Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒီနှစ် သင်္ကြန်အပေါ် လူငယ်တွေရဲ့ Feeling

$
0
0

မကြာခင်မှာ ရောက်ရှိလာတော့မယ့် မြန်မာနှစ်သစ်ကူ သင်္ကြန်ပွဲတော်မှာ လူငယ်တွေအနေနဲ့ ဘယ်လိုဖြတ်သန်း  ကုန်ဆုံးကျမလည်း ဆိုတာ ဖော်ပြပေးချင်ပါတယ်။  သင်္ကြန်ကို လူငယ်တွေက  အသစ်သစ်သော  ပြောင်းလဲမှုများ နဲ့အတူ တယောက်နဲ့ တယောက်မတူညီပုံစံများနဲ့ ဖြတ်သန်းကြပါတယ်။ ဒီလိုမတူညီသောပုံစံများနဲ့ ဖြတ်သန်း ကြတဲ့ လူများထဲမှ လူငယ်တချို့ရဲ့ သင်္ကြန်မှာ ဘယ်လိုဖြတ်သန်းသွားမလဲ။ သင်္ကြန်အပေါ်ခံစားချက်  မြန်မာ့ရိုးရာသင်္ကြန်မှာ  ဝတ်စားဆင်ယင်မှု စတာတွေကို ဧရာဝတီ သတင်းထောက် ယုဖြူဟန်က စုစည်းထားပါတယ်။

ဝေယံ(အသက် ၂၃ Marketing Supervisor)

ကျနော်အကြိုနေ့မှာ ဥပုဒ်စောင့်မယ်။ အကျနေ့မှာတော့bellaမဏ္ဍပ်မှာရှိပါမယ် ။ အကြတ်နေ့မှာ ကားနဲ့လည်ဖို့ရှိတယ်။

အတတ်နေမှာတော့မြို့နယ်မဏ္ဍပ်မှာရှိနေမှာပါ။ နှစ်ဆန်းတစ်ရက်နေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်သွားရင်းနှစ်သစ်ကိုကျော်ဖြတ်သွားမှာပါ။ မြန်မာလူမျိုးဆိုတော့ မြန်မာမှုတွေထဲက တခုဖြစ်တဲ့ မြန်မာ့နှစ်ကူးကို အတာသင်္ကြန်ကို  ကြိုက်ပါတယ်။ သင်္ကြန်မှာဆိုရင် အလုံခြုံဆုံးရှိတဲ့ ဝတ်စုံတွေကိုပဲ နှစ်သက်ပါတယ်။

နိုင်လင်းအောင်(အသက် ၂၅ Pact MyanmarProgram Assistant)

ကျနော်ကတော့ ပြည်လမ်းက God Theatre မဏ္ဍပ်မှာ ရှိပါမယ်။ ၄ရက်လုံးတော့  ဖြစ်ဖို့များတယ်။ ကားနဲ့ကျတော့ တရက်တော့ထွက်လည်ဖြစ်မယ်။ သင်္ကြန်မှာ  ကျနော့်ရဲ့ ခံစားချက်ကတော့ သင်္ကြန်ဆိုတာ  မြန်မာလူမျိုးတိုင်း  တန်ဖိုး ထားနှစ်သက်ကြတဲ့ ပွဲတော်ထဲက တခုပေါ့။

ဖြိုးသဉ္ဇာဦး(အသက်၂၃ Guide Teacher)

ဒီနှစ်က အိမ်တွင်းပုန်းပါပဲ။ အမေနဲ့အိမ်မှာ ဆွမ်းလောင်း ဥပုသ်စောင့် အဲဒီလိုပဲရှိပါတယ်။ငယ်ငယ်ကတော့ လည် ဖြစ်တယ်။ ကားနဲ့ အခုကတော့ အဲဒီလိုတွေ မကြိုက်တော့ဘူး။ နေပူတာလည်းပါတယ် သူငယ်ချင်းတွေ  မဆုံတာ   လည်းပါတယ်။ ခရီးသွားဖြစ်ရင်သွားတယ် မသွားဖြစ်ရင်တော့အိမ်မှာပဲနေတယ်။ သင်္ကြန်ရောက်ရင် ပျော်တယ်။ ဒါပေမယ့် အသက်ကြီးလာတော့လည်း သိပ်မပျော်ဖြစ်နိုင်တော့ဘူးရယ်။ အလုပ်တွေပိလာတာကြောင့်လည်းပါတယ်။ ဘာပဲဖြစ်ဖြစ်  ပျော်တာတော့ပျော်ပါ တယ်။  ပိတေက်ပန်းေ တွ ပွင့်တာမြင်ရတာလည်း စိတ်အမောပြေတယ်။

အေးစန္ဒာထွန်း(အသက် ၂၂ Junior Accelerator Associate)

သင်္ကြန်မှာတော့ အိမ်ကအလှူလုပ်တာ ဝိုင်းလုပ်ပေးမယ်။ သူငယ်ချင်းတွေနဲ့ တရက်ကားနဲ့လည်မယ်။ ကျန်တဲ့ ရက်တွေတော့ အိမ်မှာပဲ နေဖြစ်မယ်။ သင်္ကြန်ဖီလင်ကတော့ အရမ်းပျော်တယ်။ အပျော်ဆုံးနေ့တွေပဲ။ သင်္ကြန်ဖက်ရှင် ဆိုရင် လူငယ်ဆန်ဆန် ၊Street Style မျိုးပိုကြိုက်တယ်။ ဟော့ဟော့ကြီးတွေတော့ သဘောမကျဘူး။ ဂျင်းနဲ့ Shoes ကိုတွဲဝတ်ရတာ ကြိုက်တယ်။ အလှူလုပ်ရင်တော့ မြန်မာဝတ်စုံဝတ်ပြီး သနပ်ခါးလေးလိမ်းထားရတာကို သဘော ကျတယ်။

မင်းသိမ်းကျော်(အသက် ၁၉ (The Royal Flash Crew ကျောင်းသား)

ကျနော်သင်္ကြန်ကို အိမ်နဲ့ အကစတူဒီယိုပဲသွားဖြစ်မယ်။ ဘယ်မှမသွားဖြစ်ဘူး။ တီဗီကြည့်မယ်။ စာဖတ်မယ်။  နောက်ဆုံး နေ့တော့ သူငယ်ချင်းတွေနဲ့ လျှောက်သွားဖြစ်မယ်။ သူငယ်ချင်းတွေကတော့ မဏ္ဍပ်ထိုင်ဖို့ လာ ခေါ်တာရှိတယ်။ မသွားဖြစ်ဘူး။ အသက်ကြီးလာတာနဲ့အမျှသင်္ကြန်ဖီလင်က ပျောက်သွားတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ၁၃နှစ်လောက်က သင်္ကြန်ဖီလင်နဲ့ အခုအသက်၁၉နှစ် သင်္ကြန်ဖီလင်က မတူတော့ဘူး။ သင်္ကြန်    လည်ရမှာလည်း ပျင်းဖို့ကောင်းလာတယ်။ အဲဒီလိုတွေဖြစ်လာတယ်။

The post ဒီနှစ် သင်္ကြန်အပေါ် လူငယ်တွေရဲ့ Feeling appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)