Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Saudi Arabia နိုင်ငံ၏ ပထမဆုံးစီးပွားဖြစ်ရုပ်ရှင်ရုံကို ဖွင့်လှစ်

$
0
0

ရှေးရိုးစွဲ ကွန်ဆာဗေးတစ်မူစလင်ဘုရင့်နိုင်ငံဖြစ်တဲ့ Saudi Arabia (ဆော်ဒီအာရေးဗျ) နိုင်ငံကို လမ်းဖွင့်ပေးမယ့် အိမ်ရှေ့ မင်းသားရဲ့ တွန်းအားပေးလုပ်ဆောင်မှုအောက်မှာ နှစ်ပေါင်း ၄၀ နီးပါးကြာ ရုပ်ရှင်ရုံတွေအပေါ် တားမြစ်ပိတ်ပင်မှု အဆုံး သတ်သွားတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာပဲ နိုင်ငံရဲ့ ပထမဆုံးစီးပွားဖြစ် ရုပ်ရှင်ရုံတခုကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန်ဆော်ဒီနိုင်ငံသားတွေကတော့ ရုပ်ရှင်ကြည့်ရဖို့ အတွက် သီတင်းပတ်အနည်းငယ်လောက် စောင့်ဆိုင်းရ မှာ ဖြစ်ပါတယ်။ ရီယာ့ဒ်မြို့တော်မှာ အခုလထဲ ပြုလုပ်မယ့် သီးသန့် ရုပ်ရှင်ပြသမှုကိုတော့ ဖိတ်ကြားထားသူတွေသာ တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး လာမယ့် မေလထဲမှာတော့ အများပြည်သူကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ AMC Entertainment Holdings ကုမ္ပဏီက ဆိုပါတယ်။

အကြီးတန်း အစိုးရအရာရှိတွေ၊ နိုင်ငံခြားသား ရာထူးဂုဏ်ရှိန်ကြီးသူတွေနဲ့ ရွေးချယ်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေ ဟာ မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားမှာ Marvel ရဲ့ စူပါဟီးရိုး ရုပ်ရှင် “Black Panther” ကို ကြည့်ရှုနိုင်ကြလိမ့် မယ်လို့ မျှော် လင့်ရပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကတည်းက စတင်ပြသမယ့် ရက်ကို ကြေညာ ခဲ့ပေမယ့် စမ်းသပ်တဲ့ အနေနဲ့ သာ ပြသခဲ့တာလည်း ဖြစ်ပါတယ်။ ကန့်သတ်အနေအထားနဲ့ ပရိသတ်ကို ခွင့်ပြုထားပေမယ့် အခုလိုမျိုး ရုပ်ရှင်ရုံ အဖြစ် ပြသနိုင်ခဲ့တာ ဟာ ဆော်ဒီနိုင်ငံသားတွေ ရဲ့ ပြင်ပကမ္ဘာနဲ့ အလှမ်းဝေးနေတဲ့ဘဝနေထိုင်မှုပုံစံကို လမ်းဖွင့်ပေးဖို့ နဲ့ ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ချဲ့ထွင်ဖို့ အိမ်ရှေ့မင်းသား Mohammed bin Salman ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအောက်မှာ သမိုင်း မှတ်တိုင်တခုအဖြစ်သတ်မှတ် နိုင်ပါတယ်။

အသက် ၃၂ နှစ်အရွယ် အာဏာရှိတဲ့မင်းသားဟာ အများပြည်သူကြည့်ရှုလို့ရမယ့် ဖျော်ဖြေပွဲကျင်းပခွင့်၊ အမျိုးသမီးများ ကားမောင်းခွင့်နဲ့ ကျား၊မ ရောနှောနေထိုင်ခွင့် တို့အပါအဝင် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကန့်သတ်ချက် တော်တော်များများ ကို လ။ ဒါပေမယ့်လည်း ဆော်ဒီနိုင်ငံသား တွေဟာ အနောက်မီဒီယာတွေနဲ့ ယဉ်ကျေးမှုကို ကြည့်ရှုအားပေးနေသူတွေ ဖြစ်လာခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေကို ကန့်သတ်ပိတ်ပင် ထားပေမယ့်လည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ ရုပ်သံဇာတ်လမ်း တွဲတွေကို အိမ်မှာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုလာခဲ့ကြပြီး သီးသန့် ရုပ်ရှင် ပြသ မှုတွေကိုဟာ နှစ်ပေါင်းများစွာကြာရှိ နေခဲ့ ပြီး ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အစိုးရက ဆော်ဒီနိုင်ငံသားတွေ ဒူဘိုင်း၊ ဘာရိန်းနဲ့ အခြားနေရာတွေကို ဖျော်ဖြေရေးအတွက် ခရီးသွား မှုအပေါ် လက်ရှိမှာ သုံးစွဲနေတဲ့ ငွေကြေးတွေကို ဆက်လက်ရှိနေစေဖို့ အပါအဝင် ရည်မှန်းချက် ကြီးမားတဲ့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု တစိတ်တပိုင်းအဖြစ် တားမြစ်ကန့်သတ်မှုတွေကို ဖယ်ရှားပေးမယ်လို့ ပြောဆိုထားပါတယ် ။ အများစုက အသက် ၃ဝ အောက်လူငယ်တွေ ဖြစ်တဲ့ လူဦးရေ ၃၂ သန်းကျော်အတွက် အာဏာပိုင်တွေဟာ ၂၀၃၀ ခုနှစ် အရောက် ရုပ်ရှင်ပိတ်ကား ၂၅၀၀ ကျော်ရှိမယ့် ရုပ်ရှင်ရုံပေါင်း ၃၅ဝ ပတ်ဝန်းကျင်ကို ဆောက်လုပ်ဖို့ စီစဉ်ထားပြီး နှစ်စဉ် လက်မှတ်ရောင်းအား ဒေါ်လာ ၁ ဘီလီယံရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

အခုလိုမျိုး ပထမဆုံးရုပ်ရှင်ရုံအစီအစဉ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက “ရုပ်ရှင်ရုံတွေမှာ တခြားနေရာအများစု လိုမျိုး ကျား၊ မခွဲခြားမှုမရှိဘဲ ရောနှောနေထိုင်နိုင်မှာဖြစ်ပေမယ့် ရုပ်ရှင်တွေကို ဘယ်လိုမျိုး ဆင်ဆာ ဖြတ်တောက်မယ်ဆိုတာကို လည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး” လို့ ပြီးခဲ့တဲ့လမှာ Reuter သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် ရုပ်ရှင်ရုံဖွင့်ပွဲမှာတော့ ဆော်ဒီနိုင်ငံသားတော်တော်များများ ပျော်ပျော်ရွှင်ရွှင် တက်ရောက်ခဲ့ကြပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အိမ်ရှေ့မင်းသား Mohammed ရဲ့ ဓာတ်ပုံတွေနဲ့ ချီးမွန်းထောမနာပြုမှုတွေကို တင်ခဲ့ ကြပါတယ်။ အီဂျစ်လိုမျိုး လစ်ဘရယ်အာရပ်နိုင်ငံတွေမှာ ဘာသာရေးအရ တားမြစ်ချက်တွေကို ရုပ်ရှင်တွေ ကျူးလွန်စေနိုင်ခဲ့ တာလို့ ဘာသာရေးရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေက ယုံကြည်ထားကြပါတယ်။ တချို့ကတော့ ရုပ်ရှင်ရုံနဲ့ သရုပ်ဆောင်မှုဟာ အစ္စလာမ်အယူဝါဒနဲ့ မကိုက်ညီမအပ်စပ်ဘဲ လှျှို့ဝှက်ထားရမယ့် အရာတခု ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

Ref: Reuters

The post Saudi Arabia နိုင်ငံ၏ ပထမဆုံးစီးပွားဖြစ်ရုပ်ရှင်ရုံကို ဖွင့်လှစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ