Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Talent ရှိတဲ့ DJ တယောက်အနေနဲ့ ရပ်တည်သွားမယ့် မိန်းကလေး DJ တဦးဖြစ်တဲ့ ပိုးအိဖြူစင်

$
0
0

မော်ဒယ်ပိုးအိဖြူစင် ကတော့ DJ Neonz အမည်ဖြင့် မိန်းကလေး DJ တယောက်အနေဖြင့် ရပ်တည်လျက်ရှိပြီး အခက်အခဲများစွာကြားထဲကပင် Talent ရှိတဲ့ DJ တယောက်အနေနဲ့ အကောင်းဆုံး ရပ်တည်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မိန်းကလေး DJ အနေနဲ့ဆိုရင်က ညဘက်တွေသွားတဲ့အခါမျိုးမှာဆိုရင် အခက်အခဲတွေဖြစ်တယ်။ နောက်ပြီးတော့ အလုပ်အပ်လာရင်လည်း မိန်းကလေး DJ တကယ်တော်ရဲ့လား တကယ်တီးတတ်ရဲ့လား အဲဒီလိုတွေအများကြီး အမြင်ခံရတယ်။ အဓိကကတော့ Talent ရှိတဲ့ DJ တယောက်အဖြစ်အကောင်းဆုံး ရပ်တည်သွားမှာပါ။ ကိုယ်တိုင် Producer တယောက်အနေနဲ့ ထပ်ပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ သီချင်းတွေကို ကိုယ်တိုင်တီးနိုင်တဲ့ထိ လုပ်သွား ဖို့ရှိပါတယ်” လို့ DJ နဲ့ ပတ်သတ်ပြီး ပိုးအိဖြူစင်က ပြောပါတယ်။

မိန်းကလေးDJ တဦးဖြစ်တဲ့ ပိုးအိဖြူစင်

ပိုးအိဖြူဟင်က DJ နဲ့ ပတ်သက်ပြီး လေ့လာစရာများ များစွာရှိနေပြီး မော်ဒယ်ပိုင်းနဲ့ အလုပ်လုပ်ရတာခြင်းမတူညီဘဲ အခက်အခဲတွေအများကြီးရှိတယ်လို့ ပြောပါတယ်။

“မော်ဒယ်နဲ့ DJ ကမတူဘူး။ Music ပိုင်းကိုရောက်တဲ့အခါမှာတော့ ညီမအနေနဲ့ လေ့လာစရာတွေများတယ် အများကြီးကွာတယ် ပရိသတ်ကို Entertain လုပ်ရတာလည်းမတူဘူး။ အများကြီးအခက်အခဲတွေရှိပါတယ်” လို့ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး ပြောပါတယ်။

မော်ဒယ်ပိုးအိဖြူစင်ကိုတော့ ပရိသတ်အများစုက မော်ဒယ်တယောက်အနေဖြင့်သာ သိကြပြီး နောက်ပိုင်း DJ Neonz နာမည်ဖြင့် သိလာကြတယ်လို့ပြောပါတယ်။

“ညီမအနေနဲ့က မော်ဒယ်အနေနဲ့ကလည်း လက်မလွှတ်ချင်ဘူး ဒီဘက်ကိုလည်းလက်မလွှတ်ချင်ဘူးဆိုတော့ နှစ်ခုလုံးကို မျှအောင်လုပ်သွားမှာပါ” လို့ ဆိုပါတယ်။

The post Talent ရှိတဲ့ DJ တယောက်အနေနဲ့ ရပ်တည်သွားမယ့် မိန်းကလေး DJ တဦးဖြစ်တဲ့ ပိုးအိဖြူစင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ