Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Spice Girls အဖွဲ့ ပြန်လည် ပေါင်းစည်းမှုမှာ Victoria Beckham ပါဝင်မည် မဟုတ်

$
0
0

“2 Become 1” အဆိုရှင်တွေ ဖြစ်ကြတဲ့ နာမည်ကျော် Spice Girls အဖွဲ့ဟာ အစီအစဉ် အတိအကျ မသိရသေးပေမယ့် အလုပ်အတူ ပြန်တွဲလုပ်ကြတော့မယ်လို့ အတည်ပြုခဲ့ပြီးတဲ့နောက် ဒီနှစ်ထဲမှာ ပြန်လည်ပေါင်းစည်းပြီး ဖျော်ဖြေပွဲတချို့ ပြုလုပ်မယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်ထဲမှာ အဖွဲ့ဝင်တယောက် ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ်၊ ဖက်ရှင်ဒီဇိုင်နာ Victoria Beckham (ဗစ်တိုးရီးယား ဘက်ခမ်း) က ပြန်လည် ပေါင်းစည်းလိုစိတ် မရှိဘဲ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။ အဖွဲ့ဝင်တဦးဖြစ်သူ Mel C က ” Victoria က နှုတ်ဆိတ်နေပါတယ်။ သူဒီတခါတော့ မလုပ်ချင်တဲ့ပုံပါပဲ” လို့ The Sun သတင်းစာကို ပြောပါတယ်။

အသက် ၄၄ နှစ်အရွယ်၊ အဆိုတော် Mel C ကသူနဲ့အတူ Mel B, Emma Bunton နဲ့ Geri Horner တို့ ၄ ဦးသာ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်နိုင်မယ့် အကြောင်းကို ပြောပါတယ်။ အဆိုတော် Mel C က “၅ ယောက်ဖြစ်ရမယ်လို့ ကျမ ထင်နေတာပါ။ ဒါကြောင့် အခက်အခဲ ဖြစ်ရပါတယ်။ ဒါဟာ အစောပိုင်း ဖျော်ဖြေမှုတွေပဲ ရှိပါသေးတယ်။ ကျမတို့ သီချင်းအသစ်တွေ အကြောင်း၊ အတူတူ နယ်လှည့်ဖျော်ဖြေဖို့ အကြောင်းတွေနဲ့ ပတ်သက်လို့ ပြောနေတာလည်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။

တကယ်လို့များ သူတို့အဖွဲ့ ပြန်လည် ဖွဲ့စည်းနိုင်ရင်တောင် သူ့အနေနဲ့ ဒီနှစ်အတွင်းမှာ ဖျော်ဖြေပွဲ လုပ်နိုင်လိမ့်မယ်လို့ မထင်မိကြောင်း Mel C က ပြောပါတယ်။ London Pride ပွဲမှာ Spice Girls အဖွဲ့အနေနဲ့ ဖျော်ဖြေမယ်လို့ ကောလာဟလတွေ ထွက်ထားပေမယ့် အဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ နေရာတခု ရှိပေမယ့် ဒီနှစ်တော့ အဖွဲ့ဝင် Victoria ကို စင်ပေါ်မှာ မြင်တွေ့ရမှာမဟုတ်ကြောင်း ပြောဆိုထားပြန်ပါတယ်။

ဒီသတင်းက Victoria အနေနဲ့ အဖွဲ့ထဲမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အဖွဲ့မန်နေဂျာ Simon Fuller အရိပ်အမြွက် ပြောခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Victoria က နယ်လှည့်ဖျော်ဖြေပွဲကနေ နုတ်ထွက်သွားပြီလားဆိုတဲ့ မေးခွန်းကိုသူက “၅ ယောက် မဟုတ်ဘဲ ၄ ယောက် ဖြစ်နိုင်ပါတယ်” လို့ ဖြေကြားထားပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ သူတို့အဖွဲ့ဟာ ဖျော်ဖြေပွဲတွေကို အကန့်အသတ် အရေအတွက် တခုနဲ့ ဖျော်ဖြေမှာ ဖြစ်ပေမယ့် ဈေးကွက်ပုံစံ အသစ်တမျိုးနဲ့ ငွေကြေးပမာဏ တော်တော်များများကို ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ Victoria ကလည်း အဖွဲ့နဲ့အတူ ပါဝင်လာမှာ မဟုတ်ဘူးလို့ မကြာသေးမီက ပြောဆိုထားပါတယ်။

“ကျမ နယ်လှည့်ဖျော်ဖြေပွဲ လုပ်မှာ မဟုတ်ပါဘူး။ သူတို့တွေကလည်း နယ်လှည့်ဖျော်ဖြေပွဲ လုပ်မှာ မဟုတ်ပါဘူး၊ သူတို့တွေနဲ့ တွေ့ရတာတော့ ပျော်ဖို့ကောင်းပါတယ်။Spice Girls အဖွဲ့ ဘာအတွက် ရပ်တည်နေတယ်ဆိုတာ ခိုင်မာတဲ့ သတင်း စကားကိုတော့ ပါးနိုင်ခဲ့ပါတယ်။ အနာဂတ်က ဘာလဲ၊ ဘာနဲ့တူလဲ ဆိုတာ ကျမတို့ စဉ်းစားခဲ့ကြပါတယ်။ ဆွေးနွေး ခဲ့ကြတယ်။ ဒါပေမယ့် ဖက်ရှင်ကိုပဲ ကျမလုပ်မှာပါ” လို့ Victoria ပြောပါတယ်။

ဆက်စပ်သတင်းလင့်ခ် – နာမည်ကျော် “Spice Girls” အဖွဲ့ ပြန်လည် ဖွဲ့စည်းဖို့ အသင့်ဖြစ်နေပြီလား

Ref ; Contactmusic

The post Spice Girls အဖွဲ့ ပြန်လည် ပေါင်းစည်းမှုမှာ Victoria Beckham ပါဝင်မည် မဟုတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ