Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရဟိတကမ်ပိန်းအတွက် Spice Girls တီရှပ်ကို ဒီဇိုင်းဖန်တီးလိုက်တဲ့ ဖက်ရှင်ဒီဇိုင်နာ Victoria Beckham

$
0
0

Victoria Adams လို့လည်းခေါ်ကြတဲ့ Victoria Beckham ဟာ အကန့်အသတ်နဲ့ ဖြန့်ချိမယ့် Spice GirlsRed Nose Day USA တီရှပ်ကို ဒီဇိုင်းရေးဆွဲထားပြီဖြစ်ပါတယ်။ တထည်ကို ၃၅ ဒေါ်လာနဲ့ အွန်လိုင်းစတိုးတခုဖြစ်တဲ့ omaze.com ကနေ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး  ယခင်ပေါ့ပ်စတားဟောင်း Victoria ရဲ့ဖန်တီးမှုနဲ့  ရောင်းချရမှုကနေ ရရှိလာမယ့် အကျိုးအမြတ်  တွေကို ကလေးငယ်တွေရဲ့ ဘဝတွေကိုပြောင်းလဲဖို့နဲ့ ကယ်တင်တဲ့နေရာမှာ ကူညီဖို့ လုပ်နေတဲ့ Red Nose Day ပရဟိတ အဖွဲ့တွေထံကို လှူဒါန်းမှာလည်း ဖြစ်ပါတယ်။ အဲဒီတီရှပ်ဒီဇိုင်းမှာ Victoria နဲ့အတူ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Baby, Ginger, Scary နဲ့ Sporty တို့ပါဝင်တဲ့ နာမည်ကျော် Spice Girls အဖွဲ့ဓါတ်ပုံတခုကို ရိုက်နှိပ်ထားပါတယ်။

Victoria က “Red Nose Day USA အင်္ကျီဟာ ကလေးငယ်သန်းပေါင်းများစွာရဲ့ ဘဝတွေကို ဘယ်လို ထိတွေ့နိုင်ခဲ့လည်း ဆိုတာကို ပထမဆုံး ကျမမြင်တွေ့ခဲ့ပြီးပါပြီ၊ ကျမအတွက် စစ်မှန်တဲ့ ဖန်တီးမှုတခုလည်း ဖြစ်ပါတယ်၊ ဒီရှပ်အင်္ကျီရဲ့ ဒီဇိုင်းကို  ဂုဏ်ယူစွာနဲ့ ဖန်တီးပြီး ကမ္ဘာတဝန်းမှာရှိတဲ့ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေအတွက် အမျိုးသမီးစွမ်းပကား အဖွဲ့ရဲ့ သတင်းစကားတခုကို မြှင်တင်ပေးနိုင်ခဲ့ပါတယ်၊  အဲဒီ တီရှပ်ရောင်းချရမှုတိုင်းဟာ ကလေးငယ်တွေအတွက် လိုအပ်နေတဲ့  ထောက်ပံ့မှုတွေ၊ အချစ်တွေ နဲ့ ဂရုစိုက်မှုတွေကို  ဆက်လက်လက်ခံ ရရှိစေနိုင်မှာလည်း ဖြစ်ပါတယ်”  လို့ပြောကြားခဲ့ပါ  တယ်။

Red Nose Day USA ပရဟိတအဖွဲ့တွေဟာ အမေရိကန်နိုင်ငံက ပြည်နယ် ၅၀ ၊  ပွါတိုရီကိုနိုင်ငံတို့မှာရှိတဲ့ ရုန်းကန် နေ ရတဲ့ ကလေးငယ်တွေ၊ မိသားစုတွေနဲ့ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကမှာ ရှိတဲ့  ထောက်ပံ့ကူညီရေးအစီအစဉ်  တွေကို ထောက်ပံ့ပေးသွားမှာလည်း ဖြစ်ပါတယ်။ အဆိုတော်၊ ဖက်ရှင်ဒီဇိုင်နာ Victoria ဟာ ၂၀၁၅ ခုနှစ်မှာ Red Nose Day ပရဟိတအဖွဲ့ကို အမေရိကန်နိုင်ငံမှာ မိတ်မဆက်ခင် UK နိုင်ငံမှာ ဆယ်စုနှစ် နှစ်ခုကျော်လောက် အဲဒီပရဟိတ အဖွဲ့ကို  ထောက်ခံပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီနှစ်အတွက် Red Nose Day USA နေ့ဟာ မေ ၂၄ ရက်မှာ  ကျရောက် မှာလည်း ဖြစ်ပါတယ်။

အဲဒီပရဟိတကမ်ပိန်းရဲ့ အမေရိကန်နိုင်ငံက အဖွဲ့ဟာ ဒေါ်လာ သန်း ၁၀၀ ကျော် ကောက်ခံရရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Victoria ဟာ လာမယ့်လထဲ UK နိုင်ငံမှာ ကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲမှာ သတို့သမီး Meghan Markle ရဲ့ ဝတ်စုံ  ဒီဇိုင်း  အတွက် ညွှန်ကြားပေးနေတဲ့ဆိုတဲ့သတင်းတွေကိုတော့ ငြင်းဆိုထားပါတယ်။ မကြာသေးမီကပဲ Victoria ဟာ အစီအစဉ် တခုမှာ “ကျမ အဲဒီဝတ်စုံကိုမဖန်တီးနေပါဘူး၊ ကျမမဟုတ်ပါဘူး၊ ဒါပေမယ့် သူ(Meghan Markle) ဘာပဲဝတ်ဝတ်  တော်  တော်လေး လှနေမယ်ဆိုတာ ကျမအတပ် ပြောနိုင်ပါတယ်” လို့ တင်ဆက်သူ James Corden ကို ပြောကြားခဲ့ပါတယ်။

aceshowbiz

The post ပရဟိတကမ်ပိန်းအတွက် Spice Girls တီရှပ်ကို ဒီဇိုင်းဖန်တီးလိုက်တဲ့ ဖက်ရှင်ဒီဇိုင်နာ Victoria Beckham appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)