Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကွာရှင်းပြတ်စဲမှု အများဆုံး အောင်မြင်ထင်ရှားသူ ၃ ဦး

$
0
0

 

(၁) ဒန်နီယယ် စတီးလ် (Danielle Steel) ။ ။ ကမ္ဘာ့အချမ်းသာဆုံး အမေရိကန် စာရေးဆရာမတွေထဲက တဦးပါ။ သူ့ စာအုပ်တွေက နိုင်ငံပေါင်း ၇၀ လောက်မှာ ရောင်းချနေရပါတယ်။ Rushing Water, The Ministers, Dangerous Games နဲ့ The Award လို ရောင်းအား အကောင်းဆုံး စာအုပ်တွေ ရေးခဲ့သူပါ။ အခုထိ အုပ်ရေပေါင်း သန်း ၈၀၀ လောက် ရောင်းထားရတယ် လို့ ဆိုပါတယ်။ သူ့ စာအုပ်တွေကို ဘာသာစကားပေါင်း ၄၀ ကျော် ပြန်ဆို ရေးသားထားတယ်။ ကလေးတွေ ဖတ်ဖို့ စာအုပ်တွေ၊ ကဗျာစာအုပ်နဲ့ ပုံပြင်တွေလည်း ရေးသေးတယ် လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် စာရင်းတွေ အရ သူက ဒေါ်လာ ၃၇၅ သန်းလောက် ချမ်းသာသူပါ။ ဒါပေမယ့် အောင်မြင် ချမ်းသာပေမယ့် အိမ်ထောင်ရေး ကံမကောင်းဘူး လို့ ဆိုနိုင်မယ် ထင်ပါတယ်။ သူဟာ ၅ ကြိမ် လက်ထပ်ဖူးပြီး ၅ ကြိမ် ပြန်လည် ကွာရှင်း ထားရသူပါ။

အခုထိ သမိုင်းတလျှောက် ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာအုပ်ရေးသူ စာရင်းမှာ အဆင့့် ၄ ချိတ်နေသူက အသက် ၁၈ နှစ်မှာ ကတည်းက ပထမအိမ်ထောင် ကျနေ ပါပြီ။ အဆိုပါ အချိန်က စာအုပ် တအုပ်မှ မထွက်ရသေးပါဘူး။ နောက်တော့ စာရေးတာကို ဝါသနာပါလွန်းသူ၊ တရက်ကို ၄ နာရီပဲ အိပ်လေ့ရှိသူ၊ စာရေးချိန် အများစုကို ညဘက်မှာ ကုန်ဆုံးစေတတ်တဲ့ သူ့ကို ဘယ် အိမ်ထောင်ဖက်ကမှ ကောင်းကောင်းနားလည် မပေးဘူးလို့ ဆိုရမှာပါ။

အိမ်ထောင်တွေသာ တဆက်ပြီး တဆက် ကျတယ်၊ သူမရဲ့ စာအုပ်တွေ ပိုအောင်မြင်လာတယ်၊ ဒါပေမယ့် အိမ်ထောင်ဖက်တွေ ကတော့ သူ့အနား မနေကြပဲ ထွက်သွားကြပါတယ်။ သူကလည်း ခင်ပွန်းသည်တွေကို အချိန်သိပ်ပေးလေ့ မရှိဘဲ စာရေးတာကိုပဲ အာရုံများနေလေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒီတော့ အလုပ်ကို အချိန်ပေးလွန်းရင်လည်း အိမ်ထောင်ရေး အတွက် ဆိုးကျိုး ဖြစ်စေနိုင်တာကို သတိပြုမိမယ် ထင်ပါတယ်။

(၂) အဲလိဇဘက်တေလာ (Elizabeth Taylor) ။ ။ အင်္ဂလန်-အမေရိကန် ကပြား ရုပ်ရှင်မင်းသမီးပါ။ အကယ်ဒမီ ၂ ဆုရဖူးတယ်၊ ဇာတ်ကားပေါင်းများစွာ အပြင် ရုပ်သံအစီအစဉ်တွေ ဖြစ်တဲ့ Victory of Entebbe, The Blue Bird, Ash Wednesday, The Nanny, All My Children နဲ့ Giant တွေမှာ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဘက်မှာလည်း ထူးချွန်ဆုပေါင်း များစွာ ရခဲ့ပါသေးတယ်။ ဒါပေမယ့် အိမ်ထောင်ရေး ကံမကောင်းတဲ့ သူမက အိမ်ထောင် ၈ ကြိမ်ကျတယ်၊ ၇ ကြိမ် ကွာရှင်းတယ်၊ ၁ ကြိမ် ပြန်ပေါင်းထုတ်တယ်။ သူမရဲ့ နောက်ဆုံးအိမ်ထောင်ဖက်က လာရီဖို့တင်းစကီး (Larry Fortensky) ဖြစ်ပြီး ၁၉၉၆ မှာ ကွာရှင်းခဲ့ကြပါတယ်။ ကလေး ၄ ယောက်မိခင် တေလာက ၂၀၀၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူမက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျသူပါ။ ၁၈ နှစ်ကတည်းက ပထမအိမ်ထောင် ကျပါပြီ။ ဒါပေမယ့် မကြာပါဘူး။ ပြန်ပြီး ကွာရှင်းလိုက်တယ်။ နောက်ထပ် အိမ်ထောင်သစ် ပြုတယ်။ သူမ ကိုယ်တိုင်ကလည်း ဝန်ခံထားတာ တခုက သူမ အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု အားနည်းတယ် လို့ ဆိုတာပါပဲ။ ချစ်လွယ် မုန်းလွယ်တဲ့ စိတ်မျိုးပေါ့။

အိမ်ထောင်ပြုဖို့ကိုလည်း ခက်ခက်ခဲခဲ သိပ်မတွေးဘဲ ပြုလေ့ရှိသူလို့ သိရပါတယ်။ သိရသလောက် ပထမ အိမ်ထောင်ဖက် Hilton က အရက်သောက်များလို့ ၈ လပဲ ပေါင်းပြီးကွဲလိုက်တာ လို့ ဆိုပါတယ်။ ဒီလိုပဲ နောက်ထပ် အိမ်ထောင်ဖက်တွေနဲ့ လည်း အဆင်မပြေမှု နည်းနည်းရှိတာနဲ့ တေလာက အဆင်ပြေအောင် ညှိမှုထက် ကွာရှင်းလိုမှု များများနဲ့ ကွဲလိုက်ပြီး အိမ်ထောင်ဆက်လည်း များသွားတယ် လို့ ဆိုပါတယ်။

(၃) ဘီလီဘော့သော်တန် (Billy Bob Thornton) ။ ။ သူလည်းမင်းသား၊ အဆိုတော်၊ သီချင်းရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါဆိုရိုက်တာ၊ စာရေးဆရာ၊ စွယ်စုံရအနုပညာသမားပါပဲ။ The man wasn’t there, Alama, Armageddon, Monster’s Ball နဲ့ Fargo လိုရုပ်သံအစီအစဉ်တွေ၊ ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့သူပါ။ အကယ်ဒမီဆု၊ ရွှေကမ္ဘာလုံးဆု၊ အက်ဂါပိုးအယ်လင်ဆု၊ လွတ်လပ်စွာ ထုတ်ဖော်ဖန်တီးပြသနိုင်မှုဆု၊ ဖန်တီးမှုအကောင်းဆုံးဆုတွေ ရဖူးပါတယ်။

ဒါပေမယ့် အိမ်ထောင်ဆက် များပြီး ၆ ကြိမ် အိမ်ထောင်ပြုဖူးတယ်၊ ဒါပေမယ့် ပထမ ၅ ဆက်လုံးနဲ့ ကွဲတယ်၊ ပထမဆုံး သူ့ဇနီးသည်က မီလီဆာလီဂတ်လင်း (Melissa Lee Gatlin) ပါ၊ ၅ဆက်မြောက် နောက်ဆုံးကွဲလိုက်တဲ့ ဇနီးက နာမည်ကျော် မင်းသမီး အင်ဂျလီနာ ဂျိုလီပါ၊ ၂၀၀၃ မှာ ကွဲလိုက်တာပါ။ ၂၀၁၄ ခုနှစ်၊ ဘီလီ့အသက် ၅၉ နှစ်မှာမှ အထူး ဖန်တီးချက်ပညာရှင် Connie Angland (၅၁နှစ်) ကို လက်ထပ်ခဲ့တာပါ။

သူက ကျော်ကြားသူတယောက်ပီပီ မြာပွေတယ် လို့ မဆိုနိုင်ပေမယ့် ရုပ်ရှပ်မင်းသားလည်းဖြစ်၊ ထုတ်လုပ်သူလည်း ဖြစ်တော့ မင်းသမီး အသစ်လေးတွေ ဝိုင်းဝိုင်းလည်တာ ခံနေရလို့ အိမ်ထောင်ဆက်များတယ် လို့ ဆိုရမှာပါ။ နာမည်ကျော် အိန်ဂျလီနာဂျိုလီတောင် သူနဲ့ လက်ထပ် ဖြစ်တယ်။ ဂျိုလီနာမည် မရခင်ကပေါ့။ ကမ္ဘောဒီးယားက ကလေးတယောက်ကို နှစ်ယောက်ပေါင်းပြီး မွေးစားလိုက်သေးတယ်လေ။ ဒါပေမယ့် ဘီလီတယောက် အိမ်ထောင်ဆက် များတာကိုတော့ စိတ်ကောင်းပုံ မရပါဘူး။

နောက်ဆုံးဇနီးသည် ကွန်နီနဲ့ လက်ထပ်ခါနီးတော့ လက်ထပ်ခြင်းက ကျနော့် အတွက် ကံမကောင်းဘူးဗျာ လို့ ပြောဖူးတာ တွေ့ရပါသေးတယ်။ အခုတော့ ကွန်နီနဲ့ အိမ်ထောင်မြဲသွားတာက ဘီလီတယောက် ကံကောင်းသွားတာလား၊ အနည်ထိုင် သွားတာလား၊ နောင်တတွေ ရလို့ ခြေငြိမ်သွားတာလား မပြောတတ်တော့ပါဘူး။ ။

Ref:www.wonderslist.com

The post ကွာရှင်းပြတ်စဲမှု အများဆုံး အောင်မြင်ထင်ရှားသူ ၃ ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ