Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“We Can’t Stop”သီချင်းမှာ မူပိုင်ခွင့် ချိုးဖောက်ခဲ့မှုနဲ့ အဆိုတော် Miley Cyrus တရားစွဲခံရ

$
0
0

အဆိုတော် Miley Cyrus ဟာ သူ့ရဲ့ Single သီချင်းဖြစ်တဲ့ “We Can’t Stop” သီချင်းမှာ မူပိုင်ခွင့် ချိုးဖောက်ထားတာ ဖြစ်တဲ့အကြောင်း Flourgon လို့ အနုပညာနာမည်ရှိတဲ့ ဂျမေကာ သီချင်းရေးဆရာ တဦးဖြစ်သူ Michael May ရဲ့ တရားစွဲဆိုခြင်းကို ခံလိုက်ရပါတယ်။

ဒါ့အပြင် တရားစွဲဆိုသူဟာ “We Can’t Stop” သီချင်းစာသားထဲမှာ ပါဝင်တဲ့ “We run things, things don’t run we” ဆိုတဲ့ စာသားတွေကို ကိုးကားထားတဲ့အပြင် ဆင်တူတဲ့ အချိတ်အဆက်တွေနဲ့ ဖန်တီးထားတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

သီချင်းရေးဆရာ May ကအဆိုတော် Miley ဟာ သူ့ရဲ့ ကိုယ့်ဘဝကိုယ် ရှာဖွေတွေ့ရှိမှုနဲ့ ကိုယ့်ကိုကိုယ် စီမံကွပ်ကဲမှုတို့ကို ကျယ်ပြန့်ပြီးလွှမ်းမိုးနိုင်တဲ့ ခေါင်းစဉ်တခု တည်ဆောက်နိုင်ဖို့ ပြောင်မြောက်ပြီး ဖန်တီးတဲ့စာသား စာပိုဒ် ပုံဖော်မှုကို ခိုးယူခဲ့တယ်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ထုတ်လုပ်သူတွေဖြစ်တဲ့ Mike WiLL Made It နဲ့ Rock City ၊ Miley ရဲ့ မန်နေဂျာ Larry Rudolph နဲ့ အသံသွင်း ကုမ္ပဏီတွေ ဖြစ်တဲ့ RCA Records နဲ့ Sony Music တို့ဟာလည်း အမှုတွဲထဲမှာ နာမည်ဖော်ပြ ခံထားရပါတယ်။ စွဲဆိုသူ May ကတော့ ဂျူရီတွေနဲ့ အမှုတည်ဆောက်နေပြီး ရှေ့နေအကျိုးဆောင်ခ၊ ထိခိုက်နစ်နာကြေး၊ သီချင်းသီဆိုဖျော်ဖြေမှုနဲ့ ရောင်းချမှုတို့ကို ရပ်ဆိုင်းထားဖို့ တရားရုံးအမိန့်ကိုလည်း တောင်းဆိုထားပါတယ်။

Miley အတွက် ကိုယ်စားလှယ်တွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုန့်ပြန်ပြောကြားတာတော့ မရှိသေး ပါဘူး။ “We Can’t Stop” သီချင်းကို RCA Records ကနေ ၂၀၁၃ ခုနှစ်၊ ဇွန် ၃ ရက်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Miley ရဲ့ စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ် “Bangerz” မှာပါဝင်ခဲ့တဲ့ Single သီချင်း တပုဒ် ဖြစ်ပြီး Billboard 200 စာရင်းမှာ ထိပ်ပိုင်းရောက်ရှိခဲ့ပါတယ်။

အဲဒီသီချင်းဟာ ဂီတဝေဖန်သူတွေရဲ့ အကောင်းအဆိုး သုံးသပ်ဝေဖန်မှုတွေကို ရောနှော ရရှိခဲ့ပေမယ့်လည်း Billboard Hot 100 စာရင်းမှာ နံပါတ် ၂ နေရာအထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီသီချင်းအတွက် ဂီတဗီဒီယိုကို အဲဒီနှစ် ဇွန်လ ၁၉ ရက်နေ့ မှာ ဖြန့်ချိခဲ့ပါတယ်။ ဒါရိုက်တာကတော့ Diane Martel ဖြစ်ပါတယ်။

အဲဒီသီချင်းဟာ Choice Summer Song ဆုကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက် Teen Choice Awards ဆုပေးပွဲမှာ Choice Single ကဏ္ဍအတွက် အမျိုးသမီး အနုပညာရှင်အဖြစ် ဆန်ခါတင် သတ်မှတ်ခံခဲ့ရပါတယ်။ Billboard ရဲ့ ဝေဖန်သူတွေ ကတော့ အဲဒီသီချင်းကို “၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး သီချင်း” အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Ref ; aceshowbiz

The post “We Can’t Stop” သီချင်းမှာ မူပိုင်ခွင့် ချိုးဖောက်ခဲ့မှုနဲ့ အဆိုတော် Miley Cyrus တရားစွဲခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ