Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရိသတ်များ စောင့်ဆိုင်းနေကြသည့် “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင် မကြာမီ ရုံတင်တော့မည်

$
0
0

နိုင်ငံတကာမှာ ဆုများစွာရရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ရုံတင်မှု ကြန့်ကြာ နှောင့်နှေးနေတဲ့ “မုဒြာရဲ့ ခေါ်သံ” (Mudras Calling) ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၆ ရက်နေ့တွင် ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

“မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ကားဟာ လတ်တလောမှာ ပရိသတ်များရဲ့ အားပေးထောက်ခံမှု၊ ချီးကျူးမှုများနဲ့ ပြည့်နှက်နေတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တဲ့ မျက်နှာသစ် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဆုံးလက်ရာ ဖြစ်ပါတယ်။

“မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကို ၂၀၁၄ ခုနှစ်မှာ မြန်မာလူမျိုးများပေါင်းပြီး ငွေကြေးအင်အား အနည်းငယ်ဖြင့် ကြိုးစားရိုက်ကူးခဲ့ပြီး အခက်အခဲများစွာလည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“မုဒြာရဲ့ ခေါ်သံ (Mudras Calling) ရုပ်ရှင်ကို ၂၀၁၄ ခုနှစ်၊ မတ်လမှာ မြန်မာလူမျိုးတွေ အားလုံးပေါင်းပြီး ကြိုးစားရိုက်ကူးခဲ့တာပါ။ ငွေကြေးနည်းနည်းနဲ့ အားလုံး ဝိုင်းကူညီပြီး ရိုက်ခဲ့တာပါ။ ကင်မရာကလည်း ဒေါ်လာ ၂၀၀တန် Black Magic နဲ့ ရိုက်ကူးခဲ့သလို တချို့နေ့တွေမှာ တထောင်တန် Pocket ကင်မရာနဲ့ ရိုက်ကူးခဲ့ပါတယ်”

“အင်းလေးတောက်လျှောက်မှာ Professional မီးပစ္စည်းတွေ မပါလာခဲ့ပါဘူး။ နေရာ တော်တော်များများမှာ မီးထိုးဖို့ ပစ္စည်းဖိုး မတတ်နိုင်ခဲ့ပါဘူး။ Location ခ မတတ်နိုင်လို့ ပိုင်ရှင်တွေကို အကူအညီ တောင်းခဲ့ ရပါတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဇာတ်ကား ရိုက်ကူးခဲ့စဉ် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများကို ပြောပြထားပါတယ်။

ဒီဇာတ်ကားမှာတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ် အားပေးမှု တခဲနက် ရရှိထားတဲ့ မင်းသား ဇဏ်ခီနဲ့ မျက်နှာသစ် သရုပ်ဆောင်များဖြစ်ကြတဲ့ လှယဉ်ကျေး၊ မာရီကိုးလ် ၊ နန်းဝေဝေထွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

“မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ကားကို မတ်လ ၁၆ ရက်နေ့မှစတင်ကာ မြန်မာတနိုင်လုံးရှိ JCGV ရုပ်ရှင်ရုံများမှာ ပြသ သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအလှအပများ ၊ ဒေသရှုခင်းများ၊ ဓလေ့ထုံးစံများကို ထည့်သွင်းပုံဖော်ထားတဲ့ “မုဒြာရဲ့ ခေါ်သံ” (Mudras Calling) ရုပ်ရှင်ဇာတ်ကားကြီးဟာ နိုင်ငံပေါင်း ၇ နိုင်ငံမှာ ဆုတံဆိပ်များစွာ ရရှိထားပြီး မြန်မာနိုင်ငံမှာ ၄ နှစ်ကြာ မပြသနိုင်ခဲ့ဘဲ အချိန်ကြန့်ကြာနေတဲ့ ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။

The post ပရိသတ်များ စောင့်ဆိုင်းနေကြသည့် “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင် မကြာမီ ရုံတင်တော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ