Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုခံခဲ့ရတယ်လို့ မင်းသမီး Cate Blanchett ပြော

$
0
0

Time’s Up လှုပ်ရှားမှုမှာ ထောက်ခံသူတယောက်ဖြစ်တဲ့ ဟောလိဝုဒ်မင်းသမီးချော Cate Blanchett က Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုခံခဲ့ရတယ်လို့ ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။

Varity နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သြစတေးလျမင်းသမီး Cate က “The Talented Mr. Ripley” နဲ့ “Carol” တို့အပါအဝင် သူ့ရဲ့ ရုပ်ရှင်တော်တော်များများကို ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူကြီး Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုခံခဲ့ရတယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

“သူဟာ တကယ့်ကိုပဲ သားရဲတိရိစ္ဆာန်လိုပဲ စားဖားကြီးတကောင်ပါ၊ ကျမသူ့ကို သဘောမကျပါဘူး၊ သူက မကြာခဏ ကျမကိုပြောတယ်၊ ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးတဲ့” လို့ ပြောကြားခဲ့ပေမယ့် ဘယ်လိုအခြေအနေ တွေနဲ့ ကြုံခဲ့ ရတယ် ဆိုတာကိုတော့ ပြောဖို့ ငြင်းဆိုသွားခဲ့ပါတယ်။ သူက ဆက်ပြီး “သူလုပ်ခိုင်းတာတွေကို ကျမ လုပ်မှာ မဟုတ်ပါ ဘူး” လို့ပြောဆိုပြီး သူ့ကို တရားစွဲဆိုမှုစတင်လိုက်ချိန်မှာပဲ ထပ်ပြီးတော့ တရားစွဲလာကြမယ့်သူတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီး စောင့်ကြည့်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် “ရည်ရွယ်ထားတဲ့ မုဒိန်းမှုဆိုတာ ရာဇဝတ်မှုပဲ ဖြစ်ပါတယ်၊ တရားခွင်စနစ်ကနေ လူတွေက ကြိုးပမ်းနေကြတာ တကယ့်ကိုပဲ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်၊ မတူညီတဲ့ နေရာတွေကနေ ခြိမ်းခြောက်မှု တွေရှိတဲ့အတွက် ကျမတို့ လက်ကိုင်ထားရမယ့် တကယ့်ကိုပဲ အရေးကြီးတဲ့ ဒီမိုကရေစီရဲ့ လက်တံတခုပဲ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ Weinstein နဲ့ နောက်ထပ် အလုပ်အတူ တွဲလုပ်တော့မှာ မဟုတ်တော့ဘူးလို့ မင်းသမီး Cate က ပြောကြားခဲ့ပြီး နောက်ထပ်လည်း ကြုံဆုံ တွေ့ကြလိမ့်မှာ မဟုတ်ဘူး လို့ ဆိုလိုက်ပါတယ်။ Woody Allen နဲ့ အလုပ်အတူတွဲလုပ်ဖို့ ဖြစ်နိုင်ချေကိုတော့ မင်းသမီးက ဖယ်ရှား ပြောကြားခဲ့တာမျိုးတော့ မရှိပါဘူး။ အသက် ၄၈ နှစ်အရွယ် မင်းသမီး Cate ဟာ ၂၀၁၃ ခုနှစ်မှာ Woody Allen ရိုက်ကူးတဲ့ “Blue Jasmine” ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီးက “ကျမ Woody နဲ့ အလုပ်တူတွဲလုပ်ရဦးမလားဆိုရင် သူနဲ့ အလုပ်တူတွဲလုပ်ခဲ့တဲ့အချိန်မှာ အလုပ်ဖြစ်ခဲ့ပြီး အမျိုးသမီးတွေအတွက် အထူးခြားဆုံး ဇာတ်ကောင်တွေကို သူရေးခဲ့ပါတယ်၊ ဒါပေမယ့် သူနဲ့ အလုပ်အတူ တွဲလုပ်ခဲ့ချိန် မှာတော့ ဘာတွေဖြစ်လာမယ်ဆိုတာ ကျမ လုံးဝကိုမသိခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

etcanada

The post Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုခံခဲ့ရတယ်လို့ မင်းသမီး Cate Blanchett ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ