Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝေဖန်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောလာတဲ့ Beauty Blogger နေခြည်ဦး

$
0
0

မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ Beauty Blogger နေခြည်ဦးက ဆိုးဝါးတဲ့ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ ရပေမယ့် ဝေဖန်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ဧရာဝတီနဲ့ မေးမြန်းမှုမှာ ပြောပါတယ်။

“ဝေဖန်မှုတွေ အတွက်ကတော့ ကောင်းတာပဲပြောပြော ဆိုးတာပဲပြောပြော လူတွေရဲ့ ပါးစပ်ဖျားမှာ ပြောတယ်ဆို က တည်းကိုက ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အမြဲတမ်း ကိုယ့်အကြောင်းကို ပြောပေးနေဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဝေဖန်တာပဲဖြစ်ဖြစ် ချီးကျူးတာပဲဖြစ်ဖြစ် တိုက်ခိုက်တာပဲဖြစ်ဖြစ် နေခြည်အားလုံးကို လက်ခံတယ်။ အချိန် ပေးပြီး ပြောပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အခုပြောတာတွေက နေခြည့်အတွက် အဆိုးဆုံးမှ မဟုတ်တော့တာ နေခြည့်အတွက်က အဆိုးဆုံးအချိန်တွေ အများကြီးကြုံပြီးပြီ အခုချိန်မှာ ကိုယ့်ကို ပုံတွေနဲ့ တိုက်ခိုက်တာတွေက Entertainment တခုအနေနဲ့ပဲ မြင်ပါတယ်” လို့နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကတော့ လတ်တလောတွင် ကြော်ငြာများရိုက်ကူးလျက်ရှိပြီး သူမရဲ့ beautybynaychi အတွက်လည်း သေချာလေး လုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။

နေခြည်ဦးရဲ့ ကိုယ်ပိုင်Brand ထုတ်ဖို့အတွက်နဲ့ ပတ်သက်ပြီးတော့လည်း “နေခြည့်ကိုယ်ပိုင် Brand ထုတ်ဖို့အတွက် စီစဉ်နေတာ တနှစ်တောင်ကျော်လာခဲ့ပြီ။ သေချာလေးလုပ်ဖို့အတွက် လုပ်နေပါတယ်။ နာမည်စဉ်းစား ပြီးပြီ။ နေခြည့် ပရိသတ်တွေ ပေးထားတဲ့ “Chi” ဆိုတဲ့နာမည်ပဲပေးဖြစ်မှာပါ။ နေခြည့်မှာ “Chillies Fandom” ဆိုတဲ့ Group ရှိတယ်။ သူတို့တွေပြောတဲ့စကားဆိုရင် နေခြည်အမြဲနားထောင်တယ်။ သူတို့တွေပြောတဲ့ ပစ္စည်းလေးတွေရှိတယ်။ ဈေးနှုန်း တွေကအစပေါ့။ အဲဒီစကားတွေကို နားထောင်ပြီး ထုတ်ဖြစ်မှာပါ ” လို့ နေခြည်ဦးက ပြောပါတယ်။

လတ်တလောမှာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း လူအများက စိတ်ဝင်စားလျက်ရှိပါတယ်။ နေခြည်ဦးက သူမရဲ့ Relationship နဲ့ ပတ်သက်ပြီးတော့လည်း “နေခြည့်ရဲ့ Relationship ကိုတော့ သေချာရင် ပြောပြပါမယ်။ ဝေဖန်ခံရမှာစိုးတာထက် ကိုယ်နဲ့ပတ်သက်ရမယ့်သူကို ထိခိုက်မှာကို ပိုစိုးရိမ်တယ်။ နေခြည့်အတွက်က ဝေဖန်မှု ဆိုတာ ရိုးနေပြီ နေခြည်နဲ့ ပတ်သက်တဲ့သူကို ဝေဖန်ခံရမှာကိုကျတော့ မမျှတဘူးလို့ ထင်တယ်” လို့ ဆိုပါတယ်။

Beauty Blogger တဦးဖြစ်တဲ့နေခြည်ဦးဟာ မိန်းကလေးတော်တော်များများရဲ့ အားပေးမှုများစွာကို ရရှိထားပြီး ကြော်ငြာများနှင့် ရုပ်ရှင်ဇာတ်ကားကြီး တကားကိုလည်း ရိုက်ကူးထားပါတယ်။

The post ဝေဖန်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောလာတဲ့ Beauty Blogger နေခြည်ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)