Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Chris Brown ရဲ့ Music Video မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ed Sheeran နဲ့ Kendall Jenner တို့ ဝေဖန်ခံနေရ

$
0
0

ကမ္ဘာကျော် Rap အဆိုတော် Lil Dicky နဲ့ Chris Brown တို့ရဲ့ “Freaky Friday” Music Video ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် အကောင်းမြင် တုန့်ပြန်ချက်တွေ ရှိခဲ့ပေမယ့် ဝေဖန်သံတွေလည်း ဆူဆူညံညံ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီ Music Video မှာ ရုတ်တရက် ပါဝင်လာခဲ့တဲ့ အဆိုတော် Ed Sheeran နဲ့ အမေရိကန် မော်ဒယ် Kendall Jenner တို့ဟာ ချစ်သူဟောင်း Rihanna အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့လို့ အဖမ်းခံခဲ့ရဖူးတဲ့ Chris Brown နဲ့အတူ အခုလို Music Video တွဲလုပ်ခဲ့တဲ့အတွက် ဝေဖန် ရှုတ်ချခံနေရပါတယ်။

Twitter အသုံးပြုသူတဦးက “ကောင်မလေးရေ ကိုယ်ထိလက်ရောက် အကြမ်းဖက်သမားကို ကူညီမပေးစမ်းပါနဲ့” လို့ ရေးသားတုန့်ပြန်ခဲ့ပြီး အခြားသုံးစွဲသူတဦးကတော့ “ပြဿနာမလေး Kendall Jenner အဖြစ် ဘယ်လိုရောက်သွားလဲ ဆိုတာကတော့ Chris Brown ရဲ့ Music Video မှာ ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်” လို့ ရေးသားခဲ့ကြပါတယ်။

အခြား အသုံးပြုသူတဦးကတော့ “Kendall Jenner ဟာ အဲဒီထဲမှာ အမျိုးသမီးအင်္ဂါကို ပြောဆိုသွားတာကျတော့ လူတွေက ပြောဆိုဝေဖန်နေကြပြီး Chirs ရဲ့ သီချင်းထဲမှာ သရုပ်ဆောင်သွားတာကတော့ အဆင်ပြေတယ်လို့ ပြောနေတာကို နားမလည်နိုင်ဘူး” လို့ ရေးသားခဲ့ပါတယ်။

Ed Sheeran နဲ့ပတ်သက်ပြီးတော့လည်း စိတ်ပျက်မှုကို ပရိသတ်တချို့ကပြောဆိုခဲ့ကြပါတယ်။ “ကျနော်က အကြမ်းဖက်သမားကို ထောက်ခံရတာမုန်းလို့ Ed Sheeran က Chris Brown သီချင်းတပုဒ်မှာ ပါဝင်တာ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် ကျနော် Ed ကို ဆက်လက် အားပေးသွားမှာပါ” လို့ ပရိသတ်တဦးက ရေးသားခဲ့ပါတယ်။

တခြားပရိသတ်တဦးကတော့” Chris Brown နဲ့ အလုပ်လုပ်ခဲ့တဲ့ Ed Sheeran က စိတ်ပျက်ဖို့ ကောင်းပါတယ်” လို့ ဆိုပါတယ်။ Ed Sheeran နဲ့ Kendall Jenner ကတော့ အဲဒီလိုမျိုး ဝေဖန်ရှုတ်ချပြောဆိုမှုတွေကို တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ “Freaky Friday” Music Video ကို မတ်လ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Billboard နဲ့ အင်တာဗျူးတခုမှာ Lil က သီချင်းထဲမှာ Ed နဲ့ Kendall တို့ ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးခဲ့ပါတယ်။ သူက “Ed Sheeran က ကျနော့် သူငယ်ချင်း တယောက် ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗီဒီယိုကို သူ့ကို ပြကြည့်လိုက်ပါတယ်။ သူက ပျော်ဖို့ကောင်းတယ်လို့ ထင်ခဲ့ပါတယ်။ သူက ပါဝင်ချင်ခဲ့တာပါ။ အဆုံးအထိ Kendall ကို ကျနော် စောင့်ဆိုင်းခဲ့ရတာပါ၊ Kris Jenner ရဲ့ အိမ်မှာ ကျနော်တို့ရိုက်ခဲ့ပါတယ်။ ကျနော်လည်း သွားပြီးတော့ သူ့ကို ရိုက်ကူးပေးခဲ့ပါတယ်။ တော်တော်ပျော်ဖို့ကောင်းပြီး သူလည်း ပျော်နေခဲ့ပါတယ်” လို့ ပြောဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – “မင်္ဂလာပွဲမှာ သီချင်း သီဆိုဖျော်ဖြေမှာ မဟုတ်ဘူး”လို့ ဆိုတဲ့ အဆိုတော် Ed Sheeran

Vanity Fair အော်စကာပါတီ မသွားခင် ဆေးရုံရောက်သွားခဲ့တဲ့ မော်ဒယ် Kendall Jenner 

Ref : aceshowbiz

The post Chris Brown ရဲ့ Music Video မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ed Sheeran နဲ့ Kendall Jenner တို့ ဝေဖန်ခံနေရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ