Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပိုလီယိုရောဂါသည် “Robin Cavendish” အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင် “Breathe”

$
0
0

ဒီတပတ်မှာတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားပြီး ဒါရိုက်တာ Andy Serkis ရိုက်ကူးထားတဲ့ “Breathe” ဆိုတဲ့ ဖြစ်ရပ်မှန် ဒရာမာ ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Andrew Garfield နဲ့ မင်းသမီး Claire Foy တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ Robin နဲ့ Diana တို့ ဇနီးမောင်နှံဟာ အလည်အပတ် ခရီးတခုထွက်ရင်း ရုတ်တရက် ဆိုသလို Robin မှာ ပိုလီယိုရောဂါ ကူးစက်ခံရပြီး လည်ပင်းကစလို့ အောက်ပိုင်း တပိုင်းလုံး လှုပ်မရတော့ဘဲ လေဖြတ်သွားခဲ့ပါတယ်။

ပျော်ရွှင်နေတဲ့ သူတို့ဇနီးမောင်နှံရဲ့ ဘဝမှာ ရက်စက်တအလှည့်အပြောင်း တခု ဖြစ်လာခဲ့ပြီး Robin ဟာ အသက်ရှုစက် အကူအညီနဲ့ အသက်ရှုရတဲ့ ကိုယ်အောက်ပိုင်းသေ ရောဂါသည် တယောက်လုံးလုံး ဖြစ်ခဲ့ရပြီး ဒီရောဂါကြောင့်ပဲ စိတ်ကျရောဂါပါ ခံစားလာခဲ့ရပါတယ်။

အဲဒီခေတ်မှာ ပိုလီယိုရောဂါ ဖြစ်ပြီဆိုရင် ဆေးရုံက မဆင်းရဘဲ အသက်ရှုစက် အကူအညီနဲ့ပဲ နေရပါတယ်။ Robin ရဲ့ မျှော်လင့်ချက် မဲ့လှတဲ့ဘဝကို ပြန်လည် အသက်သွင်းပေးခဲ့တာကတော့ သူ့ရဲ့ဇနီးသည် Diana ပါပဲ။ Diana ဟာ အသက်ရှုစက် အကူအညီနဲ့ ဆေးရုံကုတင်ပေါ်က လှုပ်လို့မရတဲ့ စိတ်ကျရောဂါပါ ခံစားနေရတဲ့ သူ့ခင်ပွန်းသည်ရဲ့ အဖြစ်ကို မကြည့်ရက်တာကနေစလို့ အရာရာကို စိန်ခေါ်ပြီး ပိုလီယိုရောဂါသည် ယောကျာ်းကို ဆေးရုံက မရရအောင် ဆင်းခဲ့ပါတယ်။

ဒီလို စိန်ခေါ်မှုတွေကြောင့်ပဲ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပြီး ဘဝမှာ မိတ်ဆွေသူငယ်ချင်း စစ်စစ်တွေဟာ ဘယ်လောက်တောင် အရေးပါလဲဆိုတာကို ရိုက်ကူးတင်ပြထားတာမို့ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်း ချင်ပါတယ်။

IMDB rating (7.1) ရရှိထားတဲ့ ဒီဇာတ်ကားမှာ အသက်ရှုစက် အကူအညီနဲ့ အသက်ရှုနေရတဲ့ ကိုယ်တိုင်လည်း ရောဂါသည် တယောက်ဖြစ်ပြီး ပိုလီယို ရောဂါသည်တွေကို အားပေးကူညီသူ “Robin Cavendish” အဖြစ် မင်းသား Andrew Garfield က သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ရဲ့ “အကောင်းဆုံး ဖြစ်ရပ်မှန်” ရုပ်ရှင် ဇာတ်ကားတွေထဲက တကားဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဧရာဝတီမှ ညွှန်းဆို လိုက်ပါတယ်။

The post ပိုလီယိုရောဂါသည် “Robin Cavendish” အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင် “Breathe” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link