Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တောင်ကိုရီးယာနိုင်ငံက ရွံရှာစက်ဆုပ်ဖွယ် သက်ငယ် မုဒိမ်းမှု ဖြစ်ရပ်မှန် ရုပ်ရှင် “Hope (2013)”

$
0
0

ဒီတခါမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် သက်ငယ် မုဒိမ်းမှု တခုကို အခြေခံ ရိုက်ကူးထားတဲ့ “Hope” ဆိုတဲ့ ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားက ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Joon-ik Lee ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ IMDB Rating (8.3) ရရှိထားတဲ့ ဒီဇာတ်ကားမှာ ကလေးသရုပ်ဆောင် Re Lee၊ မင်းသား Kyung-gu Sol ၊မင်းသမီး Ji-won Uhm တို့အပြင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားပြီး Crime Drama ရုပ်ရှင် အမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ အသက် ၈ နှစ်အရွယ် ချစ်စဖွယ် မျက်နှာလေးနဲ့ ဆံပင်ရှည်ရှည် ကောင်မလေး So-won (So-won ဆိုတာဟာ Hope (မျှော်လင့်ချက်) လို့ အဓိပ္ပာယ် ရပါတယ်) ရဲ့ဖခင်ဟာ စက်ရုံတခုက လုပ်သား တယောက်ဖြစ်ပြီး အမေဖြစ်သူကတော့ So-won ဆိုတဲ့ ဆိုင်နာမည်နဲ့ မီနီမတ်လေး တခုဖွင့်ထားတဲ့ အလုပ်နဲ့လက်နဲ့ မပြတ်သူ အိမ်ထောင်ရှင် အမျိုးသမီးတယောက် ဖြစ်ပါတယ်။

မိုးတွေရွာတဲ့ တနေ့မှာတော့ So-won တယောက် တီဗီမှာလာနေတဲ့ သူမ အချစ်တော် ကာတွန်းဇာတ်ကောင်လေး ကိုကိုမိုကို ကြည့်ရင်း ကျောင်းသွားဖို့အတွက် ပြင်ဆင်နေရာကနေ ကျောင်းနောက်ကျပါတော့တယ်။ ကျောင်း နောက်ကျ နေတဲ့ So-won ကို သူမအမေက ကျောင်းသွားတဲ့အခါ လမ်းမကြီးအတိုင်း သွားဖို့ မှာခဲ့ပါတယ်။

ဖြတ်လမ်း လမ်းသွယ်လေးကသွားရင် ကျောင်းကို အမြန်ရောက်နိုင်မှာ သိပေမယ့် So-won က သူ့ အမေမှာတဲ့အတိုင်း ထီးအဝါရောင်လေးကို ဆောင်းရင်း လမ်းမကြီးဘက်ကပဲ သွားခဲ့ပါတော့တယ်။ ကျောင်းနား ရောက်ခါနီးမှာပဲ ရေစိုနေတဲ့ လေတံခွန် တခုကို ကိုင်ထားတဲ့ လူကြီး တယောက်ဟာ So-won လေးကို သူနဲ့ ထီးအတူတူ မျှဆောင်းဖို့ တောင်းဆိုခဲ့ ပါတယ်။

So-won လေးကတော့ သူကျောင်းနောက်ကျနေပြီလို့ ပြောခဲ့ပေမယ့် So-won လေးရဲ့ ကံကြမ္မာဟာ သူတို့မိသားစုကို အလှည့်အပြောင်း ဖြစ်လာခဲပါတယ်။ ဒီဇာတ်ကားဟာ၂၀၁၄ ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့ပြီး ဒါရိုက်တာရဲ့ တိကျသေချာလှတဲ့ ရိုက်ကူး တင်ပြချက်တွေကိုကြည့်ရင်း မျက်ရည် စို့ရ၊ ခံပြင်း ဒေါသထွက်ရနဲ့ စိတ်ခံစားချက်တွေဟာ ရုပ်ရှင်ကနေတဆင့် နှလုံးသားဆီကို တစိမ့်စိမ့်နဲ့ ကူးစက်စေပါတယ်။

ဒီရုပ်ရှင်ကိုကြည့်ပြီး မဖြေသာနိုင်တာ တခုက ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် မှုခင်းတခုကို အခြေခံပြီး ရိုက်ကူးထားတာ ဆိုတာပါပဲ။ တကယ့်အပြင် လက်တွေ့ဘဝမှာတော့ တရားခံဟာ၂၀၂၀ ခုနှစ်မှာ လွတ်မြောက်မှာ ဖြစ်တာကြောင့် တောင်ကိုရီးယားက ပြည်သူ ၄ သိန်းကျော်ဟာ တရားခံကို လွှတ်မပေးဖို့ လက်မှတ်ထိုး တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတဲ့ ရွံရှာစက်ဆုပ်ဖွယ် သက်ငယ် မုဒိမ်းမှု ဖြစ်ရပ်တွေနဲ့လည်း တိုက်ဆိုင် နေတာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကားအဖြစ် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဧရာဝတီမှ ညွှန်းဆို လိုက်ပါတယ်။

The post တောင်ကိုရီးယာနိုင်ငံက ရွံရှာစက်ဆုပ်ဖွယ် သက်ငယ် မုဒိမ်းမှု ဖြစ်ရပ်မှန် ရုပ်ရှင် “Hope (2013)” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)