Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝမ်းသာရတော့မယ့် ညီညီမောင် (စမ်းချောင်း)တို့ အချစ်ရေး

$
0
0

ပရိသတ်တွေ စိတ်ဝင်စားတဲ့ မိတ်ကပ်ညီညီမောင် (စမ်းချောင်း) တို့ချစ်သူနှစ်ဦးရဲ့ အချစ်ရေးကတော့ မကြာခင်မှာ ဝမ်းသာရတော့မယ်လို့ ပြောပါတယ်။

“အချစ်ရေးကတော့ ဝမ်းသာရမှာပေါ့။ သုသုတို့ ၂ယောက်ကတော့ မချစ်လို့ ရန်ဖြစ်လို့ကွဲတာမှ မဟုတ်တာ ဒီလိုပါပဲ တယောက်နဲ့ တယောက် အားပြိုင်ကျရင်းနဲ့ကွဲကြတာ အဆင်မပြေ ခဏဖြစ်တာ ဒါကတော့ မိသားစုတိုင်း အိမ်ထောင်ရေးတိုင်းမှာလည်း အမြဲတမ်းအဆင်ပြေနေတာမှ မဟုတ်တာ ချစ်ပြီဆိုမှတော့ ရန်ဖြစ်ကြ စိတ်ကောက်ကြတာတွေ ရှိကြတာပါပဲ။ ဒါပေမယ့် သုသုတို့ နှစ်ယောက်က အခုတော့ အဆင်ပြေပါတယ်” လို့ ဆိုလိုက်ပါတယ်။

ပရိသတ်တွေက “သုသု” လို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင် (စမ်းချောင်း)ကတော့ သူ့ထက်အသက် ၁၁နှစ်ငယ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေက မိန်းမလျာ အိမ်ထောင်ရေး ဖြစ်ပေမယ့်လည်း ချစ်ခင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

“မိန်းမလျာ အိမ်ထောင်ရေးပေမယ့် ကိုယ်တွေက ယောင်္ကျား၊ မိန်းမအိမ်ထောင်ရေးလိုနေတဲ့အတွက် သုသုတို့ကို ချစ်ကြတယ်လို့ ထင်ပါတယ်။ စိတ်ပူပေးကြတဲ့သူတွေကိုလည်း စိတ်ပူသွားစေတဲ့အတွက် အများကြီး တောင်းပန်ပါ တယ်။ သုသုတို့က ခဏခဏ ရန်ဖြစ်နေကျပါ။ သတိထားမိသွားကြတယ်ဆိုတာ အခုမှ Hot ဖြစ်နေတာမလို့ ထင်ပါတယ်။ အမြဲတမ်းကတော့ သတ်နေကျပါ” ဆိုပြီး ညီညီမောင် (စမ်းချောင်း) က ရှင်းပြပါတယ်။

ညီညီမောင် (စမ်းချောင်း)ကတော့ ချစ်သူနဲ့ပြန်လည်အဆင်ပြေသွားရင် သူ့ အနေနဲ့ ဘန်ကောက်မှာ သွားရောက်ကာ ဖန်ပြွန်သန္ဓေသားယူဖို့အတွက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ အသိပေးပြောကြားခဲ့ပါသေးတယ်။

The post ဝမ်းသာရတော့မယ့် ညီညီမောင် (စမ်းချောင်း)တို့ အချစ်ရေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ