Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပိတ်ရက်အတွင်းကြည့်ရှုသင့်တဲ့ Horror ဇာတ်ကားကောင်း (၅) ကား

$
0
0

သင်္ကြန်ပိတ်ရက်တွေမှာ ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး အေးအေးဆေးဆေး အနားယူမယ့်သူတွေအတွက် ရင်တထိတ် ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ရုပ်ရှင်ဇာတ်ကားကောင်း (၅) ကားကို ဖော်ပြပေးလိုက်ပါတယ်။

(၁) IT (2017)

IMDB rating (7.5) ရရှိထားတဲ့ ဒီဇာတ်ကားဟာ ၂၇ နှစ်ကြာတိုင်း ပြန်ပေါ်လာတတ်တဲ့ Pennywise ဆိုတဲ့ လူရွှင်တော်ဟာ ဒယ်ရီမြို့လေးမှာ ပေါ်လာပြီး ကလေးတွေတယောက်ပြီး တယောက်ပျောက်လာခဲ့ပါတယ်။ မိုးတွေရွာတဲ့ တနေ့မှာ Bill ရဲ့ညီလေး George တယောက်ပျောက်သွားရာကစလို့ ညီဖြစ်သူကို ပြန်လည်ရှာတွေ့ဖို့ကြိုးစားရင်းနဲ့ Bill တယောက် ကလေးတွေကို ဖမ်းယူစားသောက်တဲ့ လူရွှင်တော် Pennywise ကို ရင်ဆိုင်နိုင်မလားဆိုတာကို ဆက်လက်ကြည့် ရှုရမှာဖြစ်ပါတယ်။

(၂) The Autopsy Of Jane Doe (2016)

သည်းထိတ်ရင်ဖိုရသကို ခိုင်ခိုင်မာမာပေးနိုင်တဲ့ ဒီဇာတ်ကားဟာ ရင်ခွဲရုံက ဆရာဝန်သားအဖနှစ်ယောက်ဆီကို အမည်မသိ အမျိုးသမီးအလောင်းတခု ရောက်လာပြီး အလောင်းတခုထက်ပိုတဲ့ ဆန်းကြယ်မှုတွေကို ရှာတွေ့ခဲ့ရာကနေ ဘာတွေဆက် ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

(၃) Apartment 1303 (2007)

ရုပ်ရှင်ကြည့်နေရင်းနဲ့ကို စိတ်အတော်ချောက်ခြားစေမယ့် ဒီဇာတ်ကားဟာ ပင်လယ်နဲ့နီးတဲ့ ဈေးလည်း အရမ်းတန် တယ်လို့ပြောလို့ရတဲ့ တိုက်ခန်းမှာ ငှားနေကြသူတွေဟာ ဒီတိုက်ခန်းပေါ်ကနေ ခုန်ချပြီး သတ်သေသွားတတ်ကြပါတယ်။ ဒီတိုက်ခန်းမှာ မနေရဲလောက်အောင်ကို ဖြစ်ရပ်ဆန်းတွေကို တွေ့ကြုံရတဲ့ မြင်ကွင်းတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှု ခံစား ကြရမှာပဲ ဖြစ်ပါတယ်။

(၄) Rings (2017)

The Ring 2 ရဲ့နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်တဲ့ ဒီဇာတ်ကားဟာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဗီဒီယိုဖိုင်တခုကို ကြည့်မိ ရာကနေ တီဗီထဲက ဆမ်မာရာဆိုတဲ့သရဲမက ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါ တယ်။

(၅) The Eyes Of My Mother (2016)

မိခင်ကို ရက်ရက်စက်စက်ရှေ့မှာတင် သတ်ဖြတ်လိုက်တဲ့ မြင်ကွင်းကို တွေ့ကြုံခဲ့ရတဲ့ ဖရန်စစ်စကာဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်မျက်လုံးခွဲစိတ်ဆရာဝန်ရဲ့အမွေကို ရရှိထားသူပါ။ အိမ်ထဲကိုရောက်လာတဲ့ လူသတ်သမားကို မသတ်ဘဲ အစာရေစာတွေပါ ကျွေးမွေးထားပေမယ့် လူသတ်သမားမှာတော့ မျက်လုံးတွေမရှိတော့ပါ ဘူး။ နောက်ထပ် ဘယ်သူတွေက ဖရန်စစ်စကာရဲ့သားကောင်ဖြစ်လာဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု ရမှာဖြစ်ပါတယ်။

The post ပိတ်ရက်အတွင်းကြည့်ရှုသင့်တဲ့ Horror ဇာတ်ကားကောင်း (၅) ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)