Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သီချင်းအသစ် Music Video ရိုက်ကူးရန် LA ကို ထွက်ခွာသွားတဲ့ ကိုရီးယားအဆိုတော် WINNER အဖွဲ့

$
0
0

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားအဆိုတော် အဖွဲ့ WINNER အဖွဲ့ရဲ့ သီချင်းအသစ်တွေ နားထောင်ရဖို့ နီးလာပါပြီ။ ဖေဖော်ဝါရီလ ၁၉ ရက်ကနေ့ သတင်းတွေမှာ WINNER အဖွဲ့ဝင်တွေဟာ သီချင်းသစ်အတွက် Music Video (MV) ရိုက်ကူးဖို့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ကို ထွက်ခွာသွားတဲ့ပုံတွေ အသားပေး ဖော်ပြထားတာ တွေ့ရပါတယ်။

YG Entertainment ရဲ့ထုတ်ပြန်ချက်မှာလည်း WINNER အဖွဲ့ဝင်တွေ လော့စ်အိန်ဂျလိစ်ကို သီချင်းအသစ် MV ရိုက်ကူးဖို့ သွားတဲ့သတင်းက အမှန်ပါပဲလို့ ဆိုပါတယ်။ အဖွဲ့ဝင်အားလုံး သီချင်းအသစ်နဲ့အတူ ပရိသတ်ဆီ ပြန်လာဖို့ အားစိုက် ပြင်ဆင်နေတယ်လို့ သတင်းပေးထားပါတယ်။

အဲဒီ မတိုင်ခင်တုန်းကလည်း YG Entertainment ရဲ့ပိုင်ရှင် ယန်ဟွန်ဆော့ကလည်း သူ့ရဲ့ Instagram အကောင့်ကနေ WINNER အဖွဲ့ရဲ့ သီချင်းအသစ် MV project က အကောင်းဆုံးနဲ့ တန်ဖိုးအမြင့်ဆုံး Project တခု ဖြစ်လာမှာပါလို့ဆိုပြီး သီချင်းအသစ်တွေဟာ WINNER အဖွဲ့ အရင် ဖျော်ဖြေနေကျပုံစံမျိုးနဲ့ မတူ ကွဲထွက်နေတဲ့ပုံမျိုး အရွက်အမြွက် ပြသထားခဲ့ပါတယ်။

WINNER အဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ်လတုန်းက ထွက်ရှိခဲ့တဲ့ ဒုတိမြောက် သီချင်း Album “Our Twenty For” ထဲက “Really Really” , “Love Me Love Me” , “Island” သီချင်းတွေကို ပရိသတ်အကြိုက် တွေခဲ့ ကြပြီး “Really Really” သီချင်းကို အွန်လိုင်းကနေ ကြည့်ရှုသူ သန်း ၁၀၀ ကျော်ခဲ့လို့ WINNER အဖွဲ့ဟာ “၂၀၁၇ ခုနှစ်ရဲ့ အအောင်မြင်ဆုံး အမျိုးသားအဖွဲ့” အဖြစ် စံချိန်တင်နိုင်ခဲ့ကြပါတယ်။

ကိုရီးယားအဆိုတော် အဖွဲ့ “WINNER”

အခု အခွေအသစ်မှာလည်း အရင်နဲ့မတူ အသစ်သစ်တွေမြင်ရဖို့ WINNER ပရိသတ်တွေ မျှော်လင့်စောင့်ဆိုင်း နေကြ ပါတယ်။ WINNER အဖွဲ့ကို YG Entertainment ရဲ့ အအောင်မြင်ဆုံး ကမ္ဘာ့ကျော် BIGBANG အဖွဲ့ ဆက်ခံသူအဖြစ် မျှော်မှန်းထားခဲ့ကြသလို အောင်မြင်နေတဲ့ အဖွဲ့ပါ။ အဖွဲ့ စတင် ပွဲဦးထွက်ခဲ့စဉ် ၂၀၁၄ ခုနှစ်က အဖွဲ့ဝင် ၅ ဦး ရှိခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင်တဦး နှုတ်ထွက်သွားခဲ့ပြီး အဖွဲ့ဝင် ၄ ဦးနဲ့ ဆက်လက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

WINNER အဖွဲ့ဟာ မကြာသေးခင်ကလည်း ဂျပန်နိုင်ငံတဝှမ်း ဖျော်ဖြေရေး အစီအစဉ်တွေ စတင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဂျပန်နိုင်ငံ Chiba (ချီဘာ့) မြို့၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အိုဆာကာမြို့တို့မှာ ဖျော်ဖြေခဲ့ကြပြီး ဂျပန် ပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရခဲ့ကြပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၂၅ ရက် နေ့မှာ Kobe (ကိုဘေး) မြို့၊ မတ်လ ၁၀ ရက်နေ့မှာ Kawasaki (ကာဝါဆာကီ) မြို့တို့မှာပါ ထပ်မံ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

Ref; Soompi

The post သီချင်းအသစ် Music Video ရိုက်ကူးရန် LA ကို ထွက်ခွာသွားတဲ့ ကိုရီးယားအဆိုတော် WINNER အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles