းလှမ်းမှု တွေ ရှိနေပေမယ့်လည်း သူမရဲ့ သွားချင်တဲ့လမ်းကြောင်းကို မရောက်သေးဘဲ တခြားလမ်းကြောင်းကို ပြောင်းသွားဖို့ အစီအစဉ်မရှိပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“သရုပ်ဆောင်လုပ်ဖို့အတွက်က ကမ်းလှမ်းတာတွေက ရှိပါတယ်။ ဒီရက်ပိုင်းပိုပြီးတော့ များလာတယ်။ လူတွေကလည်း တကျော့ပြန်ပြီး စိတ်ဝင်စားလာကြတယ်။ ဒါပေမယ့် အမရာ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မရောက်သေးဘဲ တခြား ဘယ်လမ်းကြောင်းကိုမှ ကူးဖို့မရှိသေးပါဘူး ” လို့ အမရာငြိမ်းက ပြောပါတယ်။

လတ်တလောမှာတော့ Miss Universe Myanmar 2019 ပြိုင်ပွဲကြီးတွင် ရန်ကုန်ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“လတ်တလောကတော့ Miss Universe Myanmar ပြိုင်ပွဲမှာ ရန်ကုန်ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ဖို့အတွက် အာရုံစိုက် ပြီး လုပ်ဖြစ်နေပါတယ် ။ အမရာက လူကောင်လည်းထွားတဲ့သူ ဖြစ်တဲ့အတွက် ဝိတ်ကိုတော့ ထိန်းရတယ်။ GYM လည်း သေချာဆော့ ဖြစ်တယ်။ Boxing ထိုးတယ်။ သေချာ Train နေပါတယ်။ အမရာက ဘယ်အလုပ်ကိုပဲ လုပ်လုပ် အားသွန်ခွန်စိုက် လုပ်တတ်တဲ့သူ ဖြစ်တဲ့အတွက် ကိုယ်ကြိုးစားသလောက်တော့ တခုခုအရာရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ အမရာငြိမ်းက ပြောပါတယ်။

အလှမယ် အမရာငြိမ်း / အမရာငြိမ်း ဖေ့စ်ဘုတ်

မကြာသေးမီရက်ပိုင်းကလည်း ဖိလစ်ပိုင်နိုင်ငံ Gouldian တွင် Pageant Training ကို ၁၀ရက်တာ သွားရောက် ပြုလုပ် ခဲ့တယ်လို့လည်း သိရပါတယ်။

“ဖိလစ်ပိုင်က Gouldian မှာ Training လုပ်ခဲ့တယ်။ အမရာတို့ နိုင်ငံမှာက Pageant နဲ့ပတ်သက်ပြီးတော့ Catwalk သင်ပေးနိုင်တဲ့ ကိုအောင်ပိုင်ရှိတယ်။ ဒါပေမယ့် Miss ဆိုတာက Catwalk တခုတည်းတင်မဟုတ်ဘူး။ သူ့ရဲ့ Rule တွေရှိတယ်။ နေရထိုင်ရမယ့်ပုံစံသတ်မှတ်ချက်တခုရှိတယ်။ ဒါတွေက အမရာတို့ ဒီမှာ သေချာစွာသင်ပေးနိုင်တဲ့သူ မရှိသေးဘူး။ catwalk သင်ပေးနိုင်တယ်။ ဒါပေမယ့် အစစအရာရာ မိတ်ကပ်ပြင်တာ အမေးအဖြေလုပ်တာမျိုး ဒါမျိုး တွေကို ဂိုက်လိုင်းလုပ်ပေးနိုင်တဲ့သူက မြန်မာပြည်မှာ မရှိသေးဘူးလို့ ပြောလို့ရတယ်။ အမရာတို့က Pageant ကို ဝင်တာအသစ်လည်း ဖြစ်နေသေးတော့ ကိုယ်တွေထက်အများကြီး အတွေ့အကြုံရှိတဲ့ နိုင်ငံလို့ပြောလို့ရတယ်။ သူတို့ဆီမှာ သွားပြီးတော့ လေ့လာတာ သင်ယူတာဟာ သက်ရောက်မှုရှိတယ်လို့ ပြောလို့ရတဲ့အတွက် သင်ယူ ခဲ့ပါတယ်။ အများကြီးလည်း တိုးတက်မှုရှိတယ်လို့လည်း ယုံကြည်ပါတယ် ” လို့ အမရာငြိမ်း ကပြောပါတယ်။

The post Miss Universe Myanmar 2019 ဝင်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ အလှမယ် အမရာငြိမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ