Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သင်ယူစရာများနဲ့ ပြည့်နှက်နေတဲ့ Coco Animation Movie (2017)

$
0
0

Walt Disney နဲ့Pixar တို့ရဲ့နောက်ဆုံးထွက် Animation ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Coco ဇာတ်လမ်းကို ကြည့်ရင်းနဲ့ ရရှိနိုင်မယ့် အနှစ်သာရနဲ့ ပေးချင်တဲ့ သင်ခန်းစာက တော်တော်ကို သဘောကျစရာ ကောင်းပါတယ်။

IMDB rating (8.6) ရရှိထားပြီး Emotional Story တပုဒ်လို့လည်း ပြောလို့ရပါတယ်။ Animation ပိုင်းကို လှလှပပနဲ့ အရောင်စုံစုံလင်လင် ရိုက်ပြထားပြီး Sound Track အပိုင်းမှာတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Miguel နေရာကို အသံ သရုပ်ဆောင်ထားတဲ့ Anthony Gonzalez ဆိုတဲ့ ကောင်လေးကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။

ဇာတ်လမ်းကတော့ ဒီလိုပါ။ Mexican ရွာတရွာမှာ ဖိနပ်လုပ်ငန်း လုပ်ကိုင်နေတဲ့ မိသားစုရဲ့ မိသားစုဝင် တယောက်ဖြစ်တဲ့ ၁၂ နှစ်အရွယ် ကောင်လေး Miguel ဟာ ဂီတကို ရူးသွပ်ပြီး ဂီတသမားတယောက် ဖြစ်ချင်သူပါ။

သူ့ရဲ့မိသားစုတွေကတော့ ဂီတနဲ့ ပတ်သက်လာရင် အိမ်မှာ လေချွန်သံတောင် မကြားချင်တဲ့သူတွေပါ။ Miguel ရဲ့ မိသားစုတွေဟာ ဂီတကို ဘာလို့စိတ်နာနေလဲဆိုတဲ့ အကြောင်းကလည်း ရှိနေပါသေးတယ်။ တခါတရံမှာ ကိုယ်လုပ်ချင်တဲ့ ကိုယ့်ရဲ့ဝါသနာနဲ့ မိသားစုရဲ့ တားမြစ်မှုတွေကြား ကတောက်ကဆ ဖြစ်တတ်တာတွေ ရှိပါတယ်။ ဒီအခါမှာ ဘယ်လိုမျိုး အကျိုးသင့် အကြောင်းသင့် လုပ်သင့်တယ်ဆိုတာကိုပါ Coco က သင်ပြပေးထားပါတယ်။

Coco ဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ရဲ့အကောင်းဆုံး Animation ဇာတ်ကား စာရင်းဝင် ဇာတ်ကားတကား ဖြစ်ပြီး “Golden Globe Awards” မှာလည်း Best Original Song အတွက် Nominee ဝင်ထားပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးအထိ ကြည့်ချင်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တကောင်းမို့လို့ ညွှန်းဆိုလိုက်ပါတယ်။

The post သင်ယူစရာများနဲ့ ပြည့်နှက်နေတဲ့ Coco Animation Movie (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ