Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

American Idol အစီအစဉ်မှာ ဘောင်းဘီကွဲသွားခဲ့တဲ့ အဆိုတော် Katy Perry

$
0
0

အဆိုတော် Katy Perry ဟာ ဒိုင်လူကြီးတဦးအနေနဲ့ ပါဝင်တင်ဆက်နေတဲ့ “American Idol” အစီအစဉ်မှာ အဝတ်အစားနဲ့ပတ်သက်တဲ့ ကချော်ကချွတ်ဖြစ်ရပ်တခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဂီတပညာရှင်တွေဖြစ်ကြတဲ့ Luke Bryan ၊ Lionel Richie တို့နဲ့အတူ အဲဒီပြိုင်ပွဲအစီအစဉ်မှာ ဒိုင်အဖြစ် တာဝန်ယူနေတဲ့ Katy ဟာ ဧပြီ ၁၆ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာ မတော်တဆ ဘောင်းဘီကွဲသွားခဲ့တာကို တွေ့ရပါတယ်။ ဒီလိုမျိုး အဝတ်အစားနဲ့ ပတ်သတ်တဲ့ မတော်တဆမှုဟာ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ Maddie Poppe ရဲ့ တင်ဆက်မှုကို ဒိုင်လူကြီး Luke က မှတ်ချက်ပေးပြောကြား နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုတော် Katy က သူ့တကိုယ်လုံး လှုပ်ခါပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးတဲ့နောက် ‘ဘုရားရေ ကျမဘောင်းဘီပြဲသွားပြီ’ လို့ အော်ပြောလိုက်ပါတယ်။ တခြားဒိုင်လူကြီး နှစ်ဦးဖြစ်တဲ့ Luke နဲ့ Ryan တို့ကတော့ Katy က ဟာသလုပ်နေတာလို့ ထင်ပြီး မယုံသင်္ကာနဲ့ ပြန်ကြည့်ခဲ့ကြပါတယ်။ ငွေရောင်တဆက်တည်း ဝတ်စုံကို ဝတ်ဆင်ထားခဲ့တဲ့ Katy ဟာမတ်တပ်ရပ်လိုက်ပြီးနောက် ပရိသတ်တွေကို သူ့ရဲ့ တင်ပါးကိုမြင်စေဖို့ လှည့်ပြလိုက် ပါတယ်။ အဲဒီအချိန်မှာပဲ အရင်တခါကလို အဝတ်အစားနဲ့ပတ်သက်တဲ့ ကချော်ကချွတ်ဖြစ်ရပ်မှာလို သူ့ရဲ့တင်ပါး ကို “American Idol” လိုဂိုနဲ့ဖုံးကွယ်ပစ်ခဲ့ရပါတယ်။

စတူဒီယိုထဲက ပရိသတ်တွေကို လိုက်ပြနေတဲ့ Katy ရဲ့ တင်ပါးကို ကာကွယ်ပေးဖို့ Lionel မှာ တော်တာ်လေးအလုပ် ရှုပ်သွားခဲ့ရပါတယ်။ Country အဆိုတော် Luke ကလည်း သူ့ရဲ့မျက်လုံးကို အနက်ရောင်ပစ္စည်းတခုနဲ့ ဖုံးကွယ်ပစ်ခဲ့ ရတာကိုလည်း တွေ့ရပါတယ် ။ အဲဒီနောက် ဝန်ထမ်းတယောက်က ပြဲသွားတဲ့ဘောင်းဘီကို ယာယီ ပြင်ဆင်ပေးဖို့ စတိတ်ပေါ်ကို ရောက်လာခဲ့ပါတယ်။ Katy ကတော့ ရယ်မောရင်းနဲ့ပဲ တောင်းပန်ပါတယ်လို့ ပြော ခဲ့ပါတယ်။

အဲဒီနောက် Katy ဟာ သူ့ဘောင်းဘီကွဲသွားခဲ့တဲ့ ဗီဒီယိုအပိုင်းတခုကို Twitter အကောင့်မှာ ဝေမျှခဲ့ပြီး စာရေးသား ခဲ့ပါတယ်။ သူက “ဒီနေ့ ကျမမှာ သတင်းကောင်းရော၊ သတင်းဆိုးရောပါတယ်၊ ကျမ ဒီနေ့ American Idol အစီအစဉ် မှာ Live မလွှင့်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ဘောင်းဘီကွဲသွားလို့ ရှင်တို့ ရယ်မောကြရမယ်လို့ ကျမ ကတိပေးပါတယ်” လို့ ရေးသား ခဲ့ပါတယ်။ ယခင်ကလည်း ဒီအစီအစဉ်မှာပဲ Katy ဟာ ပြိုင်ပွဲဝင်တယောက်နဲ့အတူ လိုက်ကရင်း အောက်စ လွတ်ခဲ့ရတဲ့ ရှက်ကိုးရှက်ကန်း အခြေအနေ တခုကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။

aceshowbiz

The post American Idol အစီအစဉ်မှာ ဘောင်းဘီကွဲသွားခဲ့တဲ့ အဆိုတော် Katy Perry appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)