Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကွယ်လွန်သူ ဒီဂျေ Avicii မှာ ဖန်ကွဲစဖြင့် အဆုံးစီရင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လာ

$
0
0

ကွယ်လွန်သူ နာမည်ကျော် ဒီဂျေ Avicii ရဲ့ သေဆုံးရတဲ့အကြောင်းအရင်း ဖြစ်နိုင်ချေတခု ထွက်ပေါ်လာပါပြီ။ “Wake Me Up” သီချင်းအဆိုတော်ဟာ ဖန်ကွဲစနဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆွီဒင် ဒီဂျေ Avicii ဟာ သွေးအများကြီးထွက်အောင် ဝိုင်ဖန်ခွက် အကွဲစနဲ့ လှီးဖြတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ သတင်းရငမြစ် တော်တော် များများက TMZ မီဒီယာကို ပြောပါတယ်။ သတင်းရင်းမြစ် နှစ်ခုကတော့ Avicii ရဲ့ လည်ပင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာနှစ်ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြားရင်းမြစ်တခုက အဓိကဒဏ်ရာမှာ Avicii ရဲ့ လက်ကောက်ဝတ်မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

Avicii ကို အိုမန်နိုင်ငံ၊ Muscat မြို့မှာ ဧပြီ ၂၀ ရက်တုန်းက သေဆုံးလျက်တွေ့ရှိခဲ့တာပါ။ သူဟာ သေဆုံးချိန်မှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပါတယ်။ PEOPLE မီဒီယာရဲ့ သတင်းထုတ်ပြန်ချက် တခုမှာ ဆိုရင် သူ့မိသားစုဟာ သူမကွယ်လွန်ခင် သူ့ရဲ့ စိတ်ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်နေခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ သူ့အစ်ကို ဖြစ်သူက အိုမန်နိုင်ငံကို သွားခဲ့ပေမယ့် Avicii က ကိုယ့်ကိုကိုယ် သတ်သေခဲ့ပြီး နာရီ အနည်းငယ်အကြာမှာ ရောက်သွားခဲ့တယ်လို့ဆိုပါတယ်။

သတင်းရင်းမြစ်တခုက “Avicii ရဲ့ မိသားစုက အဲဒီသီတင်းပတ်အစောပိုင်းမှာ ဖုန်းနဲ့ သူ့ကိုစကားပြောခဲ့ပါတယ် ၊ ပြီးတော့ စိတ်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့လည်း တော်တော်လေး စိုးရိမ်ခဲ့ကြပါတယ်၊ သူ့အစ်ကိုက သူ့ကိုခေါ်ဖို့ အိုမန် နိုင်ငံကို သွားခဲ့ပြီး နာရီနည်းနည်းလောက် နောက်ကျပြီးမှ ရောက်သွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Tim Berglin လို့ခေါ်တဲ့ Avicii ဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဖော်ပြထားတဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ ပါတယ်။ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီ့ ကြေညာချက်ထဲမှာ ဆိုရင် Avicii ဟာ ပြင်းထန်တဲ့ စိတ်ဖိအားတွေကို ခံစားခဲ့ရကြောင်း ၊ နယ်လှည့်ပွဲတွေကို ရပ်တန့်ပြီး ပျော်ရွှင်ရတဲ့ ဘဝကို ရှာတွေ့နိုင်ဖို့ သူချစ်တဲ့ ဂီတကို လုပ်ဆောင်ချင်ခဲ့ကြောင်း၊ ဘဝနဲ့ ပျော်ရွှင်မှုအဓိပ္ပါယ်ကို သိရှိနိုင်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့အကြောင်းနဲ့ ငြိမ်းချမ်းမှုကို ရှာဖွေလိုတာဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

တော်ဝင်အိုမန်ရဲတပ်ဖွဲ့ကတော့ သူတပါးပယောဂကြောင့် သေဆုံးရတာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ အလောင်းကို စစ်ဆေးမှုနှစ်ကြိမ် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့သေဆုံးမှုမှာ ရာဇဝတ်မှု သံသယ မရှိဘူးလို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ Avicii ဟာ ၂၀၁၂ ခုနှစ်မှာ အရက်အလွန်အကျွံသောက်သုံးမှု ကြောင့် ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ ပန်ကရိယရောဂါကို ခံစားခဲ့ရပါတယ်။ သူ့ရောဂါ အခြေအနေကြောင့်ပဲ ၂၀၁၆ ခုနှစ်မှာ ဖျော်ဖြေမှုတွေလုပ်ဆောင်မှု ကို ရပ်ဆိုင်းခဲ့ပါတယ်။

Ref: aceshowbiz

The post ကွယ်လွန်သူ ဒီဂျေ Avicii မှာ ဖန်ကွဲစဖြင့် အဆုံးစီရင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)