Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အချိန် ၉ နှစ်ကျော်ကြာ စောင့်ခဲ့ရတယ်” ဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

$
0
0

မျက်နှာသစ် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဆုံးရိုက်ကူးတဲ့ လက်ရာ ရုပ်ရှင်ဇာတ်ကားကြီး “မုဒြာရဲ့ခေါ်သံ” ကို ပရိသတ်များ မြင်တွေ့နိုင်ရန် အခက်အခဲပေါင်းများစွာဖြင့် အချိန် ၉ နှစ်ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“ရုပ်ရှင်ကား တကား မကောင်းဘူးဆိုလို့ရှိရင် အဓိက ပြဿနာကို ရင်ဆိုင်ရမယ့်သူက ကျမတို့ ဒါရိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ရိုက်ခဲ့ရ ရိုက်ခဲ့ရ ပရိသတ်က မသိပါဘူး။ ဒါကြောင့်မို့လို့ ကျမက ရုပ်ရှင် တကားကို မှန်ကန်တဲ့ နည်းလမ်းကြောင်းရောက်အောင် ရိုက်ချင်တဲ့အတွက် ကျမ အလုပ်ကို ၅ နှစ် စောင့်ခဲ့ ရပါတယ်။ အခု ရုံတင်ဖို့ကို ၄ နှစ်ကျော် စောင့်ရတော့ ကျမ ၉ နှစ်ကျော် စောင့်ခဲ့ရပါတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

“မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခရစ္စတီးနားခီက ၂၀၁၃ ခုနှစ်မှာ ဇာတ်ညွှန်း စတင် ရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်းမှာလည်း ငွေရေးကြေးရေး လုံလောက်မှု မရှိတဲ့အတွက် ရိုက်ကူးရေးကို ၃ လခန့် ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

“ဒီရုပ်ရှင်လေး ရိုက်ကူးတဲ့အချိန်မှာ ၃ လ တိတိ ရပ်ခဲ့ရပါတယ်။ ဘတ်ဂျက်က အရမ်းနည်းတဲ့အတွက် ရပ်ခဲ့ ရပါတယ်။ အဲဒီအချိန်မှာ “မုဒြာရဲ့ခေါ်သံ” Promo ထွက်ခဲ့ပါတယ်။ အဲဒီလို ထွက်လိုက်တဲ့ အချိန်မှာလည်း ပရိသတ်က အရမ်းကို အားပေးခဲ့ပါတယ်။ အဲဒါကြောင့်မလို့လည်း ကျန်တဲ့ ဘတ်ဂျက်ကို ဆက်ရှာနိုင်ပြီး တော့ ဆက်ရိုက်နိုင်ခဲ့တာပါ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

ရိုက်ကူးမှု ပြီးစီးသွားချိန်မှာလည်း မြန်မာနိုင်ငံအတွင်း ရုံတင်ပြသနိုင်ရန်အတွက် အချိန် ၄ နှစ်ကျော် ကြန့်ကြာနေခဲ့ပြီး အဆိုပါ အချိန်အတွင်းမှာလည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များမှာ သွားရောက်ပြသခဲ့ပြီး ဆု ၂ ဆုကို ရရှိခဲ့ပါတယ်။

“မုဒြာရဲ့ခေါ်သံကို ကျမတို့ရုံရက် စောင့်ခဲ့တာ ၃ နှစ်ကျော် ကာလမှာပဲ ကျမတို့ ဘာလုပ်ရမလဲ မသိတာနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ သွားပြိုင်ခဲ့ပါတယ်။ ဆု ၂ ဆု ရရှိခဲ့ပါတယ်။ ရုပ်ရှင်ပွဲတော် ၉ ခုနဲ့ ဆု ၂ဆုကို ရရှိခဲ့ ပါတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီဟာ မြန်မာ့ရုပ်ရှင်လောကကို ပုံစံတမျိုးနဲ့ ဖောက်ထွက်လာနိုင်ခဲ့ပြီး “မုဒြာရဲ့ခေါ်သံ” မတိုင်ခင် လက်ရှိအချိန်ထိ ရုံတင် ပြသနေဆဲဖြစ်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့သူပါ။

အဆိုပါ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်းဖြစ်သူ မျက်နှာသစ် သရုပ်ဆောင် မင်းသား ဇဏ်ခီ၊ မျက်နှာသစ် သရုပ်ဆောင် မင်းသမီး လှယဉ်ကျေးတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး မတ်လ ၁၆ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးက JCGV ရုပ်ရှင်ရုံများမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မြန်မာ့ဓလေ့၊ ယဉ်ကျေးမှု သဘာဝအလှတွေကို အသားပေး ရိုက်ကူးထားတဲ့ “မုဒြာရဲ့ခေါ်သံ”

The post “အချိန် ၉ နှစ်ကျော်ကြာ စောင့်ခဲ့ရတယ်” ဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)


ကူဖော်လောင်ဖက်(လူမင်း၊ဇင်ဝိုင်း၊အိချောပို၊မြင့်မြင့်ခိုင်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


လုလုအောင် HD အသစ်


Burmese to English Dictionary (Unicode)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်