Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Tomb Raider ရုပ်ရှင်အတွက် လေ့ကျင့်နေချိန်မှာ အဆီများတဲ့ အစားအစာကို လက်မလွှတ်ခဲ့တဲ့ Alicia Vikander

$
0
0

မင်းသမီး Alicia Vikander ဟာ “Tomb Raider” ရုပ်ရှင်အတွက် ပြင်ဆင်နေတဲ့ အချိန်အတွင်းမှာတောင် နားရက်ရတာနဲ့ အဆီများတဲ့ အစားအစာ ၊ပီဇာကို တနင်္ဂနွေနေ့တိုင်း ပုံမှန် စားသုံးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၉ နှစ် အရွယ်၊ မင်းသမီး Alicia Vikander ဟာ ဂန္တဝင်အက်ရှင် ရုပ်ရှင်ရဲ့ ၂၀၁၈၊ “Reboot Version” ထဲမှာ Lara Croft အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကောင်အတွက် လိုက်ဖက်တဲ့ ပုံသဏ္ဍာန်ကို ရရှိဖို့ ဆုံးဖြတ်ထား ပေမယ့်လည်း စားချင်တာစားနိုင်တဲ့ အားလပ်ရက် တနင်္ဂနွေနေ့ကိုပဲ မျှော်လင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

Glamour မဂ္ဂဇင်းကို ပြောကြားခဲ့ရာမှာတော့ မင်းသမီးက “ကျမတို့ တပတ်ကို ၅ ရက်ကနေ ၆ ရက်အထိ လေ့ကျင့်ခဲ့ကြပြီး တနင်္ဂနွေနေ့တိုင်းကတော့ ပီဇာစားတဲ့နေ့တွေ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက်မိုးလင်းလို့ နိုးတာနဲ့ ပထမဆုံး ကျမ စဉ်းစားတဲ့ အရာက ဒီနေ့ဟာ ပီဇာစားရမယ့်နေ့ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် အော်စကာဆုရှင် မင်းသမီးချောဟာ “Tomb Raider” ရုပ်ရှင်အတွက် လေ့ကျင့်ရေးဟာ သူ့ကိုခံစားမှုတွေ ပေးစွမ်းပြီး ရုပ်ရှင်ရိုက်ကူးပြီး နောက်ပိုင်းမှာလည်း ကြွက်သား တည်ဆောက်ရေး လေ့ကျင့်မှုအတွက်လည်း ကြိုးစား ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းသမီး Alicia က “ကျမ လေ့လာခဲ့ရတဲ့ မတူညီတဲ့ ကျွမ်းကျင်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ပြီးတော့ ကျမ ကြွက်သားက ၁၀ ပေါင်ကနေ ၁၂ ပေါင်အထိ တက်လာခဲ့ပါတယ်။ ရုပ်ရှင် စမရိုက်ခင် အချိန်အထိ ၄ လလောက် ကျမရဲ့ Trainer နဲ့ အလုပ်အတူ တွဲလုပ်ခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်ရိုက်ကူးရေး မစခင်မှာလည်း Gym မှာ ရှိနေခဲ့တာပါ”
“ယောဂ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်းစွမ်းရေးလေ့ကျင့်ခန်းနဲ့ Cardio တို့ကိုလည်း အများကြီး လေ့ကျင့်ခဲ့ရပါတယ်။ ပြီးတော့ ကျမအခု ကြွက်သားလေ့ကျင့်ခန်း တော်တော်များများကို စလုပ်နေပါပြီ။ ကျမ တကယ် နှစ်ခြိုက်ပါတယ်။ ကျမ ခန္ဓာကိုယ်ထဲမှာ အားတွေ တော်တော်များများ ရှိလာပြီလို့ ခံစားရပြီး အခြားအားတွေတိုးလာကို ကျမ ကြိုက်ပါတယ်” လို့ ပြောပါတယ်။

အခုဆိုရင် သူဟာ ပရိသတ်က တောင့်တနေတဲ့မင်းသမီး တလက်ဖြစ်နေပြီး သူ့ဇာတ်ရုပ်အတွက် အချိန်တိုင်း မိတ်ကပ် လိမ်းရပေမယ့် အရမ်းခြောက်သွေ့တတ်တဲ့ အသားအရေကြောင့် ရိုက်ကွင်းမှာမဟုတ်ရင် မိတ်ကပ် အများကြီး မလိမ်းဘူးလို့ ဆိုပါတယ်။

“The Danish Girl” ရုပ်ရှင်မင်းသမီး Alicia က “အခုတော့ ကင်မရာနဲ့ အခြားအရာတွေအတွက် မိတ်ကပ် ပြင်ဆင် ပေးမယ့် အံ့သြလောက်ဖွယ် ပရောဖက်ရှင်နယ်အဖွဲ့တခု ကျမဆီမှာ ရှိပါတယ်။ နေ့စဉ်ဘဝမှာတော့ ကျမက မိတ်ကပ် သိပ်လိမ်းလေ့ မရှိပါဘူး။ ဒါပေမယ့် ကျမ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ကြိုက်ပါတယ်။ တကယ်လို့များ တခုခု လိမ်းလိုက်ရင် ကျမ အသားအရေက တော်တော်လေးကို ခြောက်သွေ့သွားတာပါ။ လက်လိမ်း ခရမ်ကို ကျမ မျက်နှာ မှာလိမ်းပြီးတော့ ဆက်သွားရတာပါပဲ။ လေယာဉ် စီးရတဲ့ အချိန်မှာ ကျမက နှာခေါင်းစည်းတပ်ပြီး ညလိမ်းခရမ်ကို နေ့လိမ်း ခရမ်လိုမျိုး သုံးရပါတယ်” လို့ ပြောပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မြောက်အမေရိကမှာ “Tomb Raider” ရုပ်ရှင် ရုံတင်နေပေမယ့် “Black Panther” ရုံဝင်ငွေကို မကျော်တက်နိုင်သေး 

The post Tomb Raider ရုပ်ရှင်အတွက် လေ့ကျင့်နေချိန်မှာ အဆီများတဲ့ အစားအစာကို လက်မလွှတ်ခဲ့တဲ့ Alicia Vikander appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link