Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင်လောကကနေ နုတ်ထွက်တော့မယ့် မင်းသား Nicolas Cage

$
0
0

ကမ္ဘာကျော်မင်းသား Nicolas Cage ဟာ နောက် သုံးလေးနှစ်လောက်ပဲ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်တော့မှာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ဒါရိုက်တာလိုမျိုး ကင်မရာ နောက်ကွယ်ကနေ ရပ်တည်တဲ့ ကဏ္ဍဘက်ကို ပြောင်းရွှေ့ တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၅၄ နှစ်အရွယ်မင်းသားဟာ ‘Ghost Rider’ နဲ့ ‘National Treasure’ တို့လိုမျိုး ရုပ်ရှင်တွေမှာ ပါဝင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကျော်ကြား ပေမယ့် ရုပ်ရှင်တွေမှာ သိပ်ပြီးတော့ ပါဝင်တော့ မှာ မဟုတ်ဘူးလို့ ထုတ်ပြောလိုက်ပြီး ရိုက်ကွင်း နောက်ကွယ်ကို အမြဲတမ်းအနေနဲ့ ရွှေ့ပြောင်းချင်တဲ့အကြောင်း ပြောဆို လိုက်ပါတယ်။

ပွါတိုရီကိုနိုင်ငံမှာ သူ့ရဲ့ရုပ်ရှင်သစ် ‘Primal’ အကြောင်းဆွေးနွေးနေစဉ်မှာ မင်းသား Cage က “ထုတ်လုပ်တာနဲ့ ရိုက်ကူး တဲ့ နေရာမှာ ကျနော်က ထုတ်လုပ်ရေးဘက်ကို ပြန်သွားချင်ပါတယ်၊ ကျနော့်ကုမ္ပဏီ Saturn Films က ကျနော် အခု ရိုက်နေရတဲ့ ရုပ်ရှင်တွေအားလုံးမှာ ပါဝင်ပါတယ်၊ ဒီလမ်းပေါ်ကနေဆင်းရင် မျှော်လင့်ထားတာက ဒါရိုက်တာအလုပ်ပဲ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က မူလကတည်းက ရုပ်ရှင်ဖျော်ဖြေ တင်ဆက်သူတယောက် အခုဖြစ်နေလို့ပါ၊ ကျနော် သုံး၊လေး နှစ်လောက် ဆက်လုပ်ဦးမယ်၊ ပြီးရင်တော့ ရုပ်ရှင်ရိုက်ကူးရေးဘက်ကို အာရုံစိုက်ချင်ပါတယ်” လို့ The Blast မီဒီယာအပါအဝင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

‘Con Air’ ရုပ်ရှင်မင်းသား Cage ရဲ့ ကင်မရာအရှေ့က ဘဝတခုကနေ ဖယ်ခွာဖို့ ဆုံးဖြတ်ချက်ဟာ သူအလုပ် မလုပ်တဲ့ အချိန်တိုင်း ကိုယ့်ကိုကိုယ်ဖျက်စီးတဲ့လူတယောက်ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောကြားပြီးတဲ့ နောက် ထွက်ပေါ်လာ တာပဲဖြစ်ပါတယ်။ သူက “အလုပ်လုပ်ဖို့ လိုချင်တဲ့ အကြောင်းပြချက် တော်တော်များများ ကျနော့်ဆီမှာရှိပါတယ်၊ အရိုးသား ဆုံးပြောရရင် အဲဒီအထဲကတခုက ကျနော့်အလုပ်အပေါ်မှာ အာရုံမစိုက်ရင် ကျနော်ဟာ နည်းနည်း ကိုယ့်ကိုကိုယ်ဖျက်စီး တဲ့ လူတယောက် ဖြစ်လာနိုင်ပါတယ်၊ အလုပ်ရဲ့သဘောသဘာဝကို ကျနော်သဘောကျပါတယ်၊ ဝိုင်တပုလင်းနဲ့ ဝိုင် နှစ်ပုလင်းတို့ကြားက ခြားနားမှုလည်းဖြစ်ပါတယ်၊ ဒါ့ကြောင့် နေ့စဉ်လုပ်နေကျလိုဖြစ်ပြီး သဘော သဘာဝလည်း ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒ့ါအပြင် အသုံးစရိတ်တွေကို ရှင်းဖို့ အကျိုးအမြတ်ရှိတဲ့ရုပ်ရှင်ဇာတ်ရုပ်တွေကို လက်ခံဖြစ်တယ်လို့် မင်းသား Cage က ဝန်ခံပြောဆိုထားပါတယ်။ သူက “အတိတ်က အမှားတွေနဲ့ ရင်ဆိုင်နေတုန်းပါပဲ၊ ကိုယ့်ကိစ္စကိုယ်ရှင်း ပြီး ငွေကြေးပိုင်းမှာ အကြပ်အတည်း ဖြစ်ခဲ့ရပါတယ် ၊ ဒါပေမယ့် သရုပ်ဆောင် ဖျော်ဖြေဖို့နဲ့ အသုံးစရိတ်တွေ ရှင်းဖို့အတွက် ကျနော်နဲ့ အလုပ်လုပ်မယ့် ရုပ်ရှင်တွေကို မဖြစ်မနေရှာခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ကင်မရာနောက်ကွယ်မှာ နေမယ်ဆိုတဲ့ အပြောင်းအလဲကို စီစဉ်ထားပေမယ့် မင်းသား Cage ရဲ့ ရုပ်ရှင်ထားရှိတဲ့ အချစ်က မှေးမိန် ပျောက်ကွယ်မသွားသေးဘဲ ရုပ်ရှင်တွေ ရိုက်ကူးရတာကို ကြိုက်နှစ်သက်ဆဲပဲလို့ ဆိုပါတယ်။သူက “ကျနော်ရုပ်ရှင်တွေ ဖန်တီးရတာကို ကြိုက်နှစ်သက် ပါတယ်၊ သရုပ်ဆောင်ရတာကိုလည်း သဘောကျပါတယ်၊ ရုပ်ရှင်နဲ့ ဖျော်ဖြေတင်ဆက်မှု ရဲ့ စွမ်းပကားကို ကြိုက်နှစ်သက် ပါတယ်၊ လေ့ကျင့်ရတာကိုလည်း ကြိုက်ပါတယ်” လို့ ပြောကြားဖူးပါတယ်။

Ref: contactmusic

The post သရုပ်ဆောင်လောကကနေ နုတ်ထွက်တော့မယ့် မင်းသား Nicolas Cage appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ