Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူသားချင်း စာနာ ထောက်ထားမှုနဲ့ စတေးခံ လူတွေရဲ့ဘဝကို ရိုက်ပြထားတဲ့ “Never Let Me Go”

$
0
0

ဒီတခါမှာတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိထားပြီး ဒါရိုက်တာ Mark Romanek ရိုက်ကူးထားတဲ့ “Never Let Me Go” ဆိုတဲ့ ဇာတ်ကားကောင်း တကားအကြောင်း ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် မင်းသမီး Carey Mulligan ၊ Kiera Knightely နဲ့ စပိုက်ဒါမန်း မင်းသားလို့ လူသိများတဲ့ မင်းသား Andrew Garfield တို့ ပါဝင်ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ကေသီ၊ တော်မီနဲ့ ရုသ်တို့ဟာ ကျေးလက ်ရွာလေးတရွာက မိဘမဲ့ ကျောင်းတခုမှာ အတူတူ ကြီးပြင်းလာကြတဲ့ သူငယ်ချင်း ၃ ယောက်ပါ။ သူတို့ ၃ ယောက် အပါအဝင် မိဘမဲ့ ကလေးတွေကို ပြုစုပျိုးထောင် ပေးတဲ့ အဲဒီ မိဘမဲ့ကျောင်းဟာ ပုံမှန်အားဖြင့် သာမန် မိဘမဲ့ ကျောင်းတခုလို့ ထင်ရပေမယ့် ကျောင်းရဲ့ ရည်ရွယ်ချက်ကတော့ အင်မတန် အံ့သြစရာ ကောင်းလောက်အောင် ကြောက်စရာ ကောင်းပါတယ်။

အဲဒီ မိဘမဲ့ကျောင်းက ကလေးတွေဟာ တခြားကလေးတွေလို အရွယ်ရောက်လာတဲ့အခါ ဘာလုပ်မယ် ဆိုတဲ့ ရွေးချယ်ခွင့် မရှိကြပါဘူး။ သူတို့အတွက် ကျောင်းက ရွေးချယ်ပေးထားတဲ့ ခါးသီးတဲ့ ဘဝခရီးကိုပဲ ဆက်လက် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။

ငယ်ဘဝကစလို့ တဖြည်းဖြည်း အရွယ်ရောက်လာကြတဲ့ သူငယ်ချင်း ၃ ယောက်ရဲ့ သံယောဇဉ်၊ ချစ်ခြင်း မေတ္တာ၊ သဝန်တိုစိတ်တို့နဲ့ ကူကယ်ရာမဲ့ ခါးသီးလှတဲ့ လက်တွေ့ ဘဝတို့ကြား ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းကို ဆက်လက် ကြည့်ရှုရင်းနဲ့ သိလာမှာပါ။

မင်းသား Andrew Garfield ဟာ ဒီဇာတ်ကားနဲ့ပဲ “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” ကို ရရှိခဲ့ပြီး ဒီဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ရဲ့ “အကောင်းဆုံး ရုပ်ရှင်ဆု” နဲ့ “ဇာတ်ညွှန်းဆု” ဆန်ခါတင် စာရင်း ဝင်ခဲ့ပါတယ်။ ဂျပန်စာရေးဆရာ Kazuo Ishiguro ရဲ့ဝတ္ထုကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို၂၀၁၆ ခုနှစ်မှာ ဂျပန်လို ပြန်လည် ရိုက်ကူးထားပါသေးတယ်။

IMDB Rating (7.2) ရရှိထားတဲ့ ဒီဇာတ်ကားဟာ ဒရာမာ ဇာတ်ကားတွေထဲက တမူထူးခြားလှတဲ့ ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်ကားဟာ ဖျော်ဖြေရေးသက်သက် ရုပ်ရှင်ဇာတ်ကားမျိုး မဟုတ်တာ အသေအချာပါပဲ။ လူသားချင်း စာနာ ထောက်ထားမှုနဲ့ စတေးခံ လူတွေရဲ့ဘဝတွေကို ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကား အဖြစ် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းပေးလိုက်ပါတယ်။

The post လူသားချင်း စာနာ ထောက်ထားမှုနဲ့ စတေးခံ လူတွေရဲ့ဘဝကို ရိုက်ပြထားတဲ့ “Never Let Me Go” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)