Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိဘများ လိင်တူကိစ္စအကြောက်လွန်မှုက အိုးမဲ့အိမ်မဲ့ဖြစ်ရဟု ဂျက်ကီချန်းသမီးပြော

$
0
0

နာမည်ကျော် ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏ သမီး အသက်၁၈နှစ် အရွယ်ရှိ Etta Ng မှာ ၎င်း၏ မိန်းကလေးအဖော်နှင့် အတူ အိမ်ခြေရာမဲ့ ဖြစ်နေကြောင်း Youtube တွင် ပြောဆိုထားသည့် ရုပ်သံဖိုင် ထွက်ပေါ်နေ သည်။

အဆိုပါ သမီးဖြစ်သူ အက်တာမှာ အသက် ၃၀ခန့်ရှိ အန်ဒီအော်သန်ဆိုသူ ကနေဒါအမျိုးသမီးလေးဖြင့် ချစ်ကြိုက်နေပြီး၊ လိင်တူကိစ္စ အကြောက်လွန်သည့် မိဘများကြောင့် ၎င်းတို့မှာ ယခုအခါ အိမ်မဲ့ရာမဲ့ ဖြစ်နေရကြောင်း ယခု ရုပ်သံ ဖိုင်က ရှင်းလင်းထားသည်။

အက်တာမှာ မင်းသားကြီး ဂျက်ကီချန်းနှင့် ဟောင်ကောင် အလှဘုရင်မဟောင်း အသက် ၄၅ နှစ် အရွယ်ရှိ Elaine Ng တို့မှ ၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်။

ဧပြီလ ၂၄ရက်နေ့က Youtube ဝက်ဘ်ဆိုဒ်ပေါ်တွင် သူမနှင့် သူမ၏ မိန်းကလေး အဖော် အန်ဒီအော်သန်တို့ နှစ်ဦးကို အတူတူ တွေ့ရပြီး၊ အန်ဒီအော်သန်မှာ လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွင် ရေပန်းစားသူဖြစ်သည်။

အက်တာ၏ လိင်တူချစ်သူ အန်ဒီအော်သန်က “သူငယ်ချင်းအားလုံး၊ ကျမမိသားစုအားလုံး လူတိုင်း လူတိုင်းကို ကျမ အကူအညီတောင်းပါတယ်။ ကျမတို့ချင်း မကွေ့ကွင်းရအောင် ခိုလှုံစရာနေရာ လေးများ ပြကြပါ။ အစိုးရရဲ့ဘယ်လို အထောက်အပံ့မျိုးမဆို ယူရတော့မယ်ဆိုရင် ကျမတို့ ကွဲရပါလိမ့်မယ်။ ကျမစကားကို နားထောင်ပေးမယ့်သူ facebook မရှိပါဘူး? ကျမဆက်တဲ့ဖုန်းကို အခုချိန်မှာ ဘယ်သူမှ အလိုက်တသိနဲ့ မကိုင်ကြပါဘူး”ဟု ပြောသည်။

သူတို့နှစ်ဦး ရဲဌာန၊ စားနပ်ရိက္ခာဌာနတွေ၊ ဆေးရုံတွေနဲ့ LGBT အသိုင်းအဝိုင်းကိုလည်း သွားကြသော်လည်း အကြောင်း မထူးကြောင်း အက်တာကလည်း ဖြည့်စွက်ပြောသည်။

၎င်းတို့ တင်ထားသည့် Youtube ဗီဒီယိုဖိုင်အောက်တွင် အများစုက အလုပ်တခုရှာရန် တိုက်တွန်းသည့် မှတ်ချက်စကားကို ရေးသားကြသည်။

အက်တာသည် ယမန်နှစ် အောက်တိုဘာလတွင် အမျိုးသမီးချင်း လိင်တူချစ်သူ(lesbian) တယောက်မှ ရုန်းထွက် လာခဲ့သည် ဆိုသော်လည်း နောက်ပိုင်းတွင် ဟောင်ကောင်အခြေစိုက် ကနေဒါ အမျိုးသမီး အန်ဒီအော်သန်နှင့် အတူ နေကြောင်း သတင်းထွက်ခဲ့သည်။

အန်ဒီအော်သန်သည် အဝတ်အထည်များကို ဒီဇိုင်းဆွဲချုပ်လုပ်ပြီး အွန်လိုင်းပေါ်တွင် ရောင်းဝယ်ဖောက်ကားနေသူဖြစ်ပြီး ဘာဘီအရုပ်ဆင်ဆင် အထည်ဒီဇိုင်းများကြောင့် လူသိများထင်ရှားသည်။

မင်းသားကြီး ဂျက်ကီချန်းမှာ အသက် ၆၄နှစ်ရှိပြီဖြစ်ပြီး ထိုင်ဝမ်မင်းသမီး ဂျိုးအန်းလင်းနှင့် ၁၉၈၂ ခုနှစ်ကတည်းက လက်ထပ်ထား၍ သားဖြစ်သူ မင်းသား ဂျေစီ သည်ပင် အသက် ၃၅နှစ် ရှိပြီဖြစ်သည်။

ယခုကဲ့သို့ သူ၏ သမီး အက်တာ၏ ဖြစ်ရပ်နှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

The post မိဘများ လိင်တူကိစ္စအကြောက်လွန်မှုက အိုးမဲ့အိမ်မဲ့ဖြစ်ရဟု ဂျက်ကီချန်းသမီးပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ