Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မှုခင်းအက်ရှင်ဇာတ်ကားကောင်းကြိုက်သူတွေ အကြိုက်တွေ့စေမယ့် Confession Of Murder (2012)

$
0
0

ဒီတခါမှာတော့ IMDB rating (7.1) နဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်းတကားဖြစ်တဲ့ Confession Of Murder ဆိုတဲ့ ကိုရီးယားဇာတ်ကားကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Byung-gil Jung ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဟွားဆောင်းကွင်းဆက်လူသတ်မှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

ပထမဆုံးဇာတ်လမ်းအဖွင့်မှာတင်ပဲ စားသောက်ဆိုင်တဆိုင်ထဲကို လူတယောက်က ဝုန်းခနဲဝင်လာပြီး စားသောက်နေသူ တဦးနဲ့ အပြင်းအထန် ထိုးကြိတ်သတ်ပုတ်နေခန်းကို ရိုက်ကူး ပြသထားပါတယ်။ အထိုးအကြိတ်ခံနေရသူက စုံထောက် အရာရှိ ယောင်ဂူ ဖြစ်ပြီး ဆိုင်ထဲကို လာရောက်တိုက်ခိုက်သူကတော့ စုံထောက်အရာရှိ ဖမ်းဆီးနေတဲ့ လူသတ်သမားပဲ ဖြစ် ပါတယ်။ ဒီတိုက်ခိုက်မှုဟာ လူသတ်သမားရဲ့ နောက်ဆုံးတိုက်ခိုက်မှုပဲဖြစ်ပြီး ဒီတကြိမ်မှာလည်း မဖမ်းဆီးနိုင်ခဲ့ ပြန်ပါဘူး။ လူသတ်သမားလက်ချက်ကြောင့် အသတ်ခံရတဲ့ မိန်းကလေးတွေဟာ ဆယ်ဦးထက်မနည်းရှိပြီး အသတ်ခံရသူတွေထဲမှာ စုံထောက်အရာရှိရဲ့ ချစ်သူလည်း ပါဝင်ပါတယ်။ မိန်းကလေးတွေကိုပဲ ဦးတည်ပြီးသတ်ဖြတ်ခဲ့တဲ့ ဒီလူသတ်သမားဟာ လက်ရှိကာလမှာ ဖမ်းဆီးခွင့်ဝရမ်းကာလ ကျော်လွန်သွားပြီ ဖြစ်တာကြောင့် ဖမ်းဆီးအရေးယူနိုင်ခွင့်မရှိတော့ပါဘူး။

ဒီအချိန်မှာပဲ လူသတ်သမားတဦးရဲ့ဖြောင့်ချက် ဆိုတဲ့ အမည်နဲ့ စာအုပ်တအုပ်က ထွက်ရှိလာပြီး ဒီစာအုပ်ကို ရေးသားခဲ့တဲ့ စာရေးသူ လီ ဟာသူ့ကိုယ်သူ လူသတ်သမားဖြစ်ပါတယ်လို့ မီဒီယာတွေရှေ့မှာ အတိအလင်းဝန်ခံလိုက်တဲ့ ဖြစ်ရပ်ဆန်း တခု ကဖြစ်ပေါ်ခဲ့ပါတယ်။ လီဟာ ရုပ်ရည်အားဖြင့်လည်း လူသတ်သမားလို့တောင် မထင်ရအောင် ချောမောလှတဲ့အပြင် သူ့ လုပ်ရပ်တွေကိုလည်း ခွင့်လွှတ်ပေးဖို့ အများရှေ့မှာ တောင်းပန်ခဲ့ပြီး သူ့ရဲ့ စာအုပ်ကလည်း ရောင်းအား ကောင်းခဲ့ပါ တယ်။ အဲဒီလို ရောင်းရငွေတွေကို ပရဟိတလုပ်ငန်းတွေမှာ ပြန်လည်လှူဒါန်းခဲ့တာတွေကြောင့် လီဟာ တမဟုတ်ချင်းကို နာမည်ကြီး သွားပါတော့တယ်။ မီဒီယာတွေကလည်း ဒီကိစ္စကို အသားပေးဖော်ပြကြပြီး လူသတ်သမားလို့ဝန်ခံခဲ့တဲ့ လီကို လည်း လုပ်ကြံမယ့်သူတွေကလည်း လက်စားချေဖို့ စောင့်ဆိုင်း နေကြပြန်ပါတယ်။ ဒီအချိန်မှာ အကြပ်ရိုက်ရသူက စုံထောက်အရာရှိ ယောင်ဂူဖြစ်ပြီး လီဟာ လူသတ်သမားအစစ် ဟုတ် မဟုတ် သက်သေပြနိုင်ဖို့နဲ့ ဖမ်းဆီးခွင့် ဝရမ်းကာလ ကျော်သွားတဲ့ လက်ရှိ အချိန်ကာလမှာ ဒီလူသတ်သမားကို ဥပဒေစည်းမျဉ်းတွေနဲ့ အနိုင်ယူနိုင်မှာလားဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ ဆုပေးပွဲတွေမှာ ဆုတွေအမြောက်အများရရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ကိုရီးယားနိုင်ငံရဲ့ သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ဇာတ်ကားကောင်း စာရင်းတွေထဲမှာ ပါဝင်တာကြောင့် မှုခင်းအက်ရှင်ကားကောင်း ကြိုက်သူတိုင်း လက်မ လွတ်တမ်း ကြည့်ရှုသင့်လှပါတယ်။

The post မှုခင်းအက်ရှင်ဇာတ်ကားကောင်းကြိုက်သူတွေ အကြိုက်တွေ့စေမယ့် Confession Of Murder (2012) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ