Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဒုဋ္ဌဝတီကိုလွန်၍” အပါအဝင် ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား မိတ်ဆက်

$
0
0

လူငယ်ဒါရိုက်တာ အာကာ ရိုက်ကူးထားတဲ့ “ဒုဋ္ဌဝတီကိုလွန်၍” အမည်ရှိ လျို့ဝှက်ဆန်းကြယ်ပြီး သည်းထိပ်ရင်ဖို ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားအပါအဝင် ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား ကို Golden Hour Entertainment မှ မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွေကတော့ ပုံမှန် မြန်မာရုပ်ရှင် ဇာတ်ကားများနဲ့ မတူညီတဲ့ ပုံစံတမျိုး ကွဲနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပြီး ရုပ်ရှင်ချစ် ပရိသတ်များအနေနဲ့လည်း စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်ကားများ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်ကစပြီး ဒါရိုက်တာ လုပ်ဖို့အတွက် ကြိုးစားလာတာဖြစ်ပြီး ဒီဇာတ်ကားကို ရိုက်ကူးဖို့ အခက်အခဲများစွာ ရှိခဲ့ပြီး ယခုအခါ ပရိသတ်ဆီကို ပြသနိုင်တော့မှာ ဖြစ်တယ်လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။

“အသစ်သစ်တိုင်းက ကမ္ဘာမှာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ရှိတယ်။ လွယ်လွယ်လေးနဲ့ အသစ် တယောက် ဖန်တီး လိုက်တာက အရမ်းအောင်မြင်တယ် ဆိုတာ ရှားပါတယ်။ စိန်ခေါ်မှုများတယ် ဆိုတာကလည်း အသစ်ကြောင့် ဖြစ်တာ။ အဟောင်းတွေအတွက် အသစ်တွေကို ပိုကောင်းတဲ့ အရသာကို ပေးနိုင်တယ်။ ဒီလို စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ဖို့ ကျနော်က ပြင်ဆင်ပြီးသားပါ”လို့ ဒါရိုက်တာအာကာက ပြောပါတယ်။

“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ အာကာ /ယုဖြူဟန်/ ဧရာဝတီ

Golden Hour Entertainment မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားများကတော့ “ဒုဋ္ဌဝတီကိုလွန်၍”၊ “ကြိုးဖုန်း”၊ “ကမ္ဘာနှစ်ထပ်”၊ “အဆိပ်ရှိလူရိုင်း” စတဲ့ ဇာတ်ကားများဖြစ်ပြီး အဆိုပါ ဇာတ်ကား ၄ ကားထဲမှာ ဒါရိုက်တာ အာကာက ၃ ကား ရိုက်ကူးထားပြီး ဒါရိုက်တာ စတီးလ်ကတော့ “အဆိပ်ရှိလူရိုင်း” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးထားတာပါ။

Golden Hour Entertainment ရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီးကို မေလအတွင်း ရုံတင်ပြသသွားမှာဖြစ်ပြီး အာရှနိုင်ငံအတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံများမှာလည်း ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။

“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် ဇာတ်ကားထဲမှာ သရုပ်ဆောင်များအဖြစ် နိုင်းနိုင်း၊ အမွန်း ၊ဆန်းထွဋ် ၊ဇော်ဇော်အောင် ၊ နော်အောင်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် Official Trailer –

ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင် Official Trailer ထွက်ရှိ

ပရိသတ်များ စောင့်မျှော်နေကြသည့် “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင် Official Trailer ထွက်ရှိGolden Hour Entertainment မှ ပထမဦးဆုံး ပွဲဦးထွက် ထုတ်လုပ်တင်ဆက်ပြီး လူငယ် ဒါရိုက်တာ အာကာ ရိုက်ကူးထားတဲ့ "ဒုဋ္ဌဝတီကိုလွန်၍" (The Mystery of Burma – Beyond the Dotehtawady) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို အချိန်ကြာ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် ယနေ့၊ မတ်လ ၂၁ ရက်နေ့မှာ တင်လိုက်ပါပြီ။“စောင့်မျှော်နေကြတဲ့ ပရိတ်သတ်တွေအတွက် ဝမ်းသာစရာသတင်းကတော့ ဆင်ဆာရရှိပြီး ဖြစ်ပါတယ်။ ရုံတင်ရက်ကို စောင့်ဆိုင်းနေရတဲ့ အချိန်မှာအမြန်ဆုံး ရုံတင်ခွင့်ရနိုင်ဖို့ ပရိတ်သတ်ကြီးလည်း ဝန်းရံပေးကြပါဦး။ ရုပ်ရှင်ရုံ တင်ရင်လည်း ကြည့်ရှု အားပေးကြပါဦးဗျာ” လို့ အဆိုပါရုပ်ရှင် (ဒုဋ္ဌဝတီကို လွန်၍) အဖွဲ့သားများက “The Mystery of BURMA” Facebook Page မှာ ရေးသားတင်ထားပါတယ်။"ဒုဋ္ဌဝတီကိုလွန်၍" ရုပ်ရှင်ကို ဒါရိုက်တာ အာကာရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် မင်းသား နိုင်းနိုင်း၊ အဆိုတော် အမွန်း၊ ဇော်ဇော်အောင်၊ နော်အောင်၊ Joe Moreira ၊ ဆန်းထွဋ်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ရဲ့ Theme Song ကိုလည်း မကြာသေးခင်က “The Mystery of BURMA” Facebook Page မှာ တင်ခဲ့ပြီး ပရိတ်သတ်များစွာရဲ့ စိတ်ဝင်စားမှုတွေကို ရရှိခဲ့ပါတယ်။ အဆိုပါ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် Theme Song ကို တေးရေး သားပေါက် (Scorpio Music House) ရေးသားပြီး အဆိုတော် လေးဖြူက သီဆိုပေးထားကာ တီးခတ်မှု အပိုင်းကို Iron Cross Band ၊ Mixing နဲ့ Mastering အပိုင်းကို ချစ်စမ်းမောင်က တာဝန်ယူပေးထားတယ်လို့ သိရပါတယ်။ “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင် Official Trailer ကို ပရိသတ်များ ပြန်လည် ကြည့်ရှုခံစားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။သတင်း – သီဟတိုး/ ဧရာဝတီ

Posted by The Irrawaddy Lifestyle on Wednesday, March 21, 2018

The post “ဒုဋ္ဌဝတီကိုလွန်၍” အပါအဝင် ရုပ်ရှင်ဇာတ်ကားကြီး ၄ ကား မိတ်ဆက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)