Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရယ်စရာ ဟာသကားတွေကို ပေါကားလို့ ကျနော်မသတ်မှတ်ဘူး ဆိုတဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်

$
0
0

သရုပ်ဆောင်ကျော်ဇင်ထွဋ်ကတော့ လက်ရှိတွင် မြန်မာဇာတ်ကားများနဲ့ ပတ်သက်ပြီး ပရိသတ်များကြား ဝေဖန်နေ ကြတဲ့ ပေါကားဆိုတဲ့ စကားရပ်အပေါ်သူ့ရဲ့အမြင်များကို ဧရာဝတီနဲ့ ဆုံခိုက်မှာ ယခုလို ပြောကြားထားပါတယ်။

“ပရိသတ်နဲ့ကျနော်နဲ့ အမြင်ချင်းကွဲနေတယ်ထင်တာပဲ။ တူရင်လည်းတူမှာပေါ့နော်။ ကျနော် သတ်မှတ်တဲ့ ပေါကား ကကျတော့ ပိုက်ဆံနည်းနည်းနဲ့ ခြစ်ကုပ်ပြီး မရရအောင်ရိုက်ြ ပီးတော့ သူ့ကိုယ်သူ ကားကောင်း ဆိုပြီးတော့ ဇာတ်ကားနမူနာလေးပဲ ကောင်းအောင်ကြေငြာပြ အဲဒါမျိုးကိုမှ ကျနော်က ပေါကားလို့သတ်မှတ်တာ၊ ရယ်စရာ ဟာသတွေကို ပေါကားလို့မသတ်မှတ်ဘူး” လို့ သရုပ်ဆောင် ကျော်ဇင်ထွဋ်က ပြောပါတယ်။

ပေါကားလို့ ဝေဖန်မှုများက လေလှိုင်းပေါ်မှာသာရှိနေပြီး အပြင်ပရိသတ်တွေကြားမှာ သိပ်မကြားရဖူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် နယ်ဘက်က ပရိသတ်များမှာ အများဝေဖန်နေကြတဲ့ ကားမျိုးများကို ကြိုက်နှစ်သက်ကြပြီး သူတို့အတွက် စိတ်ထွက်ပေါက်တခုလိုပင်ဖြစ်နေတယ်လို့ သရုပ်ဆောင် သရုပ်ဆောင် ကျော်ဇင်ထွဋ်က လက်ရှိ မြန်မာ့ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုမြင့်တက်နေတဲ့ အပေါ် သူရဲ့အမြင်များကို ဆိုပါတယ်။

“လူတွေက ပေါကားဘာညာသာ လျှောက်ဝေဖန်တာ အဲဒါကလည်း လေလှိုင်းပေါ်မှာသာ ဖြစ်နေတာပါ။ အပြင်က ပရိသတ်တွေကြားမှာ သိပ်မကြားဘူးလေ နယ်သွားလည်း အဲဒီကားတွေဆိုကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုရင် တနေ့တာမောပန်းသမျှက သူတို့အတွက် စိတ်ထွက်ပေါက်လေ အဲဒီတော့ ပရိသတ်ကြောင့်ပဲလို့ ထင်ပါတယ်။ ဟာသကားကို မကြည့်ဘူး မကြိုက်ဘူးဆိုရင် ဟာသကားကို ရိုက်ကြတော့မှာမဟုတ်ဘူး” လို့ ကျော်ဇင်ထွဋ်က ပြောပါတယ်။

လတ်တလောမှာတော့ သရုပ်ဆောင်ကျော်ဇင်ထွဋ်က ဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ ရန်အောင် ၊ရဲမင်းပိုင် ၊လူမင်း ၊နေဆန်း တို့နှင့်အတူ Cover လို့အမည်ရတဲ့ အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးမှာ ဖြစ်ပါတယ်။

ဗီလိန်သရုပ်ဆောင်တဦးအဖြစ် အရိုက်များတဲ့ ကျော်ဇင်ထွဋ်ကတော့ သမီးလေး နှစ်ယောက်ရဲ့ ဖခင်တဦးဖြစ်ပြီး သမီး လေးတွေက အရွယ်ရောက်လာတဲ့အတွက် ယခုနောက်ပိုင်း မကောင်းတာလုပ်ရတဲ့ ဇာတ်လမ်းမျိုးတွေထက် ရိုးရိုးတန်းတန်း ဇာတ်လမ်းများကို လာခေါ်ရိုက်ရင်ပိုကြိုက်တယ်လို့ ဆိုပါတယ်။

“ဟာသကားမျိုးလေးတွေ လာခေါ်ကြရင် ပိုကြိုက်တယ်။ ဘာဖြစ်လို့လည်းဆိုရင် အသက်အရွယ်အရလည်းပါသလို ကျနော်သမီးလေးတွေလည်း အပျိုအရွယ်လေးတွေဖြစ်လာပြီဆိုတော့ ရှင်းရှင်းပြောရရင် ရိုးရိုးကားလေးတွေဆိုရင် အိမ်မှာပြရင်ပြရဲတာပေါ့။ မကောင်းတာအရမ်းလုပ်ထားတဲ့ကားမျိုးကျတော့ အိမ်မှာပြန်ပြရတာရှက်တယ်” လို့ ပြောပါတယ်။

The post ရယ်စရာ ဟာသကားတွေကို ပေါကားလို့ ကျနော်မသတ်မှတ်ဘူး ဆိုတဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)