အဆိုတော် Taylor Swift ဟာ သူ့ရဲ့ မကြာမီပြုလုပ်တော့မယ့် Reputation နယ်လှည့်အစီအစဉ်ရဲ့ ပထမဆုံး ပွဲကို University Of Phoenix Stadium မှာ ပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ပရိသတ်အရေအတွက် စံချိန်တင်ခဲ့ တယ်လို့ ဆိုပါ တယ်။ ပေါ့ပ်စတား တဦးဖြစ်တဲ့ Swift ဟာ မေ ၈ ရက်၊ အရီဇိုးနားပြည်နယ်၊ Glendale မြို့မှာ နယ်လှည့်ပွဲကို စတင်ဖို့ သီတင်းတပတ်လောက်ပဲ လိုတော့တာ ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်က One Direction အဖွဲ့တင်ထားတဲ့ လာရောက်ကြည့်ရှု သူ ပရိသတ်အများဆုံးစံချိန်ကို ရိုက်ချိုးခဲ့နိုင်တာလည်း ဖြစ်ပါတယ်။
အဲဒီပွဲကို ပရိသတ် ၅၆၅၂၄ ဦးတက်ရောက်ခဲ့ပေမယ့် သူ့ရဲ့ ပွဲကို အဲဒီလူအရေအတွက်ထက် ကျော်လွန်လိမ့်မယ်လို့ ခန့်မှန်းထားပုံရပါတယ်။ အဲဒီပွဲပြီးတဲ့နောက် တက်ရောက်လာတဲ့ပရိသတ် အတိအကျကို မသိနိုင်ခဲ့ ပေမယ့် အရီဇိုးနား အားကစားနဲ့ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ရဲ့ စီအီးအိုနဲ့ ဥက္ကဌ Tom Sadler က Swift ရဲ့ ဖျော်ဖြေပွဲ ဟာ စံချိန်ကို ချိုးနိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ တကယ့်ပွဲကြီးစဖို့ ၁၁ ရက်လောက် လိုသေးပေမယ့် One Direction အဖွဲ့ရဲ့ပွဲ လူလာရောက်နှုန်းကို ကျော်လွန်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Swift ရဲ့ ပထမဆုံး ဖျော်ဖြေပွဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ Camila Cabello နဲ့ Charli XCX တို့ ပါဝင်လာမှာ ဖြစ်ပြီး မေ ၁၁ နဲ့ ၁၂ ရက်မှာ Santa Clara မြို့ကပွဲတွေနဲ့ မေ ၁၈ နဲ့ ၁၉ ရက်တို့မှာ Pasadena မြို့က ပွဲတွေမှာလည်း သုံးဦးသား ဖျော်ဖြေကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်လှုပ်ရှားနေတဲ့ အဆိုတော် Swift က ပွဲမစမီ ရက်ရေတွက်တဲ့ အစီအစဉ်တခု ကို စတင်ခဲ့ပြီး ဖျော်ဖြေပွဲတခုချင်းစီတိုင်းရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေကို ပရိသတ်တွေထံ ပြောကြား ပေးမယ် လို့ ကတိပေးထားပါတယ်။
ဧပြီ ၂၅ ရက်စလို့ Instagram ဗီဒီယိုတခုကနေ တဆင့် နေ့စဉ်အသေးစိတ်အချက်အလက်တွေကို တင်ပြခဲ့ပြီး သူမထွက်ရှိ ထားတဲ့ အယ်လ်ဘမ်တွေထဲက သီချင်းဘယ်နှပုဒ်ကို ပရိသတ် တွေက ကြားချင်ပါသလဲဆိုတဲ့ မေးခွန်း မေးမြန်းခဲ့တဲ့ အပြင် သီချင်း ၁၀ ပုဒ် သီဆိုမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ “Love Story” သီချင်းအဆိုတော ် Swift က အစမ်း လေ့ကျင့် နေတဲ့အချိန်အတွင်းမှာ ပူအိုက်ပြီး ချွေးထွက်နေတဲ့ သူမရဲ့ အဖြူအမည်း ဓါတ်ပုံကိုလည်း တင်ခဲ့ပါတယ်။
aceshowbiz
The post Taylor Swift ရဲ့ ဖျော်ဖြေပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက် စံချိန်တင်များပြား appeared first on ဧရာဝတီ.