Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသမီး အင်ဂျလီနာဂျိုလီ ဗြိတိသျှ သန်းကြွယ် သူဌေးတဦးနှင့် လက်ထပ်တော့မည်

$
0
0

ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီးချော အင်ဂျလီနာဂျိုလီ (Angelina Jolie) ဟာ ခင်ပွန်းဟောင်း မင်းသား ဘရက်ပစ် (Brad Pitt) နဲ့ လမ်းခွဲပြီးတဲ့ နောက်ပိုင်း ၂ နှစ်လောက် တယောက်တည်း ဖြစ်နေခဲ့သူပါ။

အသက် ၄၂ နှစ်အရွယ် မင်းသမီး၊ ဒါရိုက်တာ ဂျိုလီဟာ ဗြိတိန်သန်းကြွယ်သူဌေး ပရဟိတသမားတဦးနဲ့ လျှို့ဝှက် တွဲနေတာ တနှစ်ကျော်လောက် ရှိသွားပြီ လို့ဆိုကြပြီး အခုတော့ အဲဒီချစ်သူအသစ်နဲ့ လက်ထပ်ဖို့ သတင်းတွေက ဆိုပါတယ်။ သတင်းရင်းမြစ်တခုက “သူဟာ တနှစ်ကျော်လောက် လျှို့ဝှက်တွဲနေတဲ့ ပရဟိတသမား ဗြိတိသျှ သန်းကြွယ် သူဌေး တယောက်ရှိပါတယ်” လို့ Life & Style မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဂျိုလီနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တယောက်ကတော့ ချစ်သူအစစ်နဲ့ လျှို့ဝှက်အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ “တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ တကယ့်အချစ်စစ် အဖြစ်ပွင့်လန်းလာခဲ့ပါတယ်” လို့ ပြောပါတယ်။ သတင်း ဝက်ဘ်ဆိုက် တခုရဲ့ အဆိုအရ ဂျိုလီဟာ ခင်ပွန်းဟောင်း ဘရက်ပစ်နဲ့ ကွာရှင်းတဲ့ကိစ္စ အပြီးသတ်ပြီးတဲ့နောက် အဲဒီ လျှို့ဝှက် ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သူဟာ ဒီနှစ် နွေရာသီမှာပဲ လန်ဒန်မြို့မှာ လက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်ထားပြီး မင်းသား ဘရက်ပစ်နဲ့ ကွာရှင်းတဲ့ကိစ္စ အပြီးသတ်ရေးနဲ့ ကလေး ၆ ဦးကို UK နိုင်ငံသို့ ပြောင်းရွှေ့နိုင်ရေးလိုမျိုး လိုအပ်တဲ့ လုပ်ဆောင်ဖွယ်ရာတွေ အားလုံးကို လက်ထပ်ပွဲ မတိုင်ခင် လအနည်းငယ် အလို မှာ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

ဂျိုလီရဲ့ သူငယ်ချင်းတဦးက “ဂျိုလီဟာ ဘရက်ပစ်နဲ့ ကွာရှင်းကြောင်း ထိုးထားတဲ့ လက်မှတ် မှင်ခြောက်သွားတဲ့ အချိန်မှာပဲ ချမ်းသာကြွယ်ဝတဲ့ သူဌေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ဆိုပါတယ်။ ဂျိုလီရဲ့ သားသမီးတွေကတော့ သူ့တို့အမေ နောက်အိမ်ထောင်ပြုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။

အတွင်းသတင်းတခုက “သူတို့ဟာ Pitt ကိုလည်းချစ်ပါတယ်၊ တချိန်တည်းမှာပဲ နောက်အိမ်ထောင်ပြုမှာ ကိုလည်း သဘောကျပြီး Joile နောက်အိမ်ထောင်ပြုမယ့် ကိစ္စကို စိတ်လှုပ်ရှားနေကြပါတယ်” လို့ဆိုပါတယ်။ နောက်ထပ် သတင်းရင်းမြစ်တခုကတော့ “သူတို့ဟာ အဲဒီမင်္ဂလာပွဲမှာ အတူတူ ပူးပေါင်း ပါဝင်လိုပြီးတော့ Jolie ကတော့ အဲဒီ မင်္ဂလာပွဲကို လန်ဒန်မြို့ပြင်မှာရှိတဲ့ သူတို့မိသားစု ငှားရမ်းထားတဲ့ အိမ်ကြီးမှာ လာမယ့် ဇူလိုင်လ နှောင်းပိုင်း ဒါမှမဟုတ် သြဂုတ်လ အစောပိုင်းမှာ ပြုလုပ်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဆိုပါတယ်။

အတွင်းသတင်း တခုအရ Jolie ဟာ သူ့ရဲ့ သားသမီးများ ဖြစ်ကြတဲ့ အသက် ၁၃ နှစ်အရွယ် Zahara နဲ့ အသက် ၉ နှစ်အရွယ် Vivienne တို့ကို သတို့သမီးအရံ အနေနဲ့ လုပ်ခိုင်းဖို့ စဉ်းစားနေပြီး အသက် ၁၁ နှစ်အရွယ် Shiloh ကတော့ သူနဲ့အတူ လျှောက်လှမ်း လာစေဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ အသက် ၉ နှစ်အရွယ် Knox ကတော့ မင်္ဂလာ လက်စွပ်ကို ကိုင်ဆောင်လာမှာဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် Maddox ကတော့ သတို့သားရဲ့ ကိုယ်ရံတော်အဖြစ် လိုက်ပါလာမယ်လို့ဆိုပါတယ်။

ခင်ပွန်းဟောင်း Pitt ကိုတော့ မင်္ဂလာပွဲကို ဖိတ်ကြားမှာ မဟုတ်ပေမယ့် မင်္ဂလာဆုမွန်ကောင်း တောင်းပေးခဲ့ပြီလို့ ဆိုပါတယ်။ သူနဲ့ မဟုတ်ရင်တောင် Jolie အနေနဲ့ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ရရှိပါစေလို့ ဆုတောင်းပေးတဲ့ အကြောင်း Pitt က သူငယ်ချင်းတွေကို ပြောခဲ့တယ်လို့ဆိုပါတယ်။ အခုတခါ အိမ်ထောင်ပြုမှာဆိုရင်တော့ Jolie အတွက် စတုတ္ထ အိမ်ထောင်ပဲ ဖြစ်ပါတယ်။

ဂျိုလီဟာ ၁၉၉၆ ခုနှစ်မှာ ဗြိတိသျှမင်းသား Jonny Lee Miller နဲ့ လက်ထပ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလမှာ ကွာရှင်းခဲ့ ပါတယ်။ အဲဒီနောက် ၂ လကြာ တွဲခုတ်ခဲ့တဲ့ မင်းသား Billy Bob Thornton နဲ့ ၂၀၀၀ ပြည့်နှစ် မေလမှာ လက်ထပ်ခဲ့ ပေမယ့် ၂၀၀၃ ခုနှစ်မှာ လမ်းခွဲခဲ့ပြန်ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက မင်းသား Pitt နဲ့ ချစ်ကျွမ်းဝင်ခဲ့တဲ့ Jolie ဟာ ၂၀၁၄ ခုနှစ်ရောက်မှသာ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို ကျင်းပနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာတော့ သူတု့ိနှစ်ဦး တရားဝင် လမ်းခွဲလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်ဘရက်ပစ် မပါဘဲ မွေးနေ့ပွဲကျင်းပမယ့် အင်ဂျလီနာဂျိုလီ 

Ref : aceshowbiz

The post မင်းသမီး အင်ဂျလီနာဂျိုလီ ဗြိတိသျှ သန်းကြွယ် သူဌေးတဦးနှင့် လက်ထပ်တော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)