Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မနက်ဖြန်နှင့် မနေ့က တွေ့ဆုံမှု (သို့မဟုတ်) “My Tomorrow, Your Yesterday”

$
0
0

“My Tomorrow, Your Yesterday” ဂျပန်ဇာတ်လမ်းကို ဒါရိုက်တာ တာကာဟီရို မီကီ (Takhiro Miki) က ပုံဖော် ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထု အမည်ကိုပဲ ပြန်သုံးထားပါတယ်။

သရုပ်ဆောင်တွေကတော့ မင်းသား ဆိုတာ ဖူကူရှီ (Sota Fukushi) နဲ့ မင်းသမီး နာနာ ခိုမတ်ဆု (Nana Komatsu) တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားက ၂၀၁၆ ခုနှစ်တည်းက ထွက်ထားတာ ဆိုပေမယ့် ဇာတ်လမ်း တင်ဆက်ပုံ ထူးခြားတဲ့အပြင် သာမန် အချစ်ဇာတ်လမ်းတွေလို မဟုတ်ဘဲ တမူ ကွဲထွက်နေတဲ့ ဇာတ်ကားဖြစ်လို့ အကြိုက်တွေ့ကြမယ် ထင်ပါတယ်။

ဇာတ်လမ်းကတော့ အသက် ၂၀ အရွယ်၊ တက္ကသိုလ်ကျောင်းသား တာကာတိုရှီ (ဆိုတာ ဖူကူရှီ) ဟာ ကျောင်းကိုအသွား ရထားပေါ်မှာ မိန်းကလေး အိမီ (နာနာ ခိုမတ်ဆု) ကို မြင်မြင်ချင်းမှာ ချစ်မိသွားခဲ့ရာကနေ ဇာတ်လမ်း စတင် အသက်ဝင် လာခဲ့ပါတယ်။

တယောက်နဲ့တယောက် အပြန်အလှန် မိတ်ဆက်ဖြစ်ခဲ့ကြပြီး နောက်ရက်တွေမှာလည်း ထပ်တွေ့ကြဖို့ ကတိပေးခဲ့ ကြပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ တာကာတိုရှီဟာ အိမီကို ချိန်းတွေ့ရင်း သူ့အချစ်တွေကို ဖွင့်ဟခဲ့ပါတယ်။

ချစ်သူတွေဖြစ်သွားပြီး နောက်ပိုင်း တာကာရှီ တယောက် အိမီရဲ့ ရှေ့ဖြစ်လာမယ့် အကြောင်းအရာတွေကို ကြိုသိနေပုံတွေ စတင် ရိပ်မိလာပါတော့တယ်။ သူ့ဘက်က ဂရုစိုက်ကြင်နာတဲ့ အချိန်တိုင်း အိမီတယောက် ငိုနေတတ်သလို အိမ်ကိုလည်း ည ၁၂ နာရီ အမှီ မဖြစ်မနေ ပြန်ရတာမျိုးတွေ၊ မနက်ဖြန် ဖြစ်လာမယ့် အကြောင်းကို ကြိုသိနေတာမျိုးတွေ သတိထားမိ လာပါတယ်။

တာကာရှီမှာလည်း ၅ နှစ်သားအရွယ်တုန်းက ရေနစ်မလို ဖြစ်ခဲ့ချိန်မှာ သူစိမ်းအမျိုးသမီး တယောက်က ကယ်ခဲ့လို့ အသက်ရှင်ခဲ့တဲ့ ဖြစ်ရပ်မျိုး ကြုံတွေ့ ခဲ့ရဖူးပါတယ်။ ကယ်လိုက်တဲ့ အမျိုးသမီးက သစ်သားဘူးလေး တခုပေးပြီး အချိန်တန်တဲ့အခါ ဒီဘူးလေးကို ဖွင့်ကြည့်ဖို့လည်း မှာခဲ့ပါတယ်။

တစ်နေ့ အိမီ အမြဲသယ်နေကျ မှတ်စုစာအုပ်လေး တာကာရှီအိမ်မှာ ကျန်ခဲ့ချိန်မှာတော့ သူတို့နှစ်ယောက်ကြားက ထူးခြားမှုတွေကို တာကာရှီ တယောက် စတင် တွေ့ရှိ သွားပါတော့တယ်။ ဒီစာအုပ်လေးထဲမှာ တာကာရှီ မဖြတ်သန်း ရသေးတဲ့ နေ့တွေအကြောင်းကို အိမီက အတိအကျ ရေးမှတ်ထားလို့ပါပဲ။

မှတ်စုစာအုပ်ကို ဖတ်မိလိုက်တဲ့ တာကာရှီကို အိမီက အကြောင်းစုံရှင်းပြဖို့ ဖြစ်လာခဲ့ပါတယ်။ ရေနစ်တုန်းက ကယ်လိုက်တဲ့ အမျိုးသမီးပေးတဲ့ ဘူးလေးကို ဖွင့်လိုက်တဲ့အခါ တာကာရှီ မိသားစုနဲ့ အိမီ တွဲရိုက်ထားတဲ့ ပုံလေး ထွက်လာပါတယ်။ အိမီရဲ့ မှတ်စုစာအုပ် ထဲမှာလည်း သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမယ့်ရက်က ရက် ၃၀ စာ အတွက်ပဲ ရေးထားလို့ ရှေ့ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒီဇာတ်ကားက IMDB Rating (7.6) ရရှိထားပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာမှာ ထွက်ရှိခဲ့တာပါ။ ထင်မထားတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ပုံဖော်ထားတဲ့ ဇာတ်သိမ်းပိုင်းကို စာဖတ်သူတွေ ကိုယ်တိုင် အဖြေရှာ ကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

The post မနက်ဖြန်နှင့် မနေ့က တွေ့ဆုံမှု (သို့မဟုတ်) “My Tomorrow, Your Yesterday” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ