Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သဲကန္တာရ ဖြစ်ထွန်းလာမှုကို တိုက်ဖျက်ရန် မင်းသား Park Hae Jin တရုတ်နိုင်ငံတွင် သစ်ပင်စိုက်မည်

$
0
0

ကိုရီးယားမင်းသား Park Hae Jin ဟာ သဲကန္တာရ ဖြစ်ထွန်းလာမှုကို လျှော့ချဖို့ ကမ်ပိန်းတခုအနေနဲ့ ပရိသတ်တွေနဲ့အတူ တရုတ်နိုင်ငံမှာ သစ်ပင်စိုက်မယ်လို့ သူ့ရဲ့ အနုပညာအေဂျင်စီက မတ်လ ၁၄ ရက်နေ့မှာ ပြောပါတယ်။

“မင်းသား Park ဟာ ပြီးခဲ့တဲ့နှစ်မှာ ပြသခဲ့တဲ့ JTBC ရုပ်သံဇာတ်လမ်းတွဲ “Man X Man” အတွက် ပွဲတခုအတွင်းမှာ ပရိသတ်တွေနဲ့အတူ သစ်ပင်စိုက်မယ်ဆိုတဲ့ ကတိစကားကို ဖြည့်ဆည်းပေးဖို့ လာမယ့် ဧပြီလမှာ တရုတ်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်” လို့ Mountain Movement အေဂျင်စီမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

သစ်ပင်စိုက် ကမ်ပိန်းကို ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့တာဖြစ်ပြီး မင်းသား Park ရဲ့ တရုတ်ပရိသတ်တွေက နိုင်ငံအနောင်ပိုင်းမှာ သဲကန္တာရ ဖြစ်ထွန်းလာမှုကို တိုက်ဖျက်ရာမှ အကူအညီဖြစ်စေဖို့ သစ်ပင် ၅၂၀ ကို လှူဒါန်းခဲ့ပါတယ်။ အဲဒါကို တုန့်ပြန်တဲ့ အနေနဲ့ မင်းသား Park ဟာလည်း အဲဒီလှူဒါန်းမှုမှာ သစ်ပင် ၆ ထောင်ကို ထပ်ဆောင်း ပေါင်းထည့်ပေးခဲ့ပါတယ်။

“Cheese in the Trap” နဲ့ “My Love from the Star” ဇာတ်လမ်းတွဲ စတား မင်းသား Park ဟာ အဲဒီရုပ်သံ အစီအစဉ် တွေအနေနဲ့ လူကြည့်နှုန်း ၁၀ ရာခိုင်နှုန်း ရရှိမယ်ဆိုရင် သစ်ပင်အတူတူ လှူဒါန်းမယ်လို့ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောကြားခဲ့တဲ့ ကတိစကားကို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။

“ကျနော့်ပရိသတ်တွေက သစ်ပင်စိုက်ပျိုးတဲ့ ကမ်ပိန်း တခုကို စတင်ခဲ့ပြီဆိုတဲ့ သတင်းကို ကြားရပြီးနောက် ကျနော်လည်း အဲဒီကမ်ပိန်းမှာ စိတ်အားထက်သန်စွာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကမ်ပိန်းမျိုးမှာ ပါဝင်ဖို့ မျှော်လင့်ပြီး လေထု ညစ်ညမ်းမှုဟာ အရေးကြီးတဲ့ ကိစ္စရပ် တခုအနေနဲ့ ထွက်ပေါ်လာတဲ့အချိန် ပတ်ဝန်းကျင်ရေးရာ ပြဿနာကို ဖြေရှင်း ကိုယ်တွယ်တဲ့ နေရာမှာ ကူညီမှာဖြစ်ပါတယ်” လို့ မင်းသား Park က အေဂျင်စီကနေ တဆင့် ပြောပါတယ်။

မင်းသား Park Hae Jin ဟာ ၂၀၁၁ ခုနှစ်မှာ နိုင်ငံတဝန်းနာမည်ကျော်ကြားခဲ့တဲ့ “Qian Duo Duo Get Married” တရုတ် ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ နောက်ထပ် ဒရမ်မာ ၃ ခုမှာ ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံက ထိပ်တန်း သရုပ်ဆောင်ဆု တခုကိုလည်း ရရှိခဲ့ပါတယ်။

Ref ; yonhap

The post သဲကန္တာရ ဖြစ်ထွန်းလာမှုကို တိုက်ဖျက်ရန် မင်းသား Park Hae Jin တရုတ်နိုင်ငံတွင် သစ်ပင်စိုက်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)