ယခုရက်ပိုင်းအတွင်း အဆိုတော် AR-T ရဲ့ Facebook မှာ တင်ထားတဲ့ “ဥပါယ်တံမျဉ် ရုပ်ရှင်ကားထဲမှ ထိုင်းမင်းသမီး Korravee (ကာရာဗွီ) တယောက် AR-T ရဲ့ “ညမွှေးပန်း”သီချင်းနဲ့အတူ သီဆိုပြီး ကနေတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တော်တော်များများ သဘောကျ နေကြပါတယ်။
အဆိုပါ ဗီဒီယိုဖိုင် တင်ဖြစ်တာနဲ့ ပတ်သက်ပြီး အဆိုတော် AR-T က “ကာရာဗွီနဲ့က လွန်ခဲ့တဲ့ ၃ နှစ်က သင်္ကြန်မှာ ဆုံဖူးတယ်။ အဲဒီသီချင်းကို သူ ရနေတယ်။ ညောင်ဦးဖီးကျွန်းမှာ သူ့အခန်းကို ပြန်လိုက်ပို့တဲ့ အခါမှာ အဲ့ဒီသီချင်းကို ဆိုနေတာကို ရိုက်လိုက်ပြီး တင်လိုက်တာကို ပရိသတ်တွေ အရမ်းသဘောကျတာ တွေ့ရတယ် ခင်ဗျ” လို့ ပြောပါတယ်။
Posted by Thi Ha Tun on Friday, February 16, 2018
Korravee ကနေတဲ့ ဗီဒီယိုဖိုင်ကို AR-T က ကော့သောင်းမှာရှိတဲ့ ညောင်ဦးဖီးကျွန်းမှာ ကာရာဗွီနဲ့အတူ Music Video ရိုက်ကူးရင်း ရိုက်ထားတာ ဖြစ်ပါတယ်။ AR-T က ညောင်ဦးဖီးကျွန်းမှာ ထိုင်းမင်းသမီး ကာရာဗွီ၊ Miss Myanmar World 2016 အလှမယ် Bella ၊ မော်ဒယ် ရိုလာတို့နဲ့အတူ သူ့ရဲ့ သီချင်း Music Video ၃ ပုဒ်ကို သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
“ကာရာဗွီနဲ့က ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေး ဆိုးဆိုးရွားရွားဖြစ်တဲ့ အခေါက်တုန်းက ဘတ်စ်ကားကြီးနဲ့ အလှူခံ ထွက်ကြတယ်။ အဲဒီတုန်းက ကာရာဗွီလည်း အားဖြည့်ခဲ့ပါတယ်။ အဲဒီမှာ ခင်သွားကြတယ်။ နောက်တခါကျတော့ ဘန်ကောက်သွားရင် သူကပဲ ဧည့်ခံတယ်။ သွားတဲ့နေရာတွေ ဆိုလည်း လိုက်ပို့ ပေးတယ်။ အဲဒီကနေ အရမ်းရင်းနှီးပြီးတော့ အခုချိန်ထိသူငယ်ချင်းကောင်း အဖြစ် ဆက်လက်ရှိနေတုန်းပါ” လို့ AR-T က ကာရာဗွီနဲ့ ခင်မင်မှုကို ပြောပြပါတယ်။
လတ်တလောမှာတော့ အဆိုတော် AR-T က သူ့ရဲ့ “ချစ်နေဖို့” ဆိုတဲ့ သီချင်းကို Valentine’s Day ဘတ်စ်ကားကြီးနဲ့ အတွက် အွန်လိုင်းမှာ Music Video ကို တင်ပေးခဲ့ပြီး ယခုအချိန်မှာ အဲဒီသီချင်းကို ကြည့်ရှုသူ ပရိသတ်ဦးရေ ၄ သိန်းကျော်သွားပြီလို့ သိရပါတယ်။
“Valentine’s Day အတွက် “ချစ်နေဖို့” ဆိုတဲ့ Music Video တခုကို အွန်လိုင်းမှာ တင်ထားတယ်။ ကြေငြာဖို့အတွက် Boast လုပ်စရာ မလိုပဲနဲ့ကို ကြည့်တဲ့သူ ၄ သိန်းကျော် ရှိသွားပြီ။ အဲဒါကတော့ ဝမ်းသာစရာပါပဲ” လို့ အဆိုတော် AR-T က ဆိုပါတယ်။
The post ထိုင်းမင်းသမီး Korravee ကနေတဲ့ ဗီဒီယိုဖိုင်အကြောင်း ပြောပြတဲ့ AR-T appeared first on ဧရာဝတီ.