Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခင်ပွန်းဟောင်း Brad Pitt ရဲ့ အချစ်ရေး ကောလာဟလနဲ့ပတ်သက်လို့ မနာလိုသဝန်တိုဖြစ်နေတဲ့ မင်းသမီး Angelina Jolie

$
0
0

ဟောလိဝုဒ်မင်းသမီး Angelina Jolie (အန်ဂျလီနာဂျိုလီ) ဟာ ခင်ပွန်းဟောင်း Brad Pitt (ဘရတ်ပစ်) နဲ့ လမ်းခွဲခဲ့ ပြီးတဲ့နောက် ခင်ပွန်းဟောင်းဖြစ်သူရဲ့လှုပ်ရှားလုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှား ခဲ့တာမျိုး မရှိပါဘူး။ ဒါပေမယ့် မင်းသား Pitt ဟာ MIT ပါမောက္ခ Neri Oxman နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ “Maleficent” မင်းသမီး ဂျိုလီဟာ စိတ်ခံစားချက်များနဲ့ မနာလိုမှုများကို ခံစားနေရတယ်လို့ ဆိုကြပါတယ်။ သတင်းရင်းမြစ်တခုက “ သူ့ခင်ပွန်းဟောင်းနဲ့ ပတ်သက်တဲ့ ဘယ်အချစ်ရေး ကောလာဟလသတင်း တွေမှ မကြားချင်ပါဘူး၊ သူ စိတ်မထိန်းနိုင်ပါဘူး” လို့ HollywoodLife.com ကို ပြောဆိုခဲ့ပါတယ်။

အဲဒီသတင်းရင်းမြစ်ကပဲ “ဂျိုလီဟာ Neri ရဲ့ ဓါတ်ပုံတွေကို မြင်တွေ့ခဲ့ပြီးတော့ နည်းနည်း မနာလိုဖြစ်ခဲ့ပါတယ်၊ ဒါဟာ ဂျိုလီရဲ့ သမာသမတ်ဖြစ်မှုကို Neri ရဲ့ ထူးခြားပြောင်မြောက်တဲ့ လိမ်မာပါးနပ်မှုက ယိုင်နဲ့စေခဲ့တာပဲ ဖြစ်ပါတယ်၊ ဂျိုလီက အခြားဟောလိဝုဒ် မင်းသမီးတယောက်နဲ့ တွဲနေတယ်ဆိုရင်တောင် ပိုပြီးတော့ စိတ်သက်သောင့်သက်သာ ခံစားရပါဦး မယ်” လို့ ပြောဆိုခဲ့ပါတယ်။ Neri အပေါ် ဂျိုလီရဲ့ တုန့်ပြန်မှုနဲ့ ပတ်သက်လို့ ဂျိုလီဟာ တော်တော်လေး စိတ်ရှုပ်နေရပြီလို့ လူတချို့ကတော့ နှိုင်းယှဉ်နေကြပါတယ်။

ဒါပေမယ့် ဂျိုလီဟာ ခင်ပွန်းဟောင်းနဲ့ သတင်းထွက်နေတဲ့ ဗိသုကာပါမောက္ခတို့ရဲ့ သတင်းနဲ့ ပတ်သက်လို့ လွယ်လွယ်နဲ့ တော့ မယုံဘူးလို့ ဆိုပါတယ်။ သတင်းရင်းမြစ်တခုက “ဂျိုလီဟာ Pitt ရဲ့ အချစ်သစ်အကြောင်းနဲ့ ပတ်သက်လို့ နည်းနည်း တော့လက်သင့်မခံပါဘူး၊ Neri ဟာ Pitt ရဲ့ အကြိုက်ပုံစံမဟုတ်ဘူးဆိုတာ သူသိပါတယ်၊ ပြီးတော့ Pitt ရဲ့ ဇနီးဟောင်း အဖွဲ့နဲ့လည်း သဟဇာတဖြစ်မယ့်သူလည်း မဟုတ်ပါဘူး” လို့ ပြောကြား ထားပါတယ်။ ဒါ့အပြင် ဂျိုလီနဲ့ Pitt တိုရဲ့ ကလေး ခြောက်ယောက်ကလည်း ဖခင်ဖြစ်သူရဲ့ နောက်ဆုံးရသတင်းတွေကို သူ့ကို ပြန်ပြော ပြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ သတင်းရင်းမြစ်က “ Pitt နဲ့အတူ ကလေးတွေက အချိန်တွေကို ဖြတ်သန်းပြီးတဲ့နောက် ဂျိုလီဟာ သူတို့အဖေ ဘာလုပ် နေတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ဂျိုလီကမေးပြီး ကလေးတွေက ပြန်ပြောပြကြပါတယ်” လို့ဆိုပါတယ်။

လောလောဆယ် ဗိသုကာပညာရပ်ကို စိတ်ဝင်စားနေတဲ့ မင်းသား Pitt ဟာ MIT ဗိသုကာပရောဂျက်တခုကနေ Neri နဲ့ ရင်းနှီးခဲ့ကြပြီး အဲဒီအချိန်ကစလို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ သတင်းရင်းမြစ်တခုက “Pitt နဲ့ Neri တို့ ဟာ နည်းနည်းသဘောကျချင်နေကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဗိသုကာပညာ၊ ဒီဇိုင်းနဲ့ အနုပညာတို့အတွက် တူညီတဲ့ စွဲလမ်းမှုကို ဝေမျှခဲ့ကြလို့ဖြစ်ပါတယ်၊ ဒါဟာ ပရော်ဖက်ရှင်နယ်မိတ်ဆွေ ဆက်ဆံရေးလို့ အကောင်းဆုံး ဖော်ပြ နိုင်ပါတယ်။ ” လို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အချစ်ရေးတော့ လက်ရှိမှာမဖြစ်သေးပေမယ့် အသက် ၅၄ နှစ်အရွယ် မင်းသား Pitt ဟာ အမေရိကန်နွယ်ဖွား အစ္စရေးနိုင်ငံသူ ဗိသုကာပညာရှင် Neri နဲ့ အချိန်ပိုမိုကုန်ဆုံးရတာ ပို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

aceshowbiz

The post ခင်ပွန်းဟောင်း Brad Pitt ရဲ့ အချစ်ရေး ကောလာဟလနဲ့ပတ်သက်လို့ မနာလိုသဝန်တိုဖြစ်နေတဲ့ မင်းသမီး Angelina Jolie appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)