ရှမ်းပြည်နယ်သား အဆိုတော် ချမ်းမြေ့ရဲ့ “ဒုက္ခ” လို့ အမည်ရတဲ့ တကိုယ်တော် သီချင်းခွေ Album မိတ်ဆက်ပွဲကို ယနေ့၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းပေါ်က Orchid ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

“ဒုက္ခ” သီချင်းခွေမှာ တေးရေးဆရာများအဖြစ် အယ်နောင်း၊ ကိုအောင်၊ အိုက်ပီး၊ အယ်ရန်း၊ အောင်ကိုမြင့်၊ စည်သူတို့ ပါဝင်ပြီး အဆိုတော် ချမ်းမြေ့နဲ့အတူ ချမ်းချမ်း ပါဝင်ကူညီ သီဆိုထားကာ သီချင်းအမျိုးအစားများအနေနဲ့ Pop, Rock နဲ့ Slow Rock သီချင်းပုံစံများ ပါဝင်တယ်လို့ သိရပါတယ်။ သီချင်းခွေမှာ စုစုပေါင်းသီချင်း ၁၃ ပုဒ် ပါဝင်ပါတယ်။
ကျွန်တော် နဲ့ မချမ်းချမ်း သီဆိုထားတဲ့ "ဘယ်တော့မှ" သီချင်းလေးပါ။ ပူးတွဲသီဆိုပေးခဲ့တဲ့ မချမ်းချမ်း နဲ့ နားဆင်ပေးကြတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ဒီလ (၁၇)ရက်နေ့ ကျွန်တော့်ရဲ့ ဒုက္ခသီချင်းခွေထွက်လာရင်လည်း အားပေးနားဆင်ပေးကြပါဦးခင်ဗျ။▶ ဘယ်တော့မှ တေးဆို – ချမ်းမြေ့ + ချမ်းချမ်းတေးရေး – ကိုအောင်Band – RunneR Music BandMixing – Ko Myint Zawဒါရိုက်တာ – ဘုဏ်းသိုက်တည်းဖြတ် – ဇော်ကြီး
Posted by Chan Myay Aung on Saturday, February 10, 2018
သီချင်းအခွေ နာမည်ကို “ဒုက္ခ” လို့ ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး အဆိုတော် ချမ်းမြေ့က “သီချင်းခေါင်းစဉ် နာမည်ကို ဒုက္ခလို့ ဘာကြောင့်ပေးဖြစ်လဲဆိုတော့ ကျနော့်ရဲ့ အနုပညာနာမည်ကလည်း ချမ်းမြေ့ ဆိုတော့ အဓိကပေးဖြစ်တာက ‘ချမ်းမြေ့ခြင်းရဲ့ ဆန့်ကျင့်ခြင်း ဒုက္ခ’ကို ပေးဖြစ်တာပါ။ ဒုက္ခဆိုတာလည်း သစ္စာတပါးထဲမှာ ပါဝင်တာမလို့ ကျနော်က မတူညီမှု နှစ်ခုကို ပေါင်းစည်းပြီး ပေးဖြစ်တာပါ။ ဒီအခွေမှာ ကျနော် အစွမ်းကုန် ကြိုးစားထားပါတယ်”လို့ ပြောပါတယ်။

“ဒီအခွေလုပ်နေတာ အချိန် ၅ နှစ်လောက် ကြာပါတယ်။ တေးရေးဆရာတွေဆီက သီချင်းဝယ်တာနဲ့ပေါ့။ တကယ်တမ်း ကျနော် သီချင်းခွေ လုပ်တာတော့ တနှစ်လောက်ပဲ ကြာပါတယ်။ ကျနော့် အခွေလေးကို သေချာလေး နားထောင်ပြီး ခံစားပေးကြည့်ပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျနော် သင်ယူနေဆဲ ကာလမို့လို့ သီချင်းခွေ နားထောင်ပြီးရင် Feedback ပေးပါ။ ဝေဖန်ပေးပါလို့ ပြောချင်ပါတယ်”လို့ အဆိုတော် ချမ်းမြေ့က ပြောပါတယ်။
ဒီနေ့ကျွန်တော့်ရဲ့ ခွေလေးထွက်ပါပြီ။နီးစပ်ရာဆိုင်တိုင်းမှာ ၀ယ်ယူလို့ရပါတယ်။ ဒုတိယမြောက် MTV လေးကိုလည်းတင်ပေးလိုက်ပါတယ်။ အားပေးပါကြပါဦးလို့ 😍😍😍▶ ဒုက္ခတေးဆို – ချမ်းမြေ့တေးရေး – အောင်ကိုမြင့်Band – RunneR Music BandMixing – Ko Myint Zawဒါရိုက်တာ / တည်းဖြတ် – သီဟကျော်သရုပ်ဆောင် – သော်မျိုးနောင်၊ ပြည့်ဝတီမောင်
Posted by Chan Myay Aung on Friday, February 16, 2018
အဆိုတော် ချမ်းမြေရဲ့ “ဒုက္ခ”တကိုယ်တော် သီချင်းခွေ Album ကို The Sun Music Production မှ ထုတ်လုပ်ပြီး ယနေ့၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံး ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။
The post မတူညီမှု နှစ်ခုကို နာမည် ပေါင်းစည်းပေးထားတဲ့ အဆိုတော် ချမ်းမြေ့ရဲ့ “ဒုက္ခ” သီချင်းခွေ appeared first on ဧရာဝတီ.