Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သက်မွန်မြင့် ပိန်သွားရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ

$
0
0

ကလေး ၂ ယောက် မိခင်ဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်က ကလေးမွေးပြီးချိန်မှာလည်း တသားမွေး တသွေးလှ ဆိုသလို လှပနေပြီး ယခုရက်ပိုင်း အတွင်းမှာလည်း အရင်ကထက် သိသိသာသာ ပိန်သွားတာကို တွေ့မြင်ရပါတယ်။

သက်မွန်မြင့်ကို ဘာကြောင့် ပိန်သွားသလဲဆိုတာ မေးကြည့်တဲ့အခါ “အခု ဗြုန်းစားကြီး ပိန်သွားတာတော့ နေမကောင်းလို့ ပိန်သွားတာပါ။ ဒါပေမယ့် ဝိတ်ချတာက ချတယ်။ ချတယ်ဆိုတာက မင်းသမီး တယောက်အနေနဲ့ ရှိရမယ့် ခန္ဓာကိုယ်ကိုတော့ ကိုယ်က ကြိုးစားရတာပဲ။ ကိုယ်က ဒီအလုပ်ကို ကြိုက်တယ်။ ဒီအလုပ်ကိုပဲ လုပ်ချင်တယ် ဆိုတော့ ဒီအလုပ်အတွက် အဆင်ပြေမယ့်ပုံစံမျိုး နေရတာပေါ့လေ။ အရှေ့ပိုင်းမှာကျတော့ ကလေးမွေးတယ်။ နို့တိုက် နေရတော့ ဝိတ်ချလို့ မရဘူး။ အခု နို့ပြတ်သွားတော့ ဝိတ်ချရတာ အဆင်ပြေသွားတာ။ အခု ပိန်သွားတာကတော့ နေမကောင်းလို့ပါ” လို့ပြောပါတယ်။

သက်မွန်မြင့် အနေနဲ့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေပြီး မကြာခင်မှာလည်း သရုပ်ဆောင် ဘုဏ်းသိုက် ဒါရိုက်တာအနေနဲ့ ရိုက်ကူးမယ့် “စားကျက်”ဆိုတဲ့ ရုပ်ရှင်မှာလည်း သားတယောက် အမေ၊ မုဆိုးမနေရာက သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“အခုကားတွေတော့ ဆက်တော့ဆက်နေတယ်။ အနည်းဆုံ းတလတကားပေါ့။ အခု ၂ ကားလောက်ဖြစ်နေတယ်။ တောက်လျှောက်တော့ ကားရိုက်တွေရှိနေတယ်။ အခု ကိုဘုဏ်းသိုက်ရိုက်တဲ့ စားကျက်ဆိုတဲ့ ရုပ်ရှင်ကား ရိုက်နေတယ်။ အဲဒီထဲမှာ သက်မွန်က သိုးတွေထိန်းကျောင်းတဲ့ သားတယောက် အမေ၊ မုဆိုးမ နေရာက သရုပ်ဆောင်ရမှာပါ။ မလုပ်ဖူးတဲ့ပုံစံလေးပါ” လို့ သက်မွန်မြင့်က ပြောပါတယ်။

ထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင် ဇာတ်ကား၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသောအမုန်း” ဇာတ်ကားတို့နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” တို့ကို ရရှိထားပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “၂၀၁၇ ခုနှစ်၊ အကယ်ဒမီ” ပရိသတ် အကြိုက်နဲ့ ထပ်တူကျနိုင်မလား

The post သက်မွန်မြင့် ပိန်သွားရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)