Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Madame Tussauds ပြတိုက်တွင် မင်းသမီး Meghan Markle ၏ ဖယောင်းရုပ်တု ထားရှိမည်

$
0
0

မင်းသမီး မီဂန်မာကယ် (Meghan Markle) ဟာ လူအများစိတ်ဝင်စားနေတဲ့ တော်ဝင်လက်ထပ်ပွဲ မတိုင်မီ ဘုရင်မကြီး အဲလိဇဘက်၊ မင်းသား ဝီလီယမ်နှင့် ဇနီး Kate Middleton၊ ခင်ပွန်းလောင်း မင်းသား ဟယ်ရီတို့နဲ့အတူ ဖယောင်းရုပ်တု ရရှိတဲ့ နောက်ဆုံး နာမည်ကျော်ကြားသူ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ပုံတွဲရုပ်တုကို နယူးယောက်နဲ့ လန်ဒန်မြို့မှာ ရှိတဲ့ Madame Tussauds ပြတိုက်တွေမှာ ထားရှိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အခုထိတော့ အဲဒီရုပ်တုမှာ ဝတ်ဆင်မယ့် ဝတ်စုံနဲ့ ဘယ်မှာ ထားရှိမယ်ဆိုတာကိုတော့ လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြတိုက်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက “Meghan ရဲ့ လျှောက်လှမ်းခဲ့ရတဲ့ တော်ဝင်ခရီးစဉ်ထဲက မှတ်သားလောက်ဖွယ် အခိုက်အတန့်ကို ထင်ဟပ်ပြမှာဖြစ်တယ်” လို့ ကြေညာချက်တခုမှာ ပြောပါတယ်။

ဒါ့အပြင် မင်းသမီးဟာ ရုပ်တု တရုပ်လိုမျိုး အနေအထားနဲ့ အဲဒီ ရုပ်တုကို ထုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မင်းသမီး Meghan ရဲ့ အပျော်တွေ ကူးစက်ပြီး နွေးထွေးတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်နိုင်ဖို့ သတင်း အချက်အလက်တွေနဲ့ ဓာတ်ပုံသုတေသန ပြုချက်တွေအပေါ် အားကိုးခဲ့ရတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အထွေထွေမန်နေဂျာ Edward Fuller က “တော်ဝင်စုံတွဲရဲ့ မင်္ဂလာပွဲအတွက် စိတ်လှုပ်ရှားမှုက ကမ္ဘာတဝန်း ပျံ့နှံ့ နေပြီးတော့ တော်ဝင်စေ့စပ်ပွဲကို လုပ်ခဲ့ပြီဆိုတဲ့သတင်းထွက် ပေးခဲ့ချိန်ကတည်းက မင်းသမီး Meghan ရဲ့ ရုပ်တုနဲ့ ပတ်သက်လို့ ကျနော်တို့ လျှို့ဝှက်လုပ်ဆောင် နေခဲ့ကြတာဟာ အံ့သြသင့်စရာ အနေနဲ့ ဖြစ်ပေါ်လာတာပါ” လို့ ကြေညာချက်တခုမှာ ပြောကြားထားပါတယ်။

ဆက်ပြီး သူက “ပြည်သူတွေရဲ့ နှလုံးသားကို Meghan က သိမ်းကြုံး ရယူသွားခဲ့တယ်ဆိုတာ ရှင်းပါတယ်။ အခုဆိုရင် ကမ္ဘာပေါ်က နာမည်အကျော်ကြားဆုံး စုံတွဲတတွဲ ဖြစ်လာပြီး သူဟာ လူသားချင်းစာနာ ထောက်ထားမှုနဲ့ Role Model တယောက်အဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်ပါတယ်။ ဒီနှစ် နှောင်းပိုင်းလောက်မှာ ဧည့်သည်တွေအနေနဲ့ သူ့ကို တွေ့ဆုံနိုင်ဖို့ အခွင့်အရေးပေးဖို့ စိတ်လှုပ်ရှားနေပါပြီ” လို့ ပြောကြားထားပါတယ်။

လန်ဒန်မှာရှိတဲ့ ရုပ်တုကိုတော့ မေလအစောပိုင်းမှာ ဖွင့်လှစ်မှာဖြစ်ပြီး နယူးယောက်မှာရှိမယ့် ရုပ်တုကိုတော့ နွေရာသီ ကာလအတွင်း ဖွင့်လှစ်နိုင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားပါတယ်။ Meghan ဒါမှမဟုတ် Harry ဆိုတဲ့ နာမည်ပိုင်ဆိုင်တဲ့ လာရောက်လည်ပတ်သူတွေ (ID ကဒ်ပြဖို့ လိုအပ်) ကတော့ မတ်လ ၂၁ ရက်နေ့ ကနေ တော်ဝင်မင်္ဂလာပွဲကျင်းပမယ့် မေလ ၁၉ ရက်နေ့အထိ ပြတိုက်ထဲကို အခမဲ့ ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီနဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး Meghan တို့ဟာ စိန့်ဂျော့ချ် ဘုရားကျောင်းတော်ကြီးမှာ လက်ထပ်ဖို့ စီစဉ်ထားပြီး တော်ဝင်ရေးရာ ကျွမ်းကျင်သူ Katie Nicholl ရဲ့ အဆိုအရ မင်းသား ဟယ်ရီဟာ သူ့ရဲ့ ဇနီးလောင်းနဲ့ ကလေးယူဖို့အထိ စဉ်းစားနေပြီလို့ ဆိုပါတယ်။

Katie က “အထူးသဖြင့် ဟယ်ရီက တော်ဝင်မင်္ဂလာ ဆောင်ပြီးတဲ့နောက် လှပတ ဲ့မိသားစုတခုကို စတင်ဖို့ စိတ်အား ထက်သန်နေပါပြီ။ သူကလေး လိုချင်တဲ့အကြောင်းကိုလည်း လျှို့ဝှက်မထားပါဘူး” လို့ Entertainment Tonight မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“ဓနသဟာယနေ့” မှာ တော်ဝင်မိသားစုနဲ့အတူ ပွဲတက်ခဲ့တဲ့ မင်းသမီး Meghan Markle

Ref : aceshowbiz

The post Madame Tussauds ပြတိုက်တွင် မင်းသမီး Meghan Markle ၏ ဖယောင်းရုပ်တု ထားရှိမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)